Home / ရေတာရှည်မြို့နယ် / ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား ကျင်းပပြုလုပ်

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား ကျင်းပပြုလုပ်

မေ ၁ (ပဲခူး)

==========================

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အထပ်သားစက်ရုံ၌ မေလ(၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သဘာပတိ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းသမဂ္ဂအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်ကြိုင်မှ အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဖတ်ကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ပြည်တွင်း/ပြည်ပ အလုပ်သမားရေးရာကော်မတီ ဦးလှဆန်း၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဦးညွန့်ဝင်းတို့မှ ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ၊ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်သူမှ ၂၀၁၇ ခုနှစ် အပြည်ပြည် ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားသည်။

ယင်းနောက် အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားပြီး ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးတို့မှ အလုပ်ရှင်နှင့် အလုပ်သမားများ တက်ရောက်ပြီး အလုပ်သမားထုစွမ်းအားဖြင့် ခေတ်သစ်မြန်မာ နိုင်ငံတော်ကို တည်ဆောက်မည်ဟူသော ဆောင်ပုဒ်နဲ့အညီ အလုပ်သမားအခွင့်အရေးများ ဖြစ်သည့့့််် အမြင့်ဆုံး လုပ်ခလစာအပြင်၊ ကျွမ်းကျင်ကြေး၊ လုပ်သက်ကြေးနှင့် အခြားပံပိုးရမည့် အရာများ ပံပိုးမှုရရှိစေရန်၊ လူ့ဂုဏ်သိက္ခာအား အာမခံချက်ရှိမည့် အလုပ်အကိုင်၊ စွမ်းရည်၊လေ့ကျင့်သင်ကြားမှုများ အမြင့်ဆုံးပြုလုပ်ပေးခြင်းဖြင့် အလုပ်လက်မဲ့ဖြစ်မှု အလုပ်အကိုင်ရှားပါးမှုတို့ကို ဖြေရှင်းပေးရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။