Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်တွင် ပဲခူးတြိုင်းဒေသကြီးမှ (၃၀.၇၀)ရာခိုင်နှုန်းအောင်မြင်၊ (၆)ဘာသာဂုဏ်ထူးရှင်(၅)ဦးပေါ်ထွက်

၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်တွင် ပဲခူးတြိုင်းဒေသကြီးမှ (၃၀.၇၀)ရာခိုင်နှုန်းအောင်မြင်၊ (၆)ဘာသာဂုဏ်ထူးရှင်(၅)ဦးပေါ်ထွက်

ဇွန် ၂ (ပဲခူး)
==================================

၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းအား ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ပြီး မြန်မာနိုင်ငံအတွင်းရှိ နေရာအသီးသီးတွင် ထုတ်ပြန်ပေးထားရာ ပဲခူးတိုင်းဒေသကြီးမှ အောင်ချက်ရာခိုင်နှုန်း (၃၀.၇၀)ရာခိုင်နှုန်းအောင်မြင်ပြီး (၆)ဘာသာဂုဏ်ထူးရှင်(၅)ဦး ပေါ်ထွက်လာကြောင်းသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား/သူ(၆၉၃၉၃)ဦး ဝင်ရောက်ဖြေဆိုရာ (၂၁၃၀၄)ဦးအောင်မြင်ကြသည်။
အဆိုပါအောင်မြင်သူများအနက်မှ (၆)ဘာသာဂုဏ်ထူး(၅)ဦး၊ (၅)ဘာသာဂုဏ်ထူး(၃၂)ဦး၊ (၄)ဘာသာဂုဏ်ထူး(၁၈၂)ဦး၊ (၃)ဘာသာဂုဏ်ထူး(၃၁၈)ဦး၊ (၂)ဘာသာဂုဏ်ထူး(၉၁၇)ဦး၊ (၁)ဘာသာဂုဏ်ထူး(၅၆၁၃)ဦးရရှိကြပြီး မြန်မာစာဂုဏ်ထူး(၆၄)ဦး၊ အင်္ဂလိပ်စာဂုဏ်ထူး(၃၂)ဦး၊ သင်္ချာဂုဏ်ထူး(၇၄၃)ဦး၊ ဓာတုဂုဏ်ထူး(၁၁၅၆)ဦး၊ ရူပဂုဏ်ထူး(၄၁၈)ဦး၊ ဇီဝ(၁၇၉၆)ဦး၊ ပထဝီ(၄၈၈)ဦး၊ သမိုင်း(၇)ဦး၊ ဘောဂ(၄၆၁၅)ဦး ဂုဏ်ထူးအသီးသီးရရှိကြသည်။
(၆)ဘာသာဂုဏ်ထူးရရှိမှုအနေဖြင့် ပဲခူးခရိုင်မှ(၃)ဦး၊ တောင်ငူခရိုင်မှ(၁)ဦး၊ ပြည်ခရိုင်မှ(၁)ဦး စုစုပေါင်း(၅)ဦးရရှိကြပြီး ဖြေဆိုအောင်မြင်မှုအနေဖြင့် ပဲခူးခရိုင်မှ(၂၆၂၂၁)ဦး ဖြေဆိုရာ (၇၆၃၁)ဦးအောင်မြင်၊ တောင်ငူခရိုင်မှ (၁၀၆၄၃)ဦးဖြေဆိုရာ (၅၂၉၄)ဦးအောင်မြင်၊ သာယာဝတီခရိုင်မှ (၁၂၉၉၀)ဦးဖြေဆိုရာ (၄၁၈၃)ဦးအောင်မြင်၊ ပြည်ခရိုင်မှ(၁၂၀၉၀)ဦးဖြေဆိုရာ (၄၁၉၆)ဦးအောင်မြင်ကြောင်း သိရသည်။
ထို့အတူ ပဲခူးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား/သူ(၇၅၀၀)ဦး ဝင်ရောက်ဖြေဆိုရာ (၂၄၅၂)ဦးအောင်မြင်ကြသည်။ အဆိုပါအောင်မြင်သူများအနက်မှ (၆)ဘာသာဂုဏ်ထူး(၃)ဦး၊ (၅)ဘာသာဂုဏ်ထူး(၆)ဦး၊ (၄)ဘာသာဂုဏ်ထူး(၃၂)ဦး၊ (၃)ဘာသာဂုဏ်ထူး(၄၉)ဦး၊ (၂)ဘာသာဂုဏ်ထူး(၈၂)ဦး၊ (၁)ဘာသာဂုဏ်ထူး(၅၅၉)ဦးရရှိကြပြီး မြန်မာစာဂုဏ်ထူး(၂၃)ဦး၊ အင်္ဂလိပ်စာဂုဏ်ထူး(၅)ဦး၊ သင်္ချာဂုဏ်ထူး(၁၂၄)ဦး၊ ဓာတုဂုဏ်ထူး(၁၆၀)ဦး၊ ရူပဂုဏ်ထူး(၇၃)ဦး၊ ဇီဝ(၃၀၆)ဦး၊ ပထဝီ(၁၀)ဦး၊ ဘောဂ(၃၄၂)ဦး ဂုဏ်ထူးအသီးသီးရရှိကြပြီး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် (၃၂.၆၉)ရာခိုင်နှုန်းရရှိကြောင်း သတင်းရရှိသည်။