Home / တောင်ငူမြို့နယ် / (၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းခြင်းပြုလုပ်

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းခြင်းပြုလုပ်

မတ်လ ၂၆ (ပဲခူး)

===================================

  ၂၀၁၇ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နံနက်(၇)နာရီမှ နံနက်(၁၀)နာရီထိ (၇၂)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မ(၇၇) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး နီလင်းအောင်၊ ပထပ(ပဲခူး)မှ ဗိုလ်မှူးကြီး ငွေတိုး၊ တပ်မ(၇၇) နည်းဗျူဟာမှူးကြီး ဗိုလ်မှူးကြီး မြင့်ဇော်မိုး၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးမင်းထိုက်၊ ဦးစီး(ပ)ဒုရဲမှူးကြီး မင်းဟန်၊ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွေးတို့ဦးဆောင်သော အရာရှိ/အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၁၂၃)ဦး၊ တပ်မ(၇၇)မှ အရာရှိ/ အခြားအဆင့်စစ်သည်(၂၆၆)ဦး၊ မီးသတ်တပ်ဖွဲ့ဝင်(၁၂၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၁၅)ဦး၊ စုစုပေါင်း(၅၂၄)ဦးတို့သည် ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းထွန်း၊ တောင်ငူခေတ္တ(မနအမှူး)ဒုရဲမှူး ခင်မောင်ထွေး၊ အမှတ်(၁၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အုန်းကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အရာရှိ/အခြားအဆင့် စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စုစုပေါင်း(၃၀၀)ဦးခန့်တို့မှ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း အသီးသီး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်(၃၁)ဦး၊ တပ်မ(၇၇)မှ စစ်သည် (၁၂၆)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၇)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၃)ဦး၊ စုစုပေါင်းအင်အား(၁၆၇)ဦးတို့မှ ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ တောင်ငူခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင် (၆)ဦး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်(၂)ဦး၊ စုစုပေါင်း(၈)ဦးတို့မှ တောင်ငူမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း အသီးသီး သွေးလှူဒါန်းခဲ့ကြသည်။