Home / ကဝမြို့နယ် / (၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေလှူဒါန်းမှု ပြုလုပ်

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေလှူဒါန်းမှု ပြုလုပ်

မတ်လ ၂၆ (ပဲခူး)

====================================

၂၀၁၇ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီမှ မွန်းလွဲ(၁၃:၃၀)နာရီထိ (၇၂)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စိန်မင်းဦးစီးသော ရဲတပ်ဖွဲ့ဝင်(၃၇)ဦးနှင့် ပဲခူးမြို့၊ ကလျာဏမိတ္တ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးကုလား ဦးဆောင်သော အဖွဲ့ဝင်(၁၀)ဦးတို့မှ ယာဉ်အမှတ်(H-5158) TE (၆)ဘီးယာဉ်ဖြင့် ကဝမြို့နယ်၊ ရွှေတဆုပ် ကျေးရွာရှိ အိမ်ခြေ(၁၄၀)အတွက် ရေဂါလံ (၅၀)ဆံ့ ပီပါ(၇၀)လုံး၊ သောက်ရေဂါလံ(၃၅၀၀)နှင့် (၂၀)လီတာ ရေသန့်ဗူးကြီး(၁၅၀)ဗူး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂)သိန်းတို့အား ကျေးရွာနေပြည်သူလူထုအတွက် သွားရောက်လှူဒါးပေးခဲ့သည်။