Home / ပဲခူးခရိုင် ဒေသဆိုင်ရာအချက်အလက်များ

ပဲခူးခရိုင် ဒေသဆိုင်ရာအချက်အလက်များ

 

 

တည်နေရာ၊ အကျယ်အဝန်း

 2.Bago District

၁။      ပဲခူးခရိုင်သည် မြောက်လတ္တီတွင် (၁၇) ဒီဂရီ (၁၀)မိနစ်နှင့် (၁၈) ဒီဂရီ (၅၅)မိနစ်အကြား အရှေ့လောင်ဂျီတွင် (၉၆)ဒီဂရီ (၂၃)မိနစ်နှင့် ဒီဂရီ (၉၆) (၃၇)မိနစ်အကြားတွင် တည်ရှိပါသည်။ ဧရိယာ အကျယ်အဝန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့နယ်

မြို့နယ်ဧရိယာ စတုရန်းမိုင်

မြို့များဧရိယာ စတုရန်းမိုင်

ကျောက်တံခါး ၁၀၉၃ ကျောက်တံခါး ၄.၁၆
ပဲနွယ်ကုန်း ၃.၈၅
ဖဒို ၃.၂၉
ညောင်လေးပင် ၂၈၂.၈၄ ညောင်လေးပင် ၂.၀၁၄
ပြွန်တန်ဆာ ၀.၅၈၅
မဒေါက် ၀.၅၃၁
ပိန်းဇလုပ် ၆.၉၀
ရွှေကျင် ၉၄၅.၄၄ ရွှေကျင် ၂.၈၇၅
ဒိုက်ဦး ၄၉၇.၀၃ ဒိုက်ဦး ၅.၅၄
ဝေါ ၃၇၆.၇ ဝေါ ၁.၅၄
ကဝ ၆၄၇.၆၈ ကဝ ၀.၃၉၀၆
သက္ကလ ၀.၃၀၉၃
သနပ္ပင် ၃၈၅ သနပ်ပင် ၁.၀၄
ပဲခူး ၁၁၂၁.၆၆ ပဲခူး ၁၈.၄၅
ဘုရားကြီး ၇.၀၄
အင်းတကော် ၃၇.၃၃
ခရိုင်ချုပ်   ၅၃၄၉.၃၅   ၉၅.၈၄၄၉

 

မြေမျက်နှာသွင်ပြင်၊ ရာသီဥတု

၂။     ပဲခူးခရိုင်သည် လွင်ပြင်ဒေသဖြစ်ပြီး ပဲခူးရိုးမတောင်တန်းတွင်သာ သစ်တောများရှိပါသည်။ ပဲခူးရိုးမတောင်တန်းမှာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိပါသည်။ ထင်ရှားသော မြစ်ချောင်းများ မှာ စစ်တောင်းမြစ်၊ ပဲခူးမြစ်တို့ဖြစ်ပါသည်။ ပဲခူးမြစ်သည် ပဲခူးမြို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိ ပါသည်။

ရေဆင်း

၃။      ပဲခူးခရိုင်တွင် မြစ်ချောင်းများပေါများပါသည်။ ထင်ရှားသော စစ်တောင်းမြစ် နှင့် ပဲခူးမြစ် သည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့သည် အထက်ပိုင်းတွင် ရေချိုဖြစ်၍ စိုက်ပျိုးမြေ၊ သုံးရေများအဖြစ် အသုံးပြုပါသည်။ စစ်တောင်းမြစ်သည် မုတ္တမကွေ့ထဲသို့ စီးဝင်ပါသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၄။      ပဲခူးခရိုင်သည် ပင်လယ်ရေမျက်နှာပြင်အထပ် ပျမ်းမျှအမြင့်ပေ(၃၀) အထက်တွင် တည်ရှိပါ သည်။

စဉ်

မြို့နယ်

ပင်လယ်ရေမျက်နှာပြင်အမြင့်(ပေ)

ကျောက်တံခါး ၇၈.၉၈
ညောင်လေးပင် ၅၀.၀၀
ရွှေကျင် ၉၆.၀၀
ဒိုက်ဦး ၃၈.၀၀
ဝေါ ၂၃.၈
ကဝ ၁၃.၃၈
သနပ်ပင် ၁၈.၅၁
ပဲခူး ၃၁.၀၀
ခရိုင်ချုပ် ၄၃.၇၁

 

ရာသီဥတု

၅။      ပဲခူးခရိုင်ရှိ မြို့နယ်များသည် ပူအိုက်စိုစွတ်သော ရာသီဥတု ဖြစ်ပါသည်။

 

သဘာဝပေါက်ပင်များ

 

၆။      ပဲခူးခရိုင်အတွင်း သဘာဝပေါက်ပင်များမှ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်ပင်၊ သစ်ယာ၊ အင်ကြင်း၊ ကုတ်ကို၊ မန်ကျည်း၊ ပေါက်၊ လက်ပံ၊ သစ်ခွ၊ ညောင်၊ သပြေ၊ မအူ၊ ထိန်၊ ဖက်သန်း၊ ရေမနေ၊ တမာလန်အပင်များ နှင့် ကြက်သောင်းဝါး၊ ထင်းဝါး၊ ဝါးကောက်၊ ဝါးများ ထူထပ်စွာ ပေါက်ရောက်ပြီး ပဲခူးရိုးမ တောနက်သည့် နေရာများတွင် ဘယဆေးပင်များ ပေါက်ရောက်ပါသည်။

 

တောရိုင်းတိရစ္ဆာန်များ

 

၇။      ပဲခူးခရိုင်အတွင်း တောရိုင်းတိရိစ္ဆာန်များမှာ တောဆင်၊ ဆတ်၊ ဒရယ်၊ တောဝက်၊ တောဆိတ်၊ တောခွေး၊ ယုန်၊ ဖွတ်၊ ပွေး၊ မျောက်အမျိုးမျိုး နှင့် ကျား၊ ကျားသစ်ကို ရံဖန်ရံခါ တွေ့ရှိရတက်ပါသည်။

သဘာဝပတ်ဝန်းကျင်

၈။     ပဲခူးခရိုင်၏ အနောက်ဘက်ခြမ်းတွင် ပဲခူးရိုးမ တောင်တန်းကြီး သည် မြောက်မှတောင်သို့ သွယ်တန်းလာပြီး အရှေ့ဘက်ခြမ်းတွင် တဖြည်းဖြည်း မြေနိမ့် လွင်ပြင် ဖြစ်လာပါသည်။ ပဲခူးရိုးမ တောင်တန်းကြီးကို မြစ်ဖျားခံပြီး အနောက်မှ အရှေ့ဘက်သို့ စီးဆင်းလာသော မြစ်ချောင်းများ ပေါများပြီး ပဲခူးခရိုင်တွင် ထင်ရှား သော စစ်တောင်းမြစ်ထဲသို့ စီးဝင်ပါသည်။ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ပဲခူးမြို့၏ အနောက်မြောက်ဘက် (၇)မိုင်ခန့်အကွာတွင် ကန်တော်ကြီး သောက်သုံးရေ လှောင်ကန်နှင့် ပဲခူးမြို့ပေါ်တွင် လိပ်ပြာကန်တို့ တည်ရှိပါသည်။ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာအုပ်စု၊ အရှေ့ဘက် (၂)မိုင်ခန့် အကွာတွင် မိုးယွန်းကြီးအင်း၊ ပဲခူးမြို့၊ အလိုင်နီ ကျေးရွာအုပ်စုတွင် အလိုင်နီဆည်နှင့် ပဲခူးမြို့၊ အနောက်ဘက် စူးစူးတွင် မဇင်းဆည်တို့ တည်ရှိပါသည်။

 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ

၉။      ပဲခူးခရိုင်အတွင်းရှိ ပဲခူးရိုးမတောင်တန်းကြီး စိမ်းလန်းစိုပြေရေး အတွက် သစ်တောစိုက်ခင်းများ၊ ထင်းစိုက်ခင်းများကို သစ်တောဦးစီးဌာနမှ နှစ်စဉ်ပျိုးထောင် စိုက်ပျိုးလျက်ရှိပါသည်။ ခရိုင်အတွင်းရှိ မြို့နယ်များတွင် လည်း သစ်တောဧရိယာများ ပျက်စီးပြုန်းတီးမှုကို အစားထိုးစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက် ရှိပါသည်။ ပဲခူးခရိုင်အတွင်း ထင်ရှားသော စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့ မတိမ်ကော ရေးအတွက် ဆည်မြောင်းဦးစီးဌာနမှ ဦးဆောင်ပြီး သဲနုန်းများ တူးဖော်ခြင်း၊ မြစ်ချောင်းဖြောင့်ခြင်း လုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက်လျက် ရှိပါသည်။

 

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ

 

၁၀။   ပဲခူးခရိုင်၏အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

စဉ်

မြို့နယ်

မြို့

ရပ်ကွက်

ကျေးရွာ အုပ်စု

ကျေးရွာ

ကျောက်တံခါး

၁၈ ၄၆

၃၁၂

ညောင်လေးပင်

၁၃ ၄၈

၁၅၁

ရွှေကျင်

၃၁

၈၂

ဒိုက်ဦး

၄၄

၁၈၂

ဝေါ

၅၄

၁၁၇

ကဝ

၁၂

၉၀

၁၅၇

သနပ်ပင်

၆၀

၉၉

ပဲခူး

၄၀

၆၅

၂၁၁

ခရိုင်ချုပ်

၁၆

၁၁၂

၄၃၈

၁၃၁၁

 

အုပ်ချုပ်ရေးမှူးရုံးများ

၁၁။    ပဲခူးခရိုင်၏ မြို့နယ်၊ မြို့/ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ် ခရိုင်/မြို့နယ်

အုပ်ချုပ်ရေးမှူး

အမည်

မြို့နယ် ရုံး မြို့ရုံး ရပ်ကွက် ရုံးပေါင်း ကျေးရွာအုပ်စု ရုံးပေါင်း
ကျောက်တံခါး ဦးဝေမောင် ၁၈ ၄၆
ညောင်လေးပင် ဦးသိန်းဇော်ကံ ၁၃ ၄၈
ရွှေကျင် ဦးဇော်မြင့်သိန်း ၃၁
ဒိုက်ဦး ဦးငြိမ်းထွန်းကျော် ၄၄
ဝေါ ဦးသန်းအောင် ၅၅
ကဝ ဦးခင်ဇော် ၁၂ ၈၉
သနပ်ပင် ဦးသန်းနိုင် ၆၀
ပဲခူး ဦးအောင်သန်းဇော် ၄၀ ၆၅
ခရိုင် ဦးစိုးနိုင် ၁၁၂ ၄၃၈

 

ဌာနဆိုင်ရာရုံးများ

၁၂။    ပဲခူးခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

(ခ)     ခရိုင်ရဲတပ်ဖွဲ့မှူးရုံး

(ဂ)     ခရိုင်မီးသတ်ဦးစီးဌာန

(ဃ)    ခရိုင်သမဝါယမဦးစီးဌာန

(င)     ခရိုင်စိုက်ပျိုးရေးနှင့် စက်မှုသီးနှံဦးစီးဌာန

(စ)     ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန

(ဆ)    ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန

(ဇ)     ခရိုင်စက်မှုလယ်ယာဦးစီးဌာန

(ဈ)     ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန

(ည)    ခရိုင်ငါးလုပ်ငန်းဦးစီးဌာန

(ဋ)     ခရိုင်သစ်တောဦးစီးဌာန

(ဌ)     ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း

(ဍ)     ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန

(ဎ)     ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန

(ဏ)   ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန

(တ)    ခရိုင်ပညာရေးမှူးရုံး

(ထ)    ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

(ဒ)     ခရိုင်တရားရုံး

(ဓ)     ခရိုင်ဥပဒေရုံး

(န)     ခရိုင်စာရင်းစစ်ရုံး

(ပ)     ခရိုင်လမ်းဦးစီးဌာန

(ဖ)     ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

(ဗ)     ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(ဘ)    ခရိုင်အလုပ်သမားဥပဒေစစ်ဆေးရေး

(မ)     ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

(ယ)    ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန

(ရ)     မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စီပွားရေးဆိုင်ရာအချက်အလက်

၁၃။    ပဲခူးခရိုင်သည် မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင် တည်ရှိပြီး စီးပွားရေး အရ စိုက်ပျိုးရေးကို အခြေခံသော ခရိုင်ဖြစ်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို လုပ်ကိုင် ကြပါသည်။ ပဲခူးခရိုင်သည် ရန်ကုန်-မန္တလေး လမ်းကြီးပေါ်တွင်တည်ရှိပြီး အထက်ဘက်သို့ လည်းကောင်း၊ အောက်ဘက်သို့လည်းကောင်း ကုန်စည် ကူးသန်းမှု သွားလာလွယ်ကူပါသည်။ ပဲခူးခရိုင်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ လည်းကောင်း၊ အထက်မြန်မာပြည်သို့ လည်းကောင်း တင်ပို့ရောင်းချလျှက်ရှိပါသည်။

လူမှုရေးဆိုင်ရာအချက်အလက်များ

ပညာရေးကဏ္ဍ

၁၄။    ပဲခူးခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အားကစား၊ ဖျော်ဖြေရေးဆိုင်ရာ အချက်အလက်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

        (က)   အဆင့်မြှင့်ပညာ

စဉ် မြို့နယ် တက္ကသိုလ်/ကောလိပ်/သိပ္ပံကျောင်းပေါင်း
ပဲခူး ပဲခူးတက္ကသိုလ်

 

( ခ )   အခြေခံပညာကျောင်းများ

စဉ် မြို့နယ် အ.ထ.က

ကျောင်းများ

အ.လ.က

ကျောင်းများ

အ.မ.က

ကျောင်းများ

မူလတန်းကြို

ကျောင်းများ

ဘုန်းတော်ကြီးသင်

ပညာရေးကျောင်းများ

ကျောက်တံခါး ၁၅ ၁၉၂ ၂၃
ညောင်လေးပင် ၁၁ ၁၅၂
ရွှေကျင် ၂၃ ၆၇
ဒိုက်ဦး ၁၄၇ ၁၃
ဝေါ ၁၀ ၁၀၉ ၁၂
ကဝ ၁၀ ၁၂ ၁၄၉ ၃၃ ၁၇
သနပ္ပင် ၁၀၄
ပဲခူး ၁၈ ၁၅ ၁၉၂ ၂၁ ၂၇
ခရိုင်ချုပ် ၇၄ ၁၀၁ ၁၁၁၂ ၈၅ ၈၂

 

ကျန်းမာရေးကဏ္ဍ

 

၁၅။    ပဲခူးခရိုင်၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ အချက်အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)    ဆေးရုံများ

စဉ် မြို့နယ် ဆေးရုံပေါင်း အစိုးရ ပုဂ္ဂလိက ကုတင်အရေအတွက်
ကျောက်တံခါး ၁၃၀
ညောင်လေးပင် ၁၃၀
ရွှေကျင် ၁၁၆
ဒိုက်ဦး ၉၈
ဝေါ ၈၉
ကဝ ၁၀၅
သနပ္ပင် ၇၃
ပဲခူး ၆၄
  ခရိုင်ချုပ် ၃၅ ၃၃ ၈၀၅

 

(ခ)  ဆေးပေးခန်း၊ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ

 

စဉ် မြို့နယ် ဆေးပေးခန်း ကျေးလက် ကျန်းမာရေးဌာန ကျေးလက် ကျန်းမာရေးဌာနခွဲ
အစိုးရ ပုဂ္ဂလိက ပေါင်း
ကျောက်တံခါး ၁၁ ၁၅ ၁၀ ၄၀
ညောင်လေးပင် ၁၈ ၁၉ ၃၅
ရွှေကျင် ၂၁
ဒိုက်ဦး ၁၀ ၃၀
ဝေါ ၃၀
ကဝ ၁၀ ၄၀
သနပ္ပင် ၂၈
ပဲခူး ၁၀ ၅၂
  ခရိုင်ချုပ် ၁၃ ၅၇ ၇၀ ၆၇ ၂၇၆

 

( ဂ) လူမှုရေးအသင်းအဖွဲ့များ

စဉ် မှတ်ပုံတင်ရေးအဖွဲ့ ခရိုင်/မြို့နယ် အသင်းအဖွဲ့ပေါင်း
ခရိုင်မှတ်ပုံတင်ရေးအဖွဲ့
မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ကျောက်တံခါး
ညောင်လေးပင်
ရွှေကျင်
ဒိုက်ဦး
ဝေါ
ကဝ
သနပ္ပင်
ပဲခူး ၁၇
  စုစုပေါင်း   ၃၄

 

ထင်ရှားသည့်စေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ

၁၆။    ထင်ရှားသည့်စေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(က)   သာသနိကအဆောက်အဦများ

စဉ် မြို့နယ် ဘုရား စေတီ ပုထိုး ဘုန်းကြီး

ကျောင်း

သီလရှင် ကျောင်း ဓမ္မာရုံ
ကျောက်တံခါး ၂၃၆
ညောင်လေးပင် ၁၀၀ ၂၃၂ ၂၂၉ ၂၂၉
ရွှေကျင် ၇၂ ၁၅၁ ၂၂
ဒိုက်ဦး ၅၀ ၁၆၄ ၁၆၄ ၂၅၂ ၃၀
ဝေါ ၁၆၅
ကဝ ၃၀ ၂၂၀ ၂၂၀
သနပ္ပင် ၁၆၂ ၂၃
ပဲခူး ၁၀ ၆၈ ၆၈၉ ၉၂ ၂၀
ခရိုင်ချုပ် ၁၇၃ ၅၇၈ ၁၆၉ ၂၁၀၄ ၁၂၁ ၅၃၀

 

( )   ထင်ရှားသည့်ဘုရား၊စေတီပုထိုးများနှင့်ဘုန်းကြီးကျောင်းများ

စဉ် မြို့နယ် ဘုရား စေတီ ပုထိုး ဘုန်းကြီးကျောင်း
ကျောက်တံခါး
ညောင်လေးပင်
ရွှေကျင်
ဒိုက်ဦး
ဝေါ
ကဝ
သနပ္ပင်
ပဲခူး ၁၅
ခရိုင်ချုပ် ၁၈ ၂၁

 

        ( ဂ )   အခြားဘာသာရေးအဆောက်အဦများ

 

စဉ် မြို့နယ် ခရစ်ယာန် အစ္စလာန်

ဟိန္ဒူဘုရား

ကျောင်း

တရုတ်ဘုရား

ကျောင်း

မြို့ ကျေးလက် မြို့ ကျေးလက် မြို့ ကျေးလက် မြို့ ကျေးလက်
ကျောက်တံခါး ၁၇
ညောင်လေးပင်
ရွှေကျင်
ဒိုက်ဦး ၁၀
ဝေါ
ကဝ ၁၁
သနပ္ပင် ၂၀
ပဲခူး ၁၆ ၁၃
ခရိုင်ချုပ် ၂၃ ၅၃ ၂၂ ၁၈ ၃၃ ၅၆ ၁၅

 

ကျေးလက်ဒေသဖွံ့ဖြိုးရေး

၁၇။    ပဲခူးခရိုင် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် မြို့/ကျေးလက်၊ ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ၊ သောက်သုံးရေးရရှိရေးလုပ်ငန်းများ၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ ကျေးလက်အိမ်ယာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်အိမ်သာလုပ်ငန်းများအား မြို့နယ်များအလိုက် ဆောင်ရွက်လျက် ရှိပါသည်။

၁၈။    အစိုးရ/ပြည်သူဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း မြို့နယ်များအလိုက် လမ်းလုပ်ငန်း၊ တံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ သောက်သုံးရေရရှိရေး လုပ်ငန်းနှင့် မီးလင်းရေးလုပ်ငန်းများအား မြို့နယ်အလိုက် ဆောင်ရွက်လျှက်ရှိပါသည်။

ယဉ်ကျေးမှုနယ်မြေများ

၁၉။    ပဲခူးခရိုင်အတွင်း ယဉ်ကျေးမှုနယ်မြေအဖြစ် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်တွင် ကမ္ဘောဇ သာဒီ နန်းတော်ရာတည်ရှိပြီး အဆိုပါ နန်းတော်ကြီးကို သက္ကရာဇ်(၉၁၅)ခု၊ (အေဒီ ၁၅၅၃)၊ နတ်တော်လဆန်း(၁၃)ရက်၊ သောကြာနေ့တွင် တည်ဆောက်ခဲ့ပြီး နန်းတော်ရာမြေကို ကမ္ဘောဇသာဒီ ဟု ခေါ်တွင်စေခဲ့ပါသည်။

 

ပဲခူးခရိုင်ဒေသသမိုင်းအကျဉ်း

၂၀။    ဖဆပလအစိုးရလက်ထက်တွင် ပဲခူးခရိုင်ကို ခရိုင်(၃)ခုဖြင့် ဖွဲ့စည်းခဲ့ရာ ပဲခူးခရိုင်ခွဲတွင်  ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်၊ ဝေါမြို့နယ်၊ ညောင်လေးပင်ခရိုင်ခွဲတွင် ညောင်လေးပင် မြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ရွှေကျင်ခရိုင်ခွဲတွင် ရွှေကျင်မြို့နယ်ဟူ၍ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၇၄ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ဖျက်သိမ်းခဲ့ရာ မြို့နယ်ရုံး များသာ ရှိပါသည်။ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့လက်ထက်တွင် (၁၄.၁၀.၈၈)ရက်စွဲပါစာအမှတ်၊၀၁/နဝတ/ပသ-၁ ဖြင့် မြို့နယ်စုအဖြစ် ဖွဲ့စည်းကြောင်း ကြေညာချက် အရ ပဲခူးမြို့နယ်စုအဖြစ် ပြောင်းလဲခေါ်ဝေါ် သတ်မှတ်ခဲ့ပြီး၊ တဖန် ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်စွဲပါစာမှတ် ၁/၅/ ပထ-(၁)အရ မြို့နယ်စုမှ ခရိုင်အဖြစ် ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့ ပါသည်။ လက်ရှိအချိန်ထိ ပဲခူးခရိုင်ကို ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်ဟူ၍ (၈)မြို့နယ်ဖြင့် ဖွဲ့စည်းထားလျက်ရှိပါသည်။

ခရိုင်အတွင်း မြို့နယ်တစ်ခုချင်းအလိုက် ပွဲတော်များ ကျင်းပမှုအခြေအနေ

၂၁။    ခရိုင်အတွင်း မြို့နယ်တစ်ခုချင်းအလိုက် ပွဲတော်များ ကျင်းပမှုအခြေအနေများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

        (က)   ကျောက်တံခါးမြို့နယ်

ကျောက်တံခါးမြို့နယ်အနေဖြင့် အထင်ကရပွဲတော်များ မရှိပါ။

        ( ခ )   ညောင်လေးပင်မြို့နယ်

                (၁)    ညောင်လေးပင်မြို့ လုဒ်မယ်တော်သခင်မ ပွဲတော်ကြီးကိုနှစ်စဉ် ဖေဖော်ဝါရီလ အတွင်း ကျင်းပပြုလုပ်လျှက်ရှိပါသည်။ ညောင်လေးပင်မြို့နယ် မဒေါက်မြို့ တွင်  တန်ဆောင်တိုင်မီးမျှော ပွဲတော်ကို တန်ဆောင်မုန်းလအတွင်း နှစ်စဉ် ကျင်းပပြုလုပ် လျှက်ရှိပါသည်။

                (၂)     သမိုင်းကြောင်း။     ညောင်လေးပင်မြို့ လုဒ်မယ်တော်သခင်မ ပွဲတော်ကြီးနှင့် စပ်လျဉ်းသည့် သမိုင်းကြောင်းမှာ လုဒ်မြို့သည် ပြင်သစ်နိုင်ငံအနောက်ဘက် နယ်စပ်မြို့ကလေး တစ်မြို့ဖြစ်သည်။ဤမြို့တွင် ၁၉၅၈ခုနှစ်၊ဖေဖော်ဝါရီလ (၁၁)ရက်နေ့၌ ဆင်းရဲနွမ်းပါး သောဘေနဒစ်ရိုဘီရူး ညီအစ်မ သုံးယောက်ထံ မယ်တော်ထင်ရှားပြခဲ့သည်။ထိုစဉ်ကလုဒ်သည်အလွန်သေးရွယ်သော ကျေးရွာ ကလေးမှ ယနေ့အလွန်စည်ကားလှပသော မြို့တစ်မြို့ဖြစ်လာသည်။ ကမ္ဘာ့ အနှမ့် အပြားရှိ ကက်သလစ်ဘာသာဝင်များနှင့် ဘာသာဝင်မဟုတ်သော သဒ္ဒါကြည်ညို ဘုရားဖူးများ နှစ်စဉ်မတ်လမှအောက်တိုဘာလ အတွင်း သန်းပေါင်း များစွာလာရောက်ဘုရားဖူးကြသော ဘုရားဖူးဒေသတစ်ခုဖြစ် သည်။

၁၈၉၂ခုနှစ်မှစတင်၍ ဆရာတော် ဘီဂန်းဒက်က ပဲခူးတိုင်းသို့ သာသနာပြုရန် ဘုန်းတော်ကြီး   Perro အား တာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီးPerro ကဒေသခံ ကရင် ဘုန်းတော်ကြီး Andreasနှင့်အတူ ညောင်လေးပင်အနီးရှိ ကျေးရွာများတွင် သာသနာပြုခဲ့ သည်။ ၁၈၉၂ခုနှစ်၊သြဂုတ်လ(၃)ရက်နေ့တွင် ဦးပုလု(အသက်၆၀)နှင့် ဇနီးတို့က ကက်သလစ် ဘာသာကို စဝင်ခဲ့သည်။

၁၈၉၂ခုနှစ်တွင် ဆရာတော် ဘီဂန်းဒက်က ဘုန်းတော်ကြီး Mignot(ဦးမီးညို) အားညောင်လေးပင်မြို့၌ အခြေစိုက်၍ သာသနာပြုရန် တာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီးဦးမီးညိုသည် ညောင်လေးပင် မီးရထား ဘူတာရှိ အလုပ်သမား များတည်းခိုဆောင် ၌တည်းခို၍ သာသနာလုပ်ငန်းကို စတင်ခဲ့သည်။ ၁၈၉၃ခုနှစ်တွင် လက်ရှိဘုရား ကျောင်းမြေပေါ်တွင် ပျဉ်ထောင်(၂)ထပ် ကျောင်းကို ဆောက်လုပ်ခဲ့သည်။အပေါ်ထပ် ကိုဘုရားကျောင်း အဖြစ် အသုံးပြု၍ အောက်ထပ်တွင် ဘုန်းတော်ကြီးနေထိုင်ခဲ့သည်။ ယင်းဘုရား ကျောင်းတွင် လုဒ်မယ်တော်ပုံကို ပင့်ဆောင်၍ ပူဇော်အပ်နှံခဲ့သည်။ ဤကျောင်းသည် မြန်မာနိုင်ငံတွင် လုဒ်မယ်တော်အား အပ်နှံခဲ့သော ပထမဆုံး ကျောင်းဖြစ်သည်ဟု သိရှိရပါသည်။

၁၉၀၀ပြည့်နှစ်တွင် အနုပညာအလွန်မြောက်သော ကျောင်းကိုဆောက် လုပ်ခဲ့ပြီး ၁၉၀၂ ခုနှစ်၊ဧပြီလ(၃၀)ရက်နေ့တွင် ကျောင်းသစ်ကို ရေစက်ချ၍ လုဒ် မယ်တော်ပွဲကို စတင်ခဲ့ပြီး မယ်တော်ပွဲကို မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်များ ကွန်ဖရင့်မှ တစ်နိုင်ငံလုံးဆိုင်ရာ ဘုရားဖူးဒေသအဖြစ် သတ်မှတ်ထားသော ဘုရားဖူး ဒေသဖြစ်သည်ဟူ၍ သိရှိပါသည်။ လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က မဒေါက်ဒေသတွင် နေထိုင်ကြသောရဟန်းရှင်လှူ ပြည်သူ/သား များသည် စီးပွားရေး၊ ကျန်းမာရေး၊ဘေးအန္တရာယ်ကင်းရှင်းရေး ကို မျှော်ကိုး၍ ရှင်ဥပဂုတ္တရ မထေရ်မြတ်ရုပ်ပွားတော်ကြီးအား  ဆီမီးပူဇော် ပသခဲ့ကြပါသည်။ နှစ်အနည်းငယ်ကြာသောအခါ ရဟန်းရှင်လူ ပြည်သူ/ သားများက ကြည်ညိုသဒ္ဒါပွားနိုင်ရေးနှင့် ဒေသခံပြည်သူများ စည်းလုံး ညီညွတ်မှုရှိစေရန် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေး အတွက် ထိုပူဇော်ပွဲကြီးအားတန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးဟု ခေါ်တွင် သတ်မှတ်ခဲ့ကြ ပါသည်။

        ( ဂ )   ရွှေကျင်မြို့နယ်

( ၁ )   ရွှေကျင်မြို့နယ်တွင် မီးမျောပူဇော်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ကျင်းပပါသည်။ ယခုနှစ် ၂၀၁၆ ခုနှစ်တွင် ( ၁၆၅ )နှစ်မြောက်ပင် ဖြစ်ပါသည်။ ရွှေကျင်မြို့နယ်သီတင်းကျွတ်မီးမျှော ပူဇော်ပွဲတော်အား နိုင်ငံအဝန်း မှသိရှိပြီး နိုင်ငံတော်မှလည်း ဒေသယဉ်ကျေးမှု ရိုးရာပွဲအဖြစ် အသိအမှတ်ပြု နှစ်စဉ်ဆောင်ရွက်လျှက်ရှိပါသည်။

( ၂ )   သမိုင်းကြောင်း။      ရွှေကျင်မြို့သည် သက္ကရာဇ် ၁၁၁၃ ခုနှစ်အတွင်း အင်းဝ ဘုရင် မဟာဓမ္မရာဇာ ဓိပတိကို မွန်တို့ ဟံသာဝတီသို့ ခေါ်ဆောင်သွားခဲ့ရာ ပဲခူးမြို့၌ ခေတ္တစံတော်မူ စဉ် တစ်နေ့သော် နဂရံရာမှတ်၊ နဂရံ တန်တွင်၊ နဂရံနလွှတ်၊ နဂရံဝါခရီ မွန်ညီနောင်(၄)ဦးတို့သည် ဟံသာဝတီရောက် အင်းဝ ဘုရင် မဟာဓမ္မရာဇာ ဓိပတိအား ဆိတ်ဖူးပင်ရင်း၌ ရွှေမှုန်များကိုတွေ့ရှိ၍  ဆက်သသောအခါ မင်းကြီးသည် ဝမ်းသာအားရဖြစ်၍ ညီနောင်(၄)ဦးအား ပျော်ပိုက်ရာဒေသသို့ နေထိုင်ရန် မြေတိုက်သူကြီးခန့်အပ် အမိန့်စာပေးလိုက် သဖြင့် စတင်ပေါ်ပေါက် လာသည့်မြို့ဖြစ်ပြီး ၁၁၆၀ ပြည့်နှစ်တွင် အလားလေးရပ် သတ်မှတ်ပြီး ဘိုးတော်ဘုရားလက်ထက်တွင် မြို့တည်ခဲ့ကြောင်း ၁၁၈၁ခုနှစ်မှ စ၍ မြို့ဝန်များဖြင့် အုပ်ချုပ်ခဲ့ပြီး ရွှေကျင်မြို့နယ် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး အား ပူဇော်သည့် သီတင်းကျွတ်မီးမျှော ပူဇော်ပွဲတော်အား စတင်ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။ ရွှေကျင်မြို့နယ်သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် သည် ကုန်းဘောင်ခေတ်မှသည်လျှင် ခေတ်အဆက်ဆက်ကို ကျော်ဖြတ်၍ အမျိုးဘာသာသာသနာ ဇာတိသွေးဇာတိမာန် မျိုးချစ်စိတ်ဓါတ်များကို အရင်း တည်ပြီး မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ် နိုးစိတ် တွယ်တာခင်မင်စိတ်များကို ထိန်းသိမ်းရေး သမိုင်းအရ ပေါ်ပေါက်လာခဲ့သည့် ပွဲတော်ကြီးတစ်ခုဖြစ်ပါသည်။ ရွှေကျင်မြို့နယ်တွင် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး အား ပူဇော်သည့် သီတင်းကျွတ်မီးမျှော ပူဇော်ပွဲတော်အား ရှေးယခင်က ဝါး/ ငှက်ပျောဖောင်၊ လောင်းလှေများဖြင့်သာ ဓမ္မစင်္ကြာဝတ် အသင်းများ ဝန်းရံပြီး ပူဇော်ကျင်းပရာမှ ယခုအခါ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ပူဇော်သည့် ကရဝိတ်ဖောင်တော်ကြီး၊ မင်းညီမင်းသား၊ စစ်သည်ရဲမတ်များအား ဓါးရေး လှံရေး၊ ဓါးခုတ်လှံထိုး၊ တက်ရေး(၃၇)ချင်းမှ တက်ကွက်များဖြင့် လှေခင်း သဘင် ဆောင်ရွက်မှုအား ဖော်ကျူးသည့်အနေဖြင့် လှော်ကား တော်ကြီးလှေ၊ တက်ခုတ်တက်ပျံအဖွဲ့များ၊ မြန်မာ့ယဉ်ကျေးမှုကို ဖော်ကျူးသည့် ယိမ်းအက အလှများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

(ဃ)   ဒိုက်ဦးမြို့နယ်

( ၁ )   ဒိုက်ဦးမြို့နယ်အတွင်း အထင်ကရပွဲတော် ကျင်းပမှုအနေဖြင့် နှစ်စဉ် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီ လှည့်လည် ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ တိုင်း မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်ပူဇော်ခဲ့သည်မှာ (၉၃)ကြိမ်မြောက်ကျင်းပဆောင်ရွက်ခဲ့ပြီးဖြစ်ပါ သည်။

( ၂ )   သမိုင်းကြောင်း။     ဒိုက်ဦးမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ လှည့်လည်ပူဇော်ခဲ့သည့် သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်ပေါင်း (၉၀)ကျော်တွင် ဒိုက်ဦးမြို့ရေကြီးခြင်း၊ ဝမ်းရောဂါဝေဒနာဆိုးများ ကျရောက် ခဲ့သဖြင့် သက်တော်ရှည် ဆရာတော်ကြီးများနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ (၂၈)ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော် လှည့်လည်ခဲ့ရာ  အပူဇော်ခံ ပြုလုပ်ပေးခဲ့သည့် အချိန်မှစ၍ ကပ်ဆိုး၊ ရောဂါဆိုးများ လွတ်ကင်း ၍ ကျန်းမာ ချမ်းသာမှုများ ရရှိခဲ့သဖြင့် နှစ်စဉ် လှည့်လည်ပူဇော်ခဲ့ရာ ယခုနှစ် သည် (၉၄)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။

( င )   ဝေါမြို့နယ်

                ( ၁ )   ဝေါမြို့သမိုင်းဝင်ကြုံတူစေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲကို တပေါင်းလဆန်း (၁၁)ရက်နေ့မှ လပြည့်နေအထိနှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပပါသည်။

( ၂ )   သမိုင်းကြောင်း။      ဝေါမြို့သမိုင်းဝင်ကြုံတူစေတီတော် မြတ်ကြီးသည် ဝေါမြို့၏အရှေ့ဘက်၊ မြောက်ဒေါင့် အရပ် (၁)မိုင်ခန့်ဝေးပြီး ဇွဲဘတ်ချောင်းဝအနီးရှိ ကုန်းပေါ်တွင် သာသနာ သက္ကရာဇ် (၆၀)ကျော်ခန့်က ပဲခူးဟံသာ၀တီဘုရင် သမလ နှင့် ဝိမလတည်ထားကိုးကွယ်ခဲ့သော ကြုံတူစေတီတော် နှစ်ဆူရှိပါသည်။ ထိုကြုံတူစေတီတော်များဖြစ်ပေါ်လာသည့် သမိုင်းကိုဖော်ပြရပါလျှင် သာသနာ သက္ကရာဇ် (၅၄)ခုနှစ်ခန့် ကသုဝဏ္ဏဘုမ္မိသထုံပြည်၊ ကျိုက်ထီးရိုးဘုရား၌ သီတင်းသုံးနေသော တိဿရသေ့ကြီးသည် မြေးတော်များဖြစ် သောသမလ နှင့်ဝိမလညီနောင်နှစ်ဦးအား ငါ့မြေးတို့ အရွယ်ရောက်သောအခါ ဤဒေသ၏ အနောက်ဘက်အရပ်သို့သွားကြလေ ထိုအရပ်မှာပင် သင်တို့သည် မြို့တည်၍ မင်းပြုကြကုန်လော့ဟုမိန့်မှာချက်အရ သမလနှင့်ဝိမလညီနောင်နှစ်ဦးသည် သုဝဏ္ဏဘုမ္မိသထုံပြည်သားလူပေါင်း(၁၇၀)ကို လှေပေါင်း(၁၇)စီးတို့ဖြင့် တင်ဆောင်၍ ပင်လယ် တိမ်ရေလမ်း ခရီးဖြင့်ထွက်ခွာခဲ့ကြသည်။ ၄င်းတို့သည် ပထမဦးစွာ မြောက်ကြိမ်များ အလွန်ပေါများသော ကျွန်းတကျွန်းသို့ ရောက်ရှိခဲ့ပြီးထိုကျွန်းကိုမွန် ဘာသာဖြင့် (ကော့ဇံတ္တ) ဟုခေါ်ပြီး၊ မြန်မာဘာသာအ ရမြောက်ကြိမ် တောကျွန်းဟု အဓိပ္ပါယ်ရရှိပါသည်။ ညီနောင်နှစ်ပါးသည်ထိုကျွန်းတွင် တနေ့တာ ခေတ္တ အနားယူ ကြပြီးနောက် ခရီးဆက်ကြရာ ဝေါမြို့နယ်၏ဝင်းကဒတ် ကျေးရွာနှင့် ရှမ်းကိုင်း ကျေးရွာများအနီးရှိ ဒီဘေးမြစ်ဝကျွန်းကို ဖြတ်ကျော်ကာကိုင်းပင်နှင့်    ခြုံများ ထူထပ်လျက် ရှိသောကုန်းမြေမြင့်အရပ်သို့ ရောက်ရှိခဲ့ကြပြန်သည်။  ၄င်းကုန်းမြေမြင့်သည်ယခုအခါကြုံတူစေတီ တော်မြတ်တည်ထားသော ကြုံတူ ကုန်းတော်ပင်ဖြစ်ပါသည်။ထို့နောက်ညီနောင်နှစ်ဦးသည်ကြုံတူကုန်း၌ ရပ်နား ပြီး နောက်တနေ့ ခရီးဆက်ထွက်ကြရာဒုံဇိုင်းတူအရပ် ကမ်းခြေသို့ ရောက်ရှိခဲ့ ကြပြီး၊ ဒုံဇိုင်းတူမှာယခုပဲခူးမြို့နယ်ဇောင်းတူ ကျေးရွာပင်ဖြစ်ပါသည်။ ထိုသို့ သမလ၊ ဝိမလညီနောင်တို့ ဒုံဇိုင်းတူရွာကြီးရောက်ချိန်သည် သူဌေးသားညီနောင် ဖြစ်ကြ သော မဟာသာလနှင့် စူဠသာလတို့ပင့် ဆောင်ခဲ့သော ဆံတော်ပူဇော်ပွဲကြီး ကျင်းပနေသော အချိန်အခါပင် ဖြစ်ပါသည်။သမလ၊ ဝိမလညီနောင်တို့ သည်သာ သနာသက္ကရာဇ် (၅၆)ခုနှစ်ခန့်တွင်ပဲခူး၊ ဟံသာဝတီ ပြည်ကို တည်ထောင်ပြီး၊ ထီးနန်း အုပ်ချုပ်မင်းပြုခဲ့သည်။ ထိုစဉ်၄င်းတို့ သုဝဏ္ဏဘုမ္မိသထုံပြည်မှ ဒုံဇိုင်းတူသို့ ရောက်လာခဲ့စဉ်ကလမ်းခရီး၌ ခေတ္တနားခိုခဲ့သောကြုံတူကုန်း မြေသည်ကိုင်း ပင်၊ခြုံနွယ်ပင်များပေါများစေကာ မူအလွန်သာယာဘွယ် ဖြစ်၍ထို နေရာကုန်း မြေကို ပြန်လည် သတိရရှိခဲ့ကြသည်။ ထို့နောက်ညီနောင် နှစ်ဦးတို့သည် သာသနာသက္ကရာဇ်(၆၀)ခုနှစ် ခန့်ကကြုံတူ ကုန်းမြေသို့ထပ်မံ လာရောက်ပြီး၊ ဘုရားနှစ်ဆူတည်ထားကာ ကျိုက်ကရုံဘုရားဟုဘွဲ့တော် ပေးခေါ်တွင်စေပြီး ကိုးကွယ်ခဲ့ကြသည်။ ကျိုက်ကရုံမှာ မွန်ဘာသာစကား ဖြစ်ပါသည်။ ကျိုက်၏ အဓိပွါယ်မှာဘုရားကို ဆိုလိုပြီး၊ ကရုံဆိုသည်မှာချောင်းငယ် လေးဖြစ်၍ ကျိုက်ကရုံမှာ ချောင်းငယ်လေး အနီးတွင် တည်ရှိသောဘုရား ဟု အဓိပွါယ်ရရှိပါသည်။ ကြုံတူ ကုန်းတော်မှာဇွဲဘတ်ချောင်းနှင့် အနီးကပ်ပြီး၊ ထိုစဉ်ကဝေါမြို့နေရာမှာ လည်းရေဝင်း များသာ ဖြစ်ခြင်းကြောင့်ကြုံတူဘုရား၏ ဘွဲ့တော်ကိုပါ မွန်ဘာသာ ကျိုက်ကရုံ ခေါ် ချောင်းငယ်လေးအနီးဘုရားဟု သဘာဝကျကျ ခေါ်တွင်စေခဲ့သည်ဟု ယူဆရပါသည်။ ထိုသို့သမလနှင့် ဝိမလညီနောင်နှစ်ဦးတို့ တည်ထားခဲ့သော ကြုံတူစေတီတော်နှစ်ဆူ၏ သက်တမ်း ကြာမြင့်လာသောအခါ သာလွန်မင်းတရားကြီး လက်ထက်သထုံပြည် တလျှောက်၌ တလိုင်းသူပုန်များ ထကြွသောင်းကျန်း မှုကြောင့် ပြည်သူလူထုမှာစားဝတ် နေရေး ကြပ်တည်းလာသဖြင့်စစ်ပြေး ဒုက္ခသည်များအဖြစ်ပဲခူး၊ ဟံသာဝတီ နယ်အတွင်းသို့ ဝင်ရောက်ခိုလှုံ ခဲ့ကြ သည်ဟုသိရပါသည်။ ထိုစစ်ပြေး ဒုက္ခသည်များ အနက်အချို့မှာ ကြုံတူဘုရား ပတ်ဝန်းကျင်တလျှောက်၌ လာရောက်စုရုံး နေထိုင်ပြီး ဘူး၊ သခွား၊ ဖရုံအစရှိသည့် သီးနှံမျိုးစုံကို စိုက်ပျိုး လုပ်ကိုင် စားသောက်ခဲ့ကြသည်။ ထိုသို့ စစ်ပြေး ဒုက္ခသည်များ ရောက်ရှိ လာပြီး၊ မကြာမီမှာပင်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် အချင်းချင်းမေတ္တာ သက်ဝင်အိမ်ထောင် ပြုကြ၍ ယခုလိုအချိန်အခါမျိုးတွင် ကြံကြံဖန်ဖန်ကြုံတွေ့ ဖူးစာဆုံဘက်ရခြင်းကို အကြောင်းပြု၍ ဘုရားဘွဲ့တော်ကို ကြုံတွေ့ ဘုရားဟုပြောင်းလဲခေါ်ဝေါ် စေကာ ကာလကြာမြင့် လာသော အခါကြုံတူဘုရားဟုတဖန်ပြောင်းလဲ ခေါ်ဝေါ် လာကြသည် မှာ ယခုထက်တိုင်ပင်ဖြစ်ပါသည်။

( စ )   ကဝမြို့နယ်

( ၁ )   ကဝမြို့နယ် ၊ ဖလေးကျေးရွာအုပ်စု ၊ ဖလေးကျေးရွာတွင် တည်ထား ကိုးကွယ်လျှက်ရှိသော ဆံတော်ရှင်ကျိုက်မတ်ကော်စေတီမြတ်ဘုရား ပွဲတော် ကို နှစ်စဉ် တပို့လဆန်း(၁၄)ရက် ၊ တပို့လပြည့်(၁၅)ရက်နှင့် လပြည့်ကျော် (၁) ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ပါသည်။

( ၂ )   သမိုင်းကြောင်း။     ဆံတော်ရှင်ကျိုက်မတ်ကော် စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းဖြစ်စဉ်မှာ ဖလေးကျေးရွာဆံတော်ရှင် ကျိုက်မတ်ကော် စေတီတော်မြတ်ကြီးကို  သထုံပြည်ပြည့်ရှင်စူဠသီရိမာသောကာမင်း ပြန်လည် တည်ဆောက်ရာတွင် လုပ်ငန်းကိစ္စအဝဝကို မိမိ၏ အမတ်ကြီးကော်ကို  ဝန်ပြု ၍ လုပ်ဆောင်စေခဲ့ပါသည်။ အမတ်ကြီးကော်သည် စေတီ တော်မြတ်ကြီး၏ အောက်ခြေဖိနပ်တော်ကို  သံတောင်(၂၀၀)ဖွဲ့စည်း၍    အမြင့်ဉာဏ်တော်ကို   ( ၁၇၅ ) တောင်အထိ  တည်ဆောက်ခဲ့ပါသည်။  ပြန်လည်တွေ့ရှိသော    ဗုဒ္ဓမြတ်စွာ၏ မူလဆံတော်( ၁ )ဆူနှင့်  ဓါတ်တော်မွေတော်( ၃ ) ထောင်တို့ကို လည်း ထည့်သွင်းဌာပနာပြုခဲ့ပါသည်။ထိုစဉ်ကျိုက်မတ်ကော်စေတီ တော်မြတ် ကြီးပြန်လည်တည်ဆောက်သည့် ကာလအား သာသနာနှစ်(၂၃၇)ဝန်းကျင် ဟု ခန့်မှန်းရပေသည်။ စေတီတော်မြတ်ကြီးကိုလည်း ပြန်လည်တည်ဆောက်ရေး ကြီးမှူးခဲ့သူ အမတ်ကြီးကော်ကို အစွဲပြု၍ ကျိုက်ဒေးကော်မှ ကာလရွေ့လျား သောအခါ ကျိုက်မတ်ကော်ဟူ၍ ခေါ်တွင်လာစေခဲ့ပါသည်။

ကဝမြို့နယ် ၊ အုန်းနှဲကျေးရွာအုပ်စု ၊ ခမဲပြင်ကျေးရွာတွင် တည်ထား ကိုးကွယ်လျှက်ရှိသော အောင်မြေကျွန်းမြတ်အတုလအောင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း (၆၊၇၊၈၊၉) (၄)ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ခမဲပြင်အောင်မြေကျွန်း မြတ်စေတီ မြတ်ကြီး၏  သမိုင်းကြောင်းဖြစ်စဉ်မှာ  ခမဲပြင်အောင်မြေကျွန်းမြတ် အတုလ အောင်ဆုတောင်းပြည့် စေတီတော်ကြီးတည်ရှိရာ ခမဲပြင်ကုန်းတော်သည် မွန်နှင့်မြန်မာ အကြိမ်ကြိမ်စစ်ဖြစ်ပွားခဲ့ရာ ပဲခူးဘုရင် ရာဇရာဇ်နှင့် မြန်မာ ဘုရင်မင်းခေါင် မင်းသားမင်းရဲကျော်စွာတို့ ဒလ/ပန်းကျော် စစ်ပွဲများတိုက် ခိုက်စစ်ချီရာ လမ်းကြောင်းအနီးတွင်  တည်ရှိပြီး မွန်ဘုရင်သည် မြန်မာ ဘုရင်တို့နှင့်    စစ်ရှုံးသည်ရှိသော်ဒလတပ်ဖွဲ့မှတပ်ဆုပ်၍ စစ်တစ်ခေါက်နားရာ  စစ်ရေးပြန်လည် လေ့ကျင့်ရာ ပဲခူးတောင်ဘက် ” ကမာပြင်” အရပ်သည် ယခု” ခမဲပြင်” နေရာဖြစ်ပါသည်။ သက္ကရာဇ်(၈၃၇)ခုနှစ်တွင် ဒုတိယမင်းရဲ ကျော်စွာ စံ(စောရွှေခက်)၏  သားမင်းရဲကျော်စွာငယ် (ရမည်းသင်းစ) မွန်ကျေး-  ကောလိယတွင် စစ်နိုင်၍  ၎င်းပုန်းအောင်းခဲ့ရာ အုန်းနှဲပင်ကြီး သစ်ခေါင်း မှ ပြဒါးရှင်လုံးပါသည်။ရုပ်ပွားတော်(၁)ဆူကိုလည်း ထို ” ဒင်းဘဲလ်” အရပ်ရှိ စေတီတွင် ဌာပနာခဲ့ပြီး ထိုစေတီတော်မြတ်အမည်ကိုလည်း မဟာအတုလ ဆံတော်ရှင် စေတီတော်မြတ်ကြီးဟု ခေါ်တွင်စေခဲ့ပါသည်။

 

(ဆ)   သနပ်ပင်မြို့နယ်

 

သနပ်ပင်မြို့နယ်အနေဖြင့် အထင်ကရပွဲတော်များ မရှိပါ။

 

( ဇ )   ပဲခူးမြို့နယ်

                 ( ၁ )   ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို နှစ်စဉ်နှစ်တိုင်း တန်ခူးလဆန်း(၁၀) ရက်မှ တန်ခူးလဆုတ်(၄) ရက်နေ့အထိ (၁၀) ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပါသည်။ တန်ခူးလပြည့်နေ့ အရုဏ်တက်ချိန်တွင် ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ ညနေပိုင်းတွင် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ် အပါး(၅၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ပွဲတော်ကြီးပြီးဆုံးသည့် နောက်တနေ့ တွင် သြဝါဒစရိယဆရာတော်ကြီးများကို ပင့်ဖိတ်ပြီး ဆွမ်းဆပ်ကပ် လှူဒါန်း ပါသည်။ ပွဲတော် ကျင်းပသည့် ကာလအတွင်းတွင်လည်း ဇာတ်ပွဲများ၊ ပျော်ပွဲ ရွှင်ပွဲများထည့်သွင်းကာ ရွှေမော်ဓေါစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပါသည်။

( ၂ )   သမိုင်းကြောင်း။      ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ပွဲတော်များတွင်မှ အထင် ကရဖြစ်သည့် ပွဲတော် တစ်ခုမှာ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးပေါ်တွင် သာသနာရောင်ဝါ ထိန်ထိန်လင်းစေဘို့ ခန့်ညား ထယ်ဝါမှု အပြည့်အဝရှိသော နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သည့် မသိုး သင်္ကန်းရက်လုပ်ပူဇော်ပွဲဖြစ်ပါသည်။ မသိုးသင်္ကန်းရက်လုပ်၍ လှူဒါန်း ပူဇော်ခြင်းမှာ သက်တော်ထင်ရှား မြတ်စွာဘုရားရှိစဉ်အခါက မိထွေးတော် ဂေါတမီ၏ သင်္ကန်းအလှူကို အကြောင်းပြုပြီး ရှေးမင်းအဆက်ဆက် ဗုဒ္ဓဘာသာဝင်များ အမြတ်တနိုးတန်ဖိုးထားပြီး လှူဒါန်းခဲ့သော ကုသိုလ် ပွဲတော်ဖြစ်ပါသည်။ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်များ၏ ကုသိုလ်တော်နှင့် တစ်ညတာလုံး ရက်လုပ်ထားသည့်  မသိုးသင်္ကန်း(ကထိန်သင်္ကန်း)တော်များကို လပြည့်နေ့အရုဏ်မတက်မီ အချိန် တွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူဖြစ်သည့် ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူနှင့် နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားရှင်မြတ်တို့ကို ရည်စူးပြီး ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓ ရုပ်ပွားတော်များအား (သာဟတ္ထိက) ဒါနမြောက် ဆပ်ကပ်လှူဒါန်းသည့် ပွဲတော်ကြီး ဖြစ်ပါသည်။