Home / တိုင်းရင်းဆေးပညာဦးစီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

၁။      နိဒါန်း

          ကျန်းမာရေးဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာနများအနက် တိုင်းရင်းဆေးပညာဦးစီးဌာနသည် ဦးစီးဌာန(၁)ခုအဖြစ် (၃-၈-၁၉၈၉)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ရည်မှန်းချက်(၂)ရပ်ကို အကောင် အထည် ဖော်ရန် နည်းနာ(၃)ရပ်နှင့်အညီ တိုင်းရင်းဆေးပညာဖြင့် ဆောင်ရွက်လျှက်ရှိပါသည်-

၂။      ရည်ရွယ်ချက်

          တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ-

          (က)   အမျိုးသားကျန်းမာရေးစီမံကိန်း       ကျန်းမာရေးစောင့်ရှောက်မှု   အခန်းကဏ္ဍတွင်              တိုင်းရင်းဆေးပညာဖြင့် ပါဝင်ဆောင်ရွက်သွားရန်၊

          (ခ)    တိုင်းရင်းဆေးဝါးများနှင့် တိုင်းရင်းဆေးပညာရပ်တို့အား စနစ်တကျ စံချိန်စံညွှန်းနှင့်           အညီ တိုးတက်လာစေရေးဖော်ဆောင်ရန်၊

          (ဂ)    ရှေးဟောင်းဆေးနည်းနှင့် ဆေးပညာရပ်တို့အား ပြန်လည်ဖော်ထုတ်ရန်နှင့် အန္တရာယ်             ကင်းပြီး   အကျိုးထိရောက်မှုရှိသော   ဆေးဝါးနှင့်  ကုသမှုနည်းသစ်များအားရှာဖွေ               ဆောင်ရွက်ရန်၊

          (ဃ)   ပြည်သူ့ကျန်းမာရေးစောင့်ရှာက်မှုတွင် ကျွမ်းကျင်မှုအခြေခံ၍ အရည်အချင်း ပြည့်ဝသည့်                    တိုင်းရင်းဆေးဆရာများအား လေ့ကျင့်မွေးထုတ်ပေးရန်။

၃။      ဌာနများဖွဲ့စည်းထားရှိမှုအခြေအနေ

        (က)   တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး            (၁) ရုံး

          (ခ)    ခရိုင်တိုင်းရင်းဆေးကုဌာနမှူးရုံး                   (၄) ရုံး

          (ဂ)    မြို့နယ်တိုင်းရင်းဆေးကုဌာန                         (၁၉) ခု

          (ဃ)   မြို့နယ်ခွဲတိုင်းရင်းဆေးကုဌာန             (၃) ခု

          (င)    ကွင်းဆင်းဆေးကုဌာန                        (၃) ခု

          (စ)    (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ              (၁)ရုံ တို့အားဖွင့်လှစ်၍ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။

၄။      ဝန်ထမ်းရေးရာဆောင်ရွက်မှု

          (က)   အရာထမ်း             –             ၁၁ ဦး

          (ခ)    အမှုထမ်း               –           ၁၄၄ ဦး

                   စုစုပေါင်း           –          ၁၅၅ ဦး

 

၅။      ဇူလိုင်လအတွင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ

          (က)   ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ

စဉ် အကြောင်းအရာ ပဲခူးခရိုင်နှင့် မြို့နယ် ဆေးကုဌာနများ တောင်ငူခရိုင်နှင့် မြို့နယ် ဆေးကုဌာနများ သာယာဝတီခရိုင်နှင့် မြို့နယ် ဆေးကုဌာနများ ပြည်ခရိုင်နှင့် မြို့နယ် ဆေးကုဌာနများ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ပြည်မြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ ပဲခူးမြို့ စုစု ပေါင်း
ကြိမ် ဦးရေ ကြိမ် ဦးရေ ကြိမ် ဦးရေ ကြိမ် ဦးရေ ကြိမ် ဦးရေ ကြိမ် ဦးရေ ကြိမ် ဦးရေ
ရောဂါကုသခြင်း

 

   
က ပြင်ပလူနာ

 

၈၉၉ ၆၄၁ ၁၁၇၄ ၁၂၇၆ ၈၃၆   ၄၈၂၆
အတွင်းလူနာ

 

၆၃   ၆၃
ကွင်းဆင်းလူနာ

 

၂၉ ၅၅၃ ၃၅ ၈၀၆ ၂၄ ၈၇၆ ၁၇ ၆၉၄ ၁၀၅ ၁၇၆ ၁၁၁ ၃၂၁၀
ပညာပေးဟောပြောခြင်း

 

၇၉၁ ၁၇ ၆၃၂ ၆၁၁ ၁၂ ၉၄၀ ၅၀ ၁၂၁ ၄၈ ၃၁၄၅
သင်တန်းပို့ချခြင်း

 

၁၉၇ ၁၄၈ ၃၄၅

 

          (ခ)    ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာန အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

        ဇီးကုန်းမြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးကုဌာန(၄၀x၃၀x၁၂)ပေ အုတ်ညှပ်တစ်ထပ် သွပ်မိုး အဆောက်အဦအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၂၀,၀၀၀,၀၀၀ိ) ကျပ်သိန်းနှစ်ရာတိတိဖြင့်ခွင့်ပြုချထားမှုအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူ၍ Day Luck ကုမ္ပဏီသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပါသည်။

        မြို့နယ်တိုင်းရင်းဆေးကုဌာနတွင် တာဝန်ကျဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၃၆,၂၈၉,၀၀၀ိ) ကျပ်သုံးရာခြောက်ဆယ့် နှစ်သိန်းရှစ်သောင်းကိုးထောင်တိတိခွင့်ပြုချထားမှုအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန် မှုကိုခံယူ၍ ဝန်ထမ်းအိမ်ရာ(၁၈x၃၂)ပေ၊ (၃)ခန်းတွဲ အုတ်ညှပ်တစ်ထပ် သွပ်မိုးတည်ဆောက်ခြင်း၊ ကွန်ကရစ်တိုင် ချိန်းလင့်ဖြင့်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအား Autumn Dream ကုမ္ပဏီအား လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပါသည်။

        ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနအား (၇-၇-၂၀၁၅)ရက်နေ့မှစ၍ အသစ်တိုးချဲ့ဖွဲ့စည်းခွင့် ပြုခဲ့သည့်အတွက် (၁၇-၁၂-၂၀၁၅)ရက်နေ့မှ စတင်၍ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါရာ မြို့နယ်တိုင်းရင်းဆေးကုဌာနအဆောက်အဦ ဖွင့်ပွဲအခမ်း အနားကို (၂၆-၇-၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာထမ်းအမှုထမ်းများ၊ လူမှုရေးအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြ ပါသည်။