Home / ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံး

ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံး

kon 1

ပဲခူးတိုင်းဒေသကြီးကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံး၏  ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းဆောင်ရွက်ချက်များ

ရည်မှန်းချက်

ပဲခူးတိုင်းဒေသကြီးကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံး၏ ရည်မှန်းချက်မှာ ကုန်တင် ကုန်ချလုပ်ငန်းများကို စနစ်တကျကြီးကြပ်အုပ်ချုပ်နိုင်စေရန်နှင့် လုပ်ငန်းများတိုးတက် ကောင်းမွန်လာစေရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး ကုန်စျေးနှုန်းတည်ငြိမ်စေရေးနှင့်ကုန်တင်ကုန်ချ လုပ်ငန်းများ စနစ်တကျ ရှိစေရန်၊အလုပ်သမားများ၏ လုပ်ခများမှန်ကန်စွာရရှိစေရန်နှင့်ဘဝအာမခံ ချက်များရရှိစေရန်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်စည်းကမ်းကောင်းမွန်စေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်တို့ဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ

၁။             မြို့နယ်ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများ နှင့်သက်သာချောင်ချိရေးရန်ပုံငွေများ မှန်ကန်စွာရရှိစေရန် ကြီးကြပ်ကွပ်ကဲခြင်း၊ ကုန်တင်ကုန်ချလုပ်ငန်း လျှောက်ထားမှုများကို စိစစ်ခွင့်ပြုခြင်းငြင်းပယ်ခြင်း၊ မြို့နယ်ကော်မတီများနှင့်ကုန်တင်ကုန်ချလုပ်ငန်း ခွင့်ပြုချက်ရရှိထားသူများမှ တင်ပြလာသည့် ဒေသန္တရကုန်စျေးနှုန်းများနှင့်အညီ ထိုက်တန်သော လုပ်ခနှုန်းထား များရရှိစေရေးအတွက် စိစစ်အတည်ပြုခြင်းပြင်ဆင်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ရှင်းစေရေးနှင့် မတော်တဆထိခိုက်မှုမဖြစ်ပွားစေရေးတို့အတွက် ကြီးကြပ်ခြင်း၊ မြို့နယ်ကုန်တင်ကုန်ချ လုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးများနှင့်ဌာနခွဲများကို ဖွဲ့စည်းပြီးလုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း စသော လုပ်ငန်းတာဝန်များ ကိုဆောင်ရွက်ရပါသည်။

၂။                ထို့အပြင် ပဲခူးတိုင်းဒေသကြီးကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အစည်း အဝေးကို တစ်လလျှင်တစ်ကြိမ်ကျင်းပခြင်း၊ လိုအပ်ပါကအထူးအစည်းအဝေးခေါ်ယူခြင်း၊ မြို့နယ် ကော်မတီရုံးများနှင့်ဌာနခွဲမျာသည် အကြောင်းတစ်ရပ်ရပ်ကြောင့် ဖျက်သိမ်းရမည့်အခြေအနေပေါ်ပေါက် လာပါက စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ သတ်မှတ်ချက်များနှင့်အညီစာရင်းရှင်းလင်းဖျက်သိမ်းပြီး အစိုးရအဖွဲ့သို့တင်ပြခြင်း၊တိုးချဲ့ဖွင့်လှစ်သောကော်မတီရုံးများနှင့်ဌာနခွဲရုံးများ၏ အနည်းဆုံး လုပ်သား အင်အားနှင့်အများဆုံးလုပ်သားအင်အား သတ်မှတ်ပေးခြင်းနှင့်အတည်ပြုပေးခြင်း ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အလုပ်သမားများမှ တိုင်ကြားမှုများပေါ်ပေါက်လာပါက စုံးစမ်းစစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးခြင်းနှင့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရပါသည်။

၃။               ကုန်တင်ကုန်ချအလုပ်သမားများခန့်ထားခြင်း၊မှတ်ပုံတင်ခြင်းတို့နှင့်စပ်လျဉ်း၍ စည်းမျဉ်း၊ စည်းကမ်း များသတ်မှတ်ပေးခြင်း၊လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးအတွက် အမိန့်များထုတ်ပြန်ခြင်း၊ လုပ်ငန်းခွင်စည်းကမ်းများသတ်မှတ်ခြင်းနှင့် အပြစ်ပေးအရေးယူခြင်းများကိုဆောင်ရွက်ခြင်း၊ မြို့နယ်ရုံး များ၏ ရသုံးမှန်းခြေငွေစာရင်းများအား အတည်ပြုသတ်မှတ်ပေးခြင်း၊ပဲခူးတိုင်းဒေသကြီး ကုန်တင် ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် တိုင်းဒေသကြီးကုန်တင်ကုန်ချလုပ်ငန်းနှင့် သက်ဆိုင်သည့် အလံပုံစံ၊ အလံအရွယ်အစား၊ ရုံးတံဆိပ်၊ ရင်ထိုး၊ လက်မောင်းတံဆိပ်နှင်ဝတ်စုံ (Uniform)များကို အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့်အတည်ပြုသတ်မှတ်ခြင်းများကို ဆောင်ရွက်ရပါသည်။

 ဥပဒေ၊လုပ်ထုံးလုပ်နည်း

၁။             ပဲခူးတိုင်းဒေသကြီးကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံး၏ ဝန်ထမ်းများသည် အစိုးရခန့်ဝန်ထမ်းများဖြစ်ပြီး မြို့နယ်ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံး၏ ဝန်ထမ်းများ သည် အစိုးရခန့်ဝန်ထမ်းများ အပြင်ကော်မတီခန့်ဝန်ထမ်းများဖြင့် ပူးတွဲခန့်ထားပါသည်။

၂။                မြို့နယ်ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးလက်အောက်ရှိ မှတ်ပုံတင် အလုပ်သမားများ၏ လုပ်ခဝင်ငွေမှ ၅%ကို ကောက်ခံပြီး အလုပ်သမားများ၏ သက်သာချောင်ချိရေး ရန်ပုံငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် စုဆောင်းထားရှိပါသည်။၄င်းရန်ပုံငွေမှ အလုပ်သမားများ၏ ဝတ်စုံများ၊ပညာသင်ထောက်ပံ့ကြေးများ၊ကရုဏာကြေးများစသည့် အလုပ်သမားများ၏သက်သာ ချောင် ချိရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးရပြီး ပိုလျှံသည့်ငွေများအား နှစ်ရှည်ငွေစုလက်မှတ်များကို မြန်မာ့စီးပွားရေး ဘဏ်တွင် ဝယ်ယူစုဆောင်းထားရှိပါသည်။

လုပ်ငန်းဆောင်ရွက်ချက်များ

၁။               ပဲခူးတိုင်းဒေသကြီးကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးအနေဖြင့် လက်အောက်ခံ ရုံးများ ဖြစ်သော ပဲခူးမြို့နယ်ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးနှင့်ပြည်မြို့နယ် ကုန်တင် ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးတို့အား ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရပါသည်။ ယင်းမြို့နယ် ရုံး(၂)ရုံးတို့မှ ဝယ်ယူစုဆောင်းထားသောငွေစုလက်မှတ်များကို ပဲခူးတိုင်းဒေသကြီးကုန်တင်ကုန်ချ လုပ်ငန်းကြီးကြပ်ရေး ကော်မတီရုံး မှ ထိန်းသိမ်းထားရှိပါသည်။

၂။             ပဲခူးမြို့နယ်ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးလက်အောက်တွင် ပဲခူးဘူတာဌာနခွဲ၊ ပဲခူး သနပ်ဖက်တန်းဌာနခွဲ၊ ညောင်လေးပင်ဘူတာဌာနခွဲနှင့် ညောင်လေးပင်ကားဌာနခွဲ တို့ရှိပါသည်။ ပဲခူးဘူတာ ဌာနခွဲတွင် လုပ်သား (၂၀)ဦး၊ပဲခူးသနပ်ဖက်တန်းဌာနခွဲတွင် လုပ်သား (၁၆)ဦး၊ ညောင်လေးပင်ဘူတာဌာနခွဲနှင့် ညောင်လေးပင်ကားဌာနခွဲတွင် လုပ်သား (၄၆)ဦးတို့ရှိပြီး စုစုပေါင်း လုပ်သား(၈၂)ဦး ရှိပါသည်။၄င်းဌာနခွဲများမှ ပေးသွင်းလာသော ၅%သက်သာချောင်ချိရေးရန်ပုံငွေများ ကို မြန်မာ့စီးပွားရေးဘဏ်သို့ နေ့စဉ်ပေးသွင်းရပါသည်။

၃။             ပြည်မြို့နယ်ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးလက်အောက်တွင် ပြည်ဘူတာဌာနခွဲ၊ ပြည်သင်္ဘောဆိပ်ဌာနခွဲ၊ ပြည်ပွဲစားတန်းဌာနခွဲ တို့ရှိပါ သည်။ပြည်ဘူတာဌာနခွဲတွင် လုပ်သား (၁၆)ဦး၊ ပြည်သင်္ဘောဆိပ်ဌာနခွဲတွင် လုပ်သား (၃၂)ဦး၊ ပြည်ပွဲစားတန်းဌာနခွဲတွင်လုပ်သား(၈)ဦး တို့ရှိပြီး စုစုပေါင်း လုပ်သား(၅၆)ဦး ရှိပါသည်။၄င်းဌာနခွဲများမှ ပေးသွင်းလာသော ၅%သက်သာ ချောင်ချိရေးရန်ပုံငွေများကို မြန်မာ့စီးပွားရေးဘဏ်သို့ နေ့စဉ်ပေးသွင်းရပါသည်။

၄။      ပဲခူးတိုင်းဒေသကြီးကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးသည် ပဲခူးတိုင်းဒေသကြီး စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး၏ ကြီးကြပ်ကွပ်ကဲမူကိုခံယူ၍ ပဲခူးမြို့နယ်ကုန်တင်ကုန်ချလုပ်ငန်း ကြီးကြပ်ရေးကော်မတီရုံးနှင့် ပြည်မြို့နယ်ကုန်တင်ကုန်ချ လုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးတို့မှ ပေးပို့ တင်ပြလာသော ဌာနဆိုင်ရာငွေစာရင်းနှင့်ကော်မတီငွေစာရင်းများအား ကြီးကြပ်ကွပ်ကဲဆောင်ရွက် ရပါသည်။ဝန်ထမ်းများ၏ လစာ၊ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်များကိုလည်း ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ လျာထားခွင့်ပြုငွေအတိုင်း ကြီးကြပ်ဆောင်ရွက်ရပါသည်။