Home / ပဲခူးတိုင်းဒေသကြီးပင်စင်ဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးပင်စင်ဦးစီးဌာန

pension

ပဲခူးတိုင်းဒေသကြီးပင်စင်ဦးစီးဌာန

ပင်စင်ဦးစီးဌာနနှင့် နောက်ခံသမိုင်း

၁။      အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ပင်စင်ဦးစီးဌာနသည်   ယခင်မြန်မာနိုင်ငံတော်   ငွေစာရင်းမင်းကြီးရုံး၏  ဌာနခွဲတစ်ခုသာ

ဖြစ်ခဲ့ပြီး ဝန်ထမ်းအင်အား (၇၅)ဦးဖြင့် ဦးစီးဌာန ဝန်ထမ်းများအတွက်  ပင်စင်ကိစ္စများကို

ဆောင်ရွက်ခဲ့ပါသည်။  ထို့နောက်   စနစ်သစ်  အုပ်ချုပ်ရေး    ဖော်ထုတ်မှု   အစီအစဉ်  အရ

၁.၁၂.၁၉၇၂ နေ့မှစ၍ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး၏ ၂၇.၁၁.၁၉၇၂ နေ့စွဲပါ စာအမှတ်၊  စီမံ

ရေးရာ(ထွေ)/၄၂၄ အရ   မြန်မာနိုင်ငံ ငွေစာရင်းမင်းကြီးရုံး၏  ပင်စင်ဌာနစိတ် ၊  ကူးသန်း

ရောင်းဝယ် စာရင်းစစ်ညွှန်ကြားရေးဝန်၏  ဘုတ်၊ကော်ပိုရေးရှင်း၊ ဝန်ထမ်းများ၏  ပင်စင်

ဌာနစိတ် ၊ ဆက်သွယ်ရေး စာတိုက်၊ ကြေးနန်းဆက်သွယ်ရေး စာရင်းရုံးမှ  ပင်စင်ဌာနစိတ်

နှင့်ဒေသန္တရအဖွဲ့အစည်းများမှ ဝန်ထမ်းများ၏  ပင်စင်ကိစ္စအဝဝကို  တာဝန်ယူဆောင်ရွက်

ခဲ့ပါသည်။ ပင်စင်စာရင်းစစ်ချုပ်ရုံးအဖြစ် ရှိနေစဉ်  ဗဟိုစာရင်းအင်းရုံးနှင့်အတူ  ပူးတွဲထား

ရှိခြင်းဖြစ်ပြီးပင်စင်စာရင်းစစ်ရုံးမှ ဝန်ထမ်းအချို့သည်ဗဟိုစာရင်းရုံးသို့  ရွှေ့ပြောင်းတာဝန်

ထမ်းဆောင်ရာတွင် ပါဝင်သွားသောကြောင့် ၃၁.၃.၁၉၇၄နေ့တွင် ဝန်ထမ်းအင်အား(၈၃)ဦး

သာကျန်ခဲ့ပါသည်။

(ခ)    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀.၃.၁၉၇၄ နေ့စွဲပါ စာအမှတ်၊ စဘ၁/၁/၁၂၇(၇၄)

အရ ၁.၄.၁၉၇၄ နေ့မှစ၍ ပင်စင်စာရင်းစစ်ရုံးကို လက်ရှိဝန်ထမ်းအင်အား (၈၃)ဦးနှင့်အတူ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းယူပြီး ယာယီအစီအစဉ်အနေ

ဖြင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် တွဲဘက်ထားခဲ့ပါသည်။ ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ

(၁၆)ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၅.၁.၁၉၇၆ ရက်စွဲပါ စာအမှတ်၊                    စဘ၁/၁/၉၆(၇၅/၇၆)အရယာယီဖွဲ့စည်းပုံ ဝန်ထမ်းအင်အား (၂၀၀)ဦးဖြင့် ပင်စင်ဦးစီးဌာန

ကိုတည်ထောင်ခွင့်ပြုခဲ့ပါသည်။

(ဂ)    ယာယီဖွဲ့စည်းပုံ ဝန်ထမ်းအင်အား (၂၀၀)ဖြင့် ပင်စင်ဦးစီးဌာနအဖြစ် ၁၆.၁.၁၉၇၆ နေ့မှစ၍

တာဝန်ထမ်းဆောင်နေရာမှ လုပ်ငန်းပမာဏသည် နှစ်စဉ်တိုးတက်လာပြီးမြန်မာ့စီးပွားရေး

ဘဏ်ခွဲများနှင့်   ရန်ကုန်တိုင်းအတွင်း  ငွေစာရင်းရုံး(ကာကွယ်ရေး)၌   တိုက်ရိုက်ထုတ်ယူ

လျှက်ရှိသော ကာကွယ်ရေးပင်စင်အသုံးစရိတ်များပါ တာဝန်ယူဆောင်ရွက်လာရသည်ဖြစ်

၍လုပ်ငန်းပမာဏနှင့် ဝန်ထမ်းအင်အားမျှတမှုရှိစေမည့် တိုးချဲ့ဖွဲ့စည်းပုံအင်အား (၃၇၂)ဦး

ဖြင့်ဖွဲ့စည်းခွင့်ပြုရန်  တင်ပြခဲ့ရာ ၁၉၉၀ပြည့်နှစ် ၊ ဖေဖော်ဝါရီလ  (၇)ရက်နေ့တွင် တိုးချဲ့ဖွဲ့

စည်းအင်အား (၃၇၂)ဦးဖြင့် ဖွဲ့စည့်ခွင့် ရရှိခဲ့ပါသည်။

(ဃ)   အမှုထမ်းများ၏ ပင်စင်အမှု့တွဲများအား မြို့နယ်ရုံးများတွင် ပြင်ဆင်ပြီး ပြည်နယ်/တိုင်းအ

ဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှတစ်ဆင့် ပင်စင်ဦးစီးဌာနသို့ ပေးပို့ရာတွင်ခရီးလမ်းပန်း

အဆက်အသွယ်မှုကို  လိုက်၍    ရက်သတ္တပတ်မှ   ရက်သတ္တသုံးလေးပတ်အထိ   ကြန့်ကြာ

 

 

ကြောင်းတွေ့ရှိရပါသည်။ အမှုတွဲများ  မပြည့်စုံ၍  လိုအပ်ချက်များ ပြန်တောင်းရာတွင် ယခု

နည်းတူကြန့်ကြာတတ်ပါသည်။ အချိန်ကြန့်ကြာသည်နှင့်အမျှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ

အကျိုးခံစားခွင့်များကို မြန်မြန်ခံစားခွင့်မရှိဘဲ အခက်အခဲများနှင့်ကြုံတွေ့နေရမည်   ဖြစ်ပါ

သည်။ ထိုအခက်အခဲများ မရှိစေရေးအတွက် ပြည်နယ်/တိုင်းများတွင် ပင်စင်ဦးစီးဌာနရုံးခွဲ

များဖွင့်လှစ်နိုင်ရန် တိုးချဲ့ဖွဲ့စည်းပုံအင်အား  (၆၃၅)ဦးဖြင့်    ဖွဲ့စည်းခွင့်ပြုရန်   တင်ပြခဲ့ရာ

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ရုံး၏ ၅.၁၁.၂၀၀၅ရက်စွဲပါ စာအမှတ်၊၃၅/၂၀၀၅

အဖရ ၂၀၀၅(၉၉)ဖြင့်   ၅.၁၁.၂၀၀၅    ရက်နေ့တွင်  တိုးချဲ့  ဖွဲ့စည်းအင်အား (၆၃၅)ဦးဖြင့်

ဖွဲ့စည်းခွင့်ရရှိခဲ့ပါသည်။

 

ပဲခူးတိုင်းဒေသကြီးရုံး၏ ဖွဲ့စည်းပုံ

၂။      ပဲခူးတိုင်းဒေသကြီး၏ ပင်စင်ဆိုင်ရာ လုပ်ငန်းပမာဏပေါ်မူတည်၍ အောက်ပါအတိုင်း ဖွဲ့စည်း ထားရှိပါသည်-

 

စဉ်            အကြောင်းအရာ                   ဖွဲ့              ခန့်            လစ်လပ်

၁။      လက်ထောက်ညွှန်ကြားရေးမှူး             ၂                 ၂                      –

၂။      ဦးစီးအရာရှိ                                        ၃                 ၃                      –

၃။      ဦးစီးမှူး                                             ၄                 ၄                      –

၄။      ကွန်ပျူတာစီစဉ်ရေးမှူး                       ၂                 ၁                      ၁

၅။      စိစစ်ရေးမှူး-၃                                             ၈                 ၁၅                 (-၇)

၆။      အကြီးတန်းလက်နှိပ်စက်                     ၂                 –                       ၂

၇။      စိစစ်ရေးမှူး-၄                                             ၆                 ၄                      ၂

၈။      အမှုတွဲထိန်း                                        ၄                 –                       ၄

၉။      ယာဉ်မောင်း                                       ၂                  –                       ၂

၁၀။   ရုံးအကူ                                              ၂                 –                       ၂

၁၁။    ရုံးစောင့်                                             ၂                 ၁                      ၁

 

 

စုစုပေါင်း           ၃၇            ၃၀                 ၇

 

 

 

 

 

 

ဌာန၏ရည်မှန်းချက်နှင့်တာဝန်များ

၃။      အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   မူဝါဒ

(၁)     နိုင်ငံ့ဝန်ထမ်းများအငြိမ်းစားယူခွင့်  ရသည့်အခါ ပင်စင်အကျိုး ခံစားခွင့်များ အမြန်

ခံစားခွင့်ရရှိရေးအတွက် ပင်စင်အမှုတွဲ  လက်ခံရရှိသည့်နေ့ရက်မှ (၁၄)ရက်အတွင်း

အပြီးဆောင်ရွက်ရန်။

(၂)     ပင်စင်စားများ ဝန်ထမ်းလစာ ရပ်ဆိုင်းသည့်လတွင်  ပင်စင်လစာ  တစ်ဆက်တည်း

ခံစားခွင့်    ရရှိရေး  အတွက်(၁)လ    အတွင်းပင်စင်   ခံစားခွင့်   ရရှိအောင်ဆောင်

ရွက်ပေးရန်။

(၃)     ဝန်ထမ်းများ သက်ကြီးဘဝတွင် စိတ်အေးချမ်းသာစွာနေထိုင်ရေး၊ စားဝတ်နေရေး

ဖူလုံရေးအတွက် မျှတသည့် ပင်စင်ခံစားခွင့် ရရှိအောင် ဆောင်ရွက်ရန်။

(ခ)    ရည်မှန်းချက်များ

                (၁)     ပင်စင်ရန်ပုံငွေထူထောင်ခြင်းဖြင့် ပင်စင်အသုံးစရိတ်  ခိုင်မာ၍   ရေရှည်တည်တံ့လုံ

လောက်စေမည်။

(၂)     မျှတသော ပင်စင်ခံစားခွင့်များပေးခြင်းဖြင့် ပင်စင်စားများ စားဝတ်နေရေး ဖူလုံစေ

မည်။

(ဂ)    တာဝန်များ

(၁)     ဦးစီးဌာန ဝန်ထမ်းများ၏ ပင်စင်နှင့်လုပ်သက်ဆုငွေ ငွေပေးမိန့်ထုတ်ပြန်ခြင်း။

(၂)     စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၊ စည်ပင်သာယာအဖွဲ့အစည်းများ၏ ပင်စင်နှင့်

လုပ်သက်ဆုငွေ စာရင်းစစ်အစီရင်ခံစာ ထုတ်ပြန်ခြင်း။

(၃)     ယခင်ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့်အာဏာပိုင်အဖွဲ့အစည်းများ၏နိုင်ငံရေးပင်စင်

                        အတွက်နိုင်ငံတော်သမ္မတရုံးမှခွင့်ပြုမိန့်ရရှိသောအခါ ငွေပေးမိန့်ထုတ်ပြန်ပေးခြင်း။

(၄)     ဦးစီးဌာန ကာကွယ်ရေးနှင့် နိုင်ငံရေးပင်စင်များ၏ အသုံးစရိတ်များကို စာရင်းပြုစု

ခြင်းနှင့် အသုံးစရိတ်ခန့်မှန်းခြေစာရင်း ရေးဆွဲခြင်း။

(၅)    နိုင်ငံ့ဝန်ထမ်းဘဏ်ချေးငွေများကို ခုနှိမ်၍ နိုင်ငံ့ဝန်ထမ်းဘဏ်နှင့် စာရင်းရှင်းလင်း

ခြင်း။

(၆)    တစ်လုံးတည်းပင်စင်ကိစ္စများ ဆောင်ရွက်ပေးခြင်း။

 

ဦးစီးဌာန၏ ဆောင်ပုဒ်များ

၄။      အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ကိုယ်ကျင့်တရားလက်ကိုင်ထား ၊ လာဘ်ပေးလာဘ်ယူရှောင်စို့လား။

(ခ)    အကျင့်ပျက်ခြစားတို့ရှောင်ရှား ၊ အသိတရားလက်ကိုင်ထား။

(ဂ)    လာဘ်လာဘမျှော်မှန်း ၊ မိမိဂုဏ်သိက္ခာညစ်နွမ်း။

(ဃ)   လာဘ်ပေးလာဘ်ယူကင်းစင်ဖို့ ၊ ဝန်ထမ်းစည်းကမ်းလိုက်နာစို့။

 

(င)    ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်။

(စ)    ပင်စင်စားအရေး စေတနာဖြင့်ဆောင်ရွက်ပေး။

(ဆ)   ပင်စင်စားတွေစိတ်ချမ်းသာဖို့ တို့တစ်တွေဆောင်ရွက်စို့။

 

ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊နည်းဥပဒေများ

၅။      အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်              ဥပဒေ/နည်းဥပဒေ                                        အကျိုးသက်ရောက်သည့်နေ့

၁။      နိုင်ငံ့ဝန်ထမ်းဥပဒေ                                                                   ၈.၃.၂၀၁၃

၂။      နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ                                                     ၂၆.၃.၂၀၁၄

၃။      မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေများ                                                   ၁၉၂၀

၄။      ထပ်ဆင့်ထုတ် မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေများ                           ၆.၈.၁၉၂၅

၅။      မြန်မာနိုင်ငံအထူးပင်စင်ရေးနည်းဥပဒေများ                                  ၁.၈.၁၉၄၁

၆။      ပင်စင်နည်းဥပဒေသစ်                                                                 ၄.၁.၁၉၅၄

၇။      အခါအားလျော်စွာထုတ်ပြန်ထားသောအမိန့်နှင့်ညွှန်ကြားချက်များ

 

ပင်စင်အကျိုးခံစားခွင့်များ

၆။      ဝန်ထမ်းများခံစားခွင့်ရှိသော ပင်စင်အမျိုးအစားများကို အောက်ပါအတိုင်း သတ်မှတ်သည်-

(က)   သက်ပြည့်ပင်စင်

(ခ)    နှစ်ပြည့်ပင်စင်

(ဂ)    နာမကျန်းပင်စင်

(ဃ)   လျော်ကြေးပင်စင်

(င)    အထူးပင်စင်

–        ဒဏ်ရာအနာတရပင်စင်

–        အထူးမိသားစုပင်စင်

–        ကလေးများပင်စင်

(စ)    မိသားစုပင်စင်

(ဆ)   လျော့ပေါ့ပင်စင်

၇။      ပင်စင်အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   သက်ပြည့်ပင်စင်

တည်ဆဲဥပဒေတစ်ရပ်ရပ်ပါပြဌာန်းချက်များအရသီးခြားသက်မှတ်ထားသည့်ကိစ္စမှတစ်ပါး

အသက်(၆၀)ပြည့်သည့်အခါ သက်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိသည်။

(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ – ၂၃၃(က))

(ခ)    နှစ်ပြည့်ပင်စင်

အသက်(၅၅)နှစ်ပြည့်ပြီးဖြစ်သောဝန်ထမ်းသည် လုပ်သက်နှစ်(၃၀)ပြည့်လျှင်နှစ်ပြည့်ပင်စင်

ခံစားခွင့်ရှိသည်။(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ – ၂၃၃(ခ))

 

 

(ဂ)    နာမကျန်းပင်စင်

လုပ်သက်(၁၀)နှစ်နှင့် အထက်ရှိသည့်   ဝန်ထမ်းသည်   မကျန်းမာ၍  တာဝန်ကိုဆက်လက်

မထမ်းဆောင်နိုင်သည့်အခါတွင် သက်မှတ်ထားသောဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမ

ကျန်းပင်စင်ခံစားခွင့်ရှိသည်။(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ – ၂၃၃(ဂ))

(ဃ)   လျော်ကြေးပင်စင်

ရာထူးတစ်ခုကိုဖျက်သိမ်းလိုက်သည့်အခါ ယင်းရာထူး၌ခန့်ထားသည့်  ဝန်ထမ်းကို  အခြား

ရာထူးတစ်ခုသို့   ပြောင်းရွှေ့နေရာချထားခြင်း   မပြုနိုင်လျှင်သော်လည်း   ယင်းဝန်ထမ်းမှ

ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်    ဆန္ဒမပြုလျှင်သော်လည်းကောင်း    လျော်ကြေးပင်စင်

ခံစားခွင့်ပြုရမည်။  (နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ – ၂၃၃(ဃ))

(င)    အထူးပင်စင်

                ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကို  အကြောင်းပြု၍   ရောဂါရရှိသည့်အခါတွင်  ဖြစ်စေ

ထိခိုက်အနာတရဖြစ်သည့်အခါတွင်ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ   သတ်မှတ်

ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် အထူးပင်စင် ခံစားခွင့်ရှိသည်။

(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ – ၂၃၃(င))

ဒဏ်ရာရခြင်းနှင့်သေဆုံးခြင်းအတွက်  အကျိုးခံစားခွင့်များမှာ     အောက်ပါအတိုင်း ဖြစ်ပါ

သည်-

  • ဒဏ်ရာအနာတရပင်စင်

ဝန်ထမ်းတစ်ဦးသည်   တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊   တာဝန်ထမ်းဆောင်ခြင်းကို

အကြောင်းပြု၍ဖြစ်စေ တစ်စုံတစ်ယောက်၏လက်ချက်ဖြင့် ဒဏ်ရာရခြင်း၊မတော်တဆ

မှုကြောင့်ဒဏ်ရာရခြင်း(သို့မဟုတ်)ရောဂါရခြင်းဖြစ်ပါက ဒဏ်ရာအနာတရပင်စင် ခွင့်ပြုနိုင်ပါသည်။ ဝန်ထမ်းကွယ်လွန်ပါက မိသားစုပင်စင် ခွင့်မပြုရပါ။

  • အထူးမိသားစုပင်စင်

ဝန်ထမ်းတစ်ဦးသည်    တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊     ရာထူးတာဝန်အရဖြစ်စေ

တစ်စုံတစ်ယောက်၏လက်ချက်ကြောင့်(သို့မဟုတ်)၊မတော်တဆမှုကြောင့် (သို့မဟုတ်)

ရောဂါရရှိမှုကြောင့် သေဆုံးပါက ကျန်ရစ်သူဇနီး၊ ခင်ပွန်း၊သားသမီးများအား အထူးမိသားစုပင်စင် ခံစားခွင့်ပြုပါမည်။

  • ကလေးများပင်စင်

အထက်အပိုဒ်ပါ ဖော်ပြချက်အတိုင်း ဝန်ထမ်းကွယ်လွန်ခဲ့ပါက ကျန်ရစ်သူ သား/သမီး များအား အထူးပင်စင်နည်းဥပဒေပါ သတ်မှတ်နှုန်းထားအတိုင်း ကလေးများပင်စင် ခွင့်ပြုပါမည်။ သားဖြစ်ပါက အသက်(၁၈)နှစ်အထိ သမီးဖြစ်ပါက အသက်(၂၁)နှစ် အထိ ခွင့်ပြုရပါမည်။

 

 

 

 

(စ)    မိသားစုပင်စင်

                ဝန်ထမ်းသည်     တာဝန်ထမ်းဆောင်နေဆဲတွင်ဖြစ်စေ  ၊  အငြိမ်းစားယူပြီးနောက်မှဖြစ်စေ

ကွယ်လွန်ခဲ့လျှင်  ကျန်ရစ်သူ  မိသားစုအတွက်  မိသားစုပင်စင်ကို   သတ်မှတ်ချက်နှင့်အညီ

ခံစားခွင့်ရှိသည်။(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ – ၂၃၃(စ))

(ဆ)   လျော့ပေါ့ပင်စင်

အသက်(၅၅)နှစ်ပြည့်ပြီးဖြစ်သော   ဝန်ထမ်းသည် လုပ်သက်နှစ်(၂၀)ကျော်လွန်  လျှင်သော်

လည်းကောင်း၊ အသက်(၅၀)နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် လုပ်သက်(၂၅)နှစ်  ကျော်

လွန်လျှင်သော်လည်းကောင်း   လျော့ပေါ့ပင်စင် ခံစားခွင့်ရှိသည်။  သို့ရာတွင် နိုင်ငံတော်၏

လိုအပ်ချက်အရ ဖော်ပြပါ သတ်မှတ်ချက်များ မပြည့်မီသော်လည်း  လျော့ပေါ့ပင်စင်  ခွင့်ပြု

နိုင်သည်။(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ – ၂၃၃(ဆ))

ပင်စင်နှင့်လုပ်သက်ဆုငွေတွက်ချက်ပုံ

၈။      ၂၆.၃.၂၀၁၄ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၂၄၆ အရ အောက်ပါအတိုင်း ပြင်ဆင်တွက်ချက်ခွင့်ပြုခဲ့ပါသည်-

(က)   လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက်(၅)နှစ်မပြည့်သည့်ကိစ္စ

လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀၀%

(ခ)    လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက်(၅)နှစ်ပြည့်ပြီး (၁၀)နှစ်မပြည့်သည့်ကိစ္စ

လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၅၀%

(ဂ)    လုပ်သက်(၁၀)နှစ်နှင့်အထက်

ပင်စင်လစာ      = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅ %

လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀ %

၉။      ကွယ်လွန်သူဝန်ထမ်းများအတွက် အောက်ပါအတိုင်း တွက်ချက်ခွင့်ပြုပါသည်။

(က)   လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက်(၅)နှစ်မပြည့်သည့်ကိစ္စ

လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀၀%

(ခ)    လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက်(၅)နှစ်ပြည့်ပြီး (၁၀)နှစ်မပြည့်သည့်ကိစ္စ

လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ၏ ၁၂ဆ

 

 

(ဂ)    လုပ်သက်(၁၀)နှစ်နှင့်အထက်

ဇနီး/ခင်ပွန်း

ပင်စင်လစာ      = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅ % x ၃/၄

လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀ %

(သို့မဟုတ်)                                      များရာ

ခွင့်ပြု

= နောက်ဆုံးထုတ်လစာ x ၁၂

ခံစားခွင့်ရှိသည့်ကာလ – နောက်အိမ်ထောင်ပြုသည့်နေ့(သို့မဟုတ်)ကွယ်လွန်သည့်နေ့ထိ

အခြားမိသားစုဝင်များ

ပင်စင်လစာ      = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅ % x ၁/၂

လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀ %

(သို့မဟုတ်)                                      များရာ

ခွင့်ပြု

= နောက်ဆုံးထုတ်လစာ x ၁၂

ခံစားခွင့်ရှိသည့်ကာလ- ဝန်ထမ်းပင်စင်စတင်ခွင့်ပြုသည့်နေ့မှ(၁၅)နှစ်အထိ

၁၀။    ဒဏ်ရာရခြင်းနှင့်သေဆုံးခြင်းအတွက် ခွင့်ပြုသော ဒဏ်ရာအနာတရပင်စင်၊ အထူးမိသားစု ပင်စင်နှင့် ကလေးများပင်စင်သည် လုပ်သက်ကို အခြေခံ၍ တွက်ချက်ခွင့်ပြုခြင်းမဟုတ်ဘဲ မြန်မာပြည် အထူးပင်စင်နည်းဥပဒေပါ သက်မှတ်ခွင့်ပြုထားသည့် ဇယားပါ နှုန်းထားများအတိုင်း ခွင့်ပြုရပါသည်။ ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းအတွက် ခွင့်ပြုသော ပင်စင်အကျိုးခံစားခွင့်များကို ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၊ ၂၀၈/၂၀၁၂ ဖြင့် ပြင်ဆင်သတ်မှတ်ထားပါသည်။

လုပ်သက်ဆက်စပ်ခွင့်ပြုခြင်း

၁၁။          အရာထမ်းအမှုထမ်းများ၏ ပင်စင်အကျိုးခံစားခွင့် အလို့ငှာ ရာထူးစုအမျိုးအစား မတူညီသော် လည်းလုပ်သက်(၂)ခုကို ပေါင်းစပ်ရေတွက်ရမည် ပင်စင်အကျိုးခံစားခွင့်ရှိသော ပြတ်တောက်နေသည့် ကာလများကို ဆက်စပ်ပေးပိုင်ခွင့်ရှိသူက ခိုင်လုံသောအကြောင်းရှိပါက ပင်စင်အကျိုးငှာ ဆက်စပ်ခွင့်ပြု နိုင်သည်။ ယင်းသို့ခွင့်ပြုရာတွင် ယခင်လုပ်သက်သည် အနည်းဆုံး (၁)နှစ်ရှိရမည်။

(နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ – ၂၃၆)

 

 

ချို့တဲ့ကာလဖြည့်စွက်၍ ရေတွက်ခွင့်ပြုခြင်း

၁၂။    နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ-၂၄၄၊၂၄၅

(က)   ပင်စင်အကျိုးခံစားခွင့်ကို တွက်ချက်သည့်အခါ ယင်းအကျိုးခံစားခွင့်ရှိသည့်  နှစ်ပြည့်သော

လုပ်သက်ကိုသာ ရေတွက်ရပြီး ၊ လစွန်းရက်စွန်းများကို ပယ်ရမည်။ သို့ရာတွင်  သက်ပြည့်

ပင်စင်  နာမကျန်းပင်စင်နှင့်  လျော်ကြေးပင်စင်ယူသည့်ကိစ္စများ၌  ဝန်ထမ်း၏  လုပ်သက်

သည်ကျေနပ်ဖွယ်ရှိလျှင်    ထိုလစွန်းရက်စွန်းများတွင်  နှစ်ပြည့်ရန်  လိုနေသည့်  ကာလကို

(၁)     ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက (၆)လအထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။

(၂)     ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးက(၁၂)လအထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။

(ခ)    အောက်ပါကိစ္စများ၌   ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက်၏  လစွန်းရက်စွန်းများတွင်

နှစ်ပြည့်ရန်လိုနေသည့်  ကာလကို ဖြည့်စွက်ရေတွက်ခွင့်မပြုရ-

(၁)     လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက်တွင် ငါးနှစ်ပြည့်ရန်လိုသည့် ကာလ

(၂)     ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက်တွင် (၁၀)နှစ်ပြည့်ရန်လိုသည့် ကာလ

(၃)     လုပ်သက်(၂၀)နှစ်ပြည့် လျော့ပေါ့ပင်စင် ခံစားခွင့်အတွက် လိုသည့်ကာလ

(၄)     လုပ်သက်(၂၅)နှစ်ပြည့် လျော့ပေါ့ပင်စင် ခံစားခွင့်အတွက် လိုသည့်ကာလ

(၅)    လုပ်သက် နှစ်(၃၀)ပြည့် နှစ်ပြည့်ပင်စင် ခံစားခွင့်အတွက် လိုသည့်ကာလ

မိသားစုပင်စင်ခံစားခွင့်အတွက် ဦးစားပေးအစီအစဉ်

၁၃။    နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေများ -၂၄၈အရ မိသားစုပင်စင် ဦးစားပေး အစီအစဉ်မှာ အောက်ပါတိုင်း ဖြစ်ပါသည်။

(က)   (၁)     ကွယ်လွန်သူ၏ ကျန်ရစ်သူတရားဝင်ပထမဇနီး(သို့)တရားဝင်ခင်ပွန်း

(၂)     တရားဝင်ဇနီး(သို့မဟုတ်)  တရားဝင်ခင်ပွန်းမရှိခဲ့သော်  အသက်(၁၈)နှစ်  မရှိသေး

သည့်အိမ်ထောင်မပြုရသေးသော   တရားဝင်  သားသမီး (သို့မဟုတ်) အသက်(၁၈)

နှစ်ပြည့်ပြီး  ဖြစ်သော်လည်း  တက္ကသိုလ်ကောလိပ်ကျောင်းတစ်ခုခုတွင် အချိန်ပြည့်

ပညာသင်ကြားလျက်ရှိသော   အိမ်ထောင်မပြုရသေးသည့်  တရားဝင်သားသမီး၊

(၃)     အထက်ပါပုဂ္ဂိုလ်များ မရှိခဲ့သော် အိမ်ထောင်မပြုရသေးသည့် သမီး(သို့)မုဆိုးမဖြစ်

နေသောသမီး။

 

 

 

(၄)     အထက်ပါ   ပုဂ္ဂိုလ်များ   မရှိခဲ့သော်   အိမ်ထောင်လည်း   မပြုရသေးသည့်   အပြင်

အသက်(၁၈)နှစ်  မပြည့်သေးသည့်အဖမဲ့မြေး(သို့မဟုတ်)  အသက်(၁၈)နှစ်ပြည့်ပြီး

ဖြစ်သော်လည်း တက္ကသိုလ်ကောလိပ်   ကျောင်းတစ်ခုခုတွင်အချိန်ပြည့်   ပညာသင်

ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသော အဖမဲ့မြေး။

(ခ)    အထက်အပိုဒ်တွင်ဖော်ပြသည့်အတိုင်းမိသားစုပင်စင်ကို ခံစားမည့်သူမရှိခဲ့သော်အောက်ပါ

ပုဂ္ဂိုလ်များကို ခံစားခွင့်ပြုနိုင်သည်။ သို့ရာတွင်  ကွယ်လွန်သူဝန်ထမ်းနှင့်အတူ  မှီခိုနေထိုင်

ခဲ့ရသူဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားကို တင်ပြမှသာ ခံစားခွင့်ပြုရမည်-

(၁)     အမိအဖအရင်း၊

(၂)     အမိအဖမရှိပါက  ဝန်ထမ်း၏  အသက်(၁၈)နှစ်   မပြည့်သေးသည့်  ညီ(သို့မဟုတ်)

ညီမ(သို့မဟုတ်)  အသက်(၁၈)နှစ်ပြည့်ပြီး   ဖြစ်သော်လည်း   တက္ကသိုလ်ကောလိပ်

ကျောင်းတစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားလျက်ရှိသည့် ညီ(သို့မဟုတ်)ညီမ။

(၃)     နည်းဥပဒေခွဲငယ်(၂)ပါ ပုဂ္ဂိုလ်များ မရှိပါက ဝန်ထမ်း၏ အိမ်ထောင်မပြုသေးသည့်

ညီမ(သို့မဟုတ်)အစ်မ  (သို့မဟုတ်) မုဆိုးမဖြစ်နေသည့် ညီမ(သို့မဟုတ်)အစ်မ။

(၄)     နည်းဥပဒေခွဲငယ်(၃)ပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏ အခြားသောညီ(သို့မဟုတ်)

အစ်ကို(သို့မဟုတ်)ညီမ(သို့မဟုတ်)အစ်မ။

၁၄။    မိသားစုပင်စင်ကို အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ဆက်လက်ခံစားခွင့်မရှိစေရ –

(က)   ကျန်ရစ်သူ တရားဝင် ခင်ပွန်း(သို့မဟုတ်)ဇနီးသည် နောက်အိမ်ထောင်ပြုခြင်း၊

(ခ)    ဝန်ထမ်း၏ မိသားစုဝင် အိမ်ထောင်မပြုရသေးသည့်  အမျိုးသားအမျိုးသမီး   တစ်ဦးသည်

အိမ်ထောင်ပြုခြင်း ၊

(ဂ)    ဝန်ထမ်း၏ မိသားစုဝင်မဟုတ်သူ

(နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ – ၂၄၉)

တစ်လုံးတည်းပင်စင်လဲလှယ်ခြင်း

၁၅။   အငြိမ်းစား၏ ပင်စင်လစာမှ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အားလုံးကိုဖြစ်စေ တစ်လုံးတစ်ခဲတည်း ပင်စင်အဖြစ် လဲလှယ်ခွင့်ပြုနိုင်ပါသည်။ တစ်လုံးတည်းပင်စင်လဲလှယ်ခြင်းကို မြန်မာနိုင်ငံ မြို့ပြပင်စင် ဆိုင်ရာ တစ်လုံးတည်းပင်စင်လဲလှယ်ရေး နည်းဥပဒေအရ လဲလှယ်ခြင်းကို ခွင့်ပြုပါသည်။

(နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ – ၂၄၂)

 

 

၁၀

အောက်ပါစည်းကမ်းချက်များနှင့်အညီ လဲလှယ်ခွင့်ပြုပါသည်-

(က)   ပင်စင်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုသည့် နှုန်းထားအတိုင်း တစ်လုံးတစ်ခဲ

တည်းပင်စင်အဖြစ် လဲလှယ်ခွင့်ပြုနိုင်သည်။

(ခ)    အထူးနှစ်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူထားသူ ဝန်ထမ်းများသည်ပင်စင်ယူသည့်နေ့မှ(၁၀)

နှစ်အတွင်း တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်မရှိပါ။

(ဂ)    နာမကျန်းပင်စင်ကို ဆေးလက်မှတ် အဆင့်(B)ဖြင့် ရရှိသူများသည်လည်း  ပင်စင်ယူသည့်

နေ့မှ (၁၀)နှစ်အတွင်း တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်မရှိပါ။

(ဃ)   ဂရုဏာကြေးစရိတ် ရရှိသူအား  သာမန်အားဖြင့်  တစ်လုံးတည်းပင်စင်   လဲလှယ်ခွင့်မပြုပါ

ပင်စင်စားအတွက်   အလွန်အမင်းနစ်နာစေသော   ကိစ္စများတွင်သာ   အထူးကိစ္စအနေဖြင့်

တစ်လုံးတည်း ပင်စင်လဲလှယ်ခြင်းကို ခွင့်ပြုပါသည်။

(င)    တစ်လုံးတည်းပင်စင်အဖြစ် လဲလှယ်ငွေကို လစဉ်ထုတ်ယူနေသော ပင်စင်လစာမှ  ရပ်စဲရပါ

မည်။

(စ)    ပင်စင်စားအသက် (၈၀)ကျော်ပါက တစ်လုံးတည်း ပင်စင်လဲလှယ်ခွင့်မပြုပါ။

ဂရုဏာကြေးစရိတ်

၁၆။   ရာထူးမှထုတ်ပယ်ခြင်းခံရသော ဝန်ထမ်းသည် ဤသို့ရာထူးမှ ထုတ်ပယ်ခြင်းခံရသော နေ့မှစ၍ လစာနှင့်စရိတ် ထုတ်ယူခွင့် ဆုံးရှုံးသည့်ပြင် အမှုထမ်းသက်နှင့် ပင်စင်ခံစားခွင့်လည်း ဆုံးရှုံးသည်။ သို့ရာ တွင်တည်ဆဲနည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဂရုဏာကြေးကို လျှောက်ထားခွင့်ရှိပါသည်။

(နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ -၂၁၀(ဇ)(၁))

(က)   ယင်းဝန်ထမ်းသည် အကယ်၍ ရာထူးမှ ထုတ်ပယ်ခံရသည့်နေ့တွင် သာမန်အားဖြင့်  ပင်စင်

ယူပါက ရရှိနိုင်သည့် ပင်စင်နှင့်ဆုငွေ၏ သုံးပုံနှစ်ပုံထက်မပိုသောငွေကို ခံစားခွင့်ရှိသည်။

(မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေအပိုဒ်-၃၅၃နှင့် ပင်စင်နည်းဥပဒေသစ်အပိုဒ်-၈(၂))

(ခ)    ဂရုဏာကြေးခွင့်ပြုရာတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏  သဘောတူ  ခွင့်ပြုချက်ကို

သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ရယူရပါမည်။

(မြန်မာပြည်ထပ်ဆင့်ထုတ်မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေများအပိုဒ်-၄၉)

(ဂ)    ဂရုဏာကြေးစရိတ်ခံစားနေသူ ကွယ်လွန်သွားပါက မိသားစုပင်စင်ခံစားခွင့်မရရှိနိုင်ပါ။

(ပြည်သူ့ဝန်ထမ်းရေးရာဦးစီးဌာန၏ ၂၄.၁၁.၁၉၇၅ နေ့စွဲပါ စာအမှတ်၊၄/၆/စီ(၁၉၃၂/၇၅)

ပဝရ)

 

၁၁

(ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၃၁.၁၀.၁၉၈၇ နေ့စွဲပါ စာအမှတ်၊ဘ-၂(၃)၃/၃၇(၈၇))

(ဃ)   အသားတင်လုပ်သက် (၁၀)နှစ် မကျော်လွန်လျှင် ဂရုဏာကြေးစရိတ် ခံစားခွင့်မရှိပါ။

(ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၆.၂.၁၉၉၃ နေ့စွဲပါ စာအမှတ်၊ဘ-၂(၄)၃/၃/၂၅/၉၃)

(ပင်စင်ဦးစီးဌာန၏ ၂၇.၈.၁၉၉၃ နေ့စွဲပါ ရုံးအမိန့်အပိုင်း (၂)၀၂၉/၉၃)

(င)    ဂရုဏာကြေးစရိတ်၏  တစ်စိတ်တစ်ဒေသ  လဲလှယ်ခွင့်ကို  အလုပ်မှ  ထုတ်ပယ်ခံရခြင်း၏

ပြစ်မှုအကြီးအသေးပေါ်မူတည်၍   ခိုင်လုံသော   အကြောင်းပြချက်ရှိမှ  ခွင့်ပြုလိုက  ခွင့်ပြု

နိုင်သည်။(တစ်လုံးတည်းပင်စင်လဲလှယ်ရေးနည်းဥပဒေအပိုဒ်- ၂(၅))

(စ)    ဂရုဏာကြေးခံစားခွင့်ပေးရန်  အဆိုပြုရာတွင်   အောက်ပါအချက်အလက်များကို  ဖော်ပြ၍

လိုအပ်သော အထောက်အထားများနှင့်တကွ သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ရသုံးမှန်း

ခြေငွေစာရင်းဦးစီးဌာနသို့ ပေးပို့ရပါမည်။ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ သဘောတူ

ခွင့်ပြုမိန့် ရပြီးမှသာလျှင် ပင်စင်အမှုတွဲပြုစု၍ ပင်စင်ဦးစီးဌာနသို့ ပေးပို့ရပါမည်။

(၁)     ပင်စင်အတွက် ရေတွက်နိုင်သောအမှုထမ်းသက်ပေါင်း၊

(၂)     ရာထူးမှနှုတ်ပယ်ခြင်း(သို့မဟုတ်)ထုတ်ပယ်ခြင်းမခံရမီအမှုထမ်းသက်တစ်လျှောက်

တွင်ဆောင်ရွက်ချက်များသည် ကျေနပ်ဖွယ်ရာရှိ/မရှိ၊

(၃)     ပြည်ထဲရေးဌာန၏  ၁၉၄၀ခုနှစ်၊  ဂျီဆာကြူလာအရ  အရေးယူသည့်ကိစ္စတွင် ဌာန ဆိုင်ရာ  စုံစမ်းစစ်ဆေးမှု   အစီရင်ခံစာကိုလည်းကောင်း  ၊  ပြစ်မှုဆိုင်ရာဥပဒေအရ

တရားရုံး၏ စီရင်ချက်အပေါ်  အခြေခံ၍   အရေးယူသည့်  ကိစ္စတွင်   သက်ဆိုင်ရာ

ပြည်သူ့တရားရုံး၏ စီရင်ချက်မိတ္တူကိုလည်းကောင်း တင်ပြရန်၊

(၄)     နိုင်ငံတော်က ဝန်ထမ်းထံမှ ငွေကြေးတစ်စုံတစ်ရာရရန် ရှိ/မရှိ ဖော်ပြရန်နှင့်  ရှိပါက

မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေအပိုဒ် -၂၀၉(ခ) အရ   အဆိုပြုသည့်   ဂရုဏာကြေးမှ

ငွေမည်မျှလျော့သင့်ကြောင်းဖော်ပြရန်၊

(၅)    ဝန်ထမ်း၏  အိမ်ထောင်သားစုဦးရေနှင့်  သားသမီးတို့၏  အလုပ်အကိုင်  မိဘအား

ထောက်ပံ့နိုင်ခြင်း ရှိ/မရှိ ၊  မရှိပါက  မည်သည့်  အကြောင်းကြောင့်  မထောက်ပံ့နိုင်

ကြောင်း၊

(၆)    ဝန်ထမ်း၏စားဝတ်နေရေးအခြေအနေယခုအလုပ်လုပ်ကိုင်နေပါကမည်သည့်အလုပ်

ကိုလုပ်ကိုင်ကြောင်းနှင့်လစာ/ဝင်ငွေ   မည်မျှရရှိကြောင်း  ၊   အလုပ်အကိုင်မရှိပါက

 

 

၁၂

မည်သို့မည်ပုံ နေထိုင်စားသောက်ရကြောင်း စသည်တို့ကိုဖော်ပြသော သက်ဆိုင်ရာ

ရပ်ကွက်အာဏာပိုင် အဖွဲ့အစည်းများ၏ ထောက်ခံချက်၊

(၇)     ဝန်ထမ်း၏ လုပ်သက်အလိုက် ဂရုဏာကြေးမည်မျှရသင့်ကြောင်း  ပင်စင်ဦးစီးဌာန

၏စာရင်းစစ်ထောက်ခံချက် ။(ဤသို့ထောက်ခံချက် တောင်းခံရာတွင် ပင်စင်အမှုတွဲ

ပြုစုပေးရန် မလိုအပ်သေးပါ အမှုထမ်းသက်စာအုပ်ကိုသာ ပေးပို့ရပါမည်။

(၈)    ဝန်ထမ်း၏  လျှောက်လွှာလက်ခံရရှိကြောင်း  ရုံးတံဆိပ်ရိုက်နှိပ်ထားသည့် လျှောက်

လွှာမူရင်းနှင့် ဂရုဏာကြေးပေးရေးအတွက် ထုတ်ပြန်ရန် ရည်ရွယ်သည့်ခွင့်ပြုအမိန့်

စာမူကြမ်း(၂)စောင်။

(ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၆.၅.၁၉၈၆ နေ့စွဲပါ စာအမှတ်၊ ဘ-၂(၄)၃/

၁၄(၈၆))

အငြိမ်းစားဝန်ထမ်းများနှင့်ပတ်သက်၍အထွေထွေပြဌာန်းချက်များ

၁၇။    အငြိမ်းစားဝန်ထမ်းများနှင့်ပတ်သက်၍အထွေထွေပြဌာန်းချက်များမှာအောက်ပါအတိုင်းဖြစ် ပါသည်-

(က)   ဝန်ထမ်းအဖြစ်မှအငြိမ်းစားယူသည့်အခါ ပုံမှန်အားဖြင့် နည်းဥပဒေ -၂၄၆ တွင် ပါရှိသည့်

အတိုင်းခံစားခွင့်ရှိသည်။ အကယ်၍ အငြိမ်းစားယူသည့်ဝန်ထမ်း၏ လုပ်သက်သည် ကျေ

နပ်ဖွယ်ရာမရှိကြောင်း ခိုင်လုံသည့်အထောက်အထားများရှိပါက ဝန်ထမ်းကို  အငြိမ်းစား

ယူခွင့်ပြုနိုင်သူသည်   ပင်စင်ခွင့်မပြုမီ   ယင်းဝန်ထမ်းခံစားခွင့်ရှိသော    ပင်စင်အနက်မှ

သင့်လျော်မည်ဟု ယူဆသည့် ငွေအတိုင်းအတာကို လျော့၍ခွင့်ပြုနိုင်သည်။

(ခ)    ဝန်ထမ်းခံစားခွင့်ရှိသည့်   ပင်စင်လစာကို  ခွင့်ပြုပြီးနောက်မှ   ယင်းဝန်ထမ်း၏ လုပ်သက်

သည် ကျေနပ်ဖွယ်ရာမရှိဟူသောအကြောင်းပြချက်ဖြင့် ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို

လျော့ခွင့်မရှိ။

(ဂ)    အငြိမ်းစားတစ်ဦးကို ဝန်ထမ်းများအတွက် ပြဌာန်းထားသည့် နည်းဥပဒေများအရ အရေး

ယူအပြစ်ပေး၍မရ သို့ရာတွင် အငြိမ်းစားသည် နည်းဥပဒေ-၁၆၃ နည်းဥပဒေခွဲ-ပနှင့် နည်း

ဥပဒေခွဲ-ဖ ပါ  အပြုမူတစ်ရပ်ရပ်ကို   ကျူးလွန်ခဲ့သော်  ယင်းအငြိမ်းစား၏  ပင်စင်လစာ

တစ်စိတ်တစ်ဒေသကိုဖြစ်စေ(သို့မဟုတ်)အားလုံးကိုဖြစ်စေ  ပင်စင်လျော့ချခြင်း ၊  ရပ်ဆိုင်း

ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်းပြုနိုင်သည်။

 

 

၁၃

(ဃ)   အငြိမ်းစားတစ်ဦးအတွက် ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို အငြိမ်းစားမယူမီကကျူးလွန်

ခဲ့သော ပြစ်မှုတစ်ရပ်ရပ်ကို အကြောင်းပြု၍ ရပ်ဆိုင်းထားခြင်းဖြစ်စေ၊ လျော့ခြင်းကိုဖြစ်စေ

မပြုရ။

(င)    အငြိမ်းစားတစ်ဦး၌ တင်ရှိသည့် ကြွေးမြီများအတွက် ပင်စင်လစာကို  တရားရုံး၏  အမိန့်ဒီ

ဂရီအရ သိမ်းဆည်းခြင်း(သို့မဟုတ်)ဝရမ်းကပ်ခြင်းမပြုရ။

(စ)    နာမကျန်းပင်စင်ခွင့်ပြုရာတွင် အထူးကိစ္စရပ်မှတစ်ပါး  မည်သည့်ဝန်ထမ်းကိုမျှ  နာမကျန်း

ဆေးလက်မှတ်တွင်  သတ်မှတ်ထားသော  ဆေးအဖွဲ့၏   လက်မှတ်ရေးထိုးသော  နေ့ထက်

ကျော်လွန်ခန့်ထားခြင်းမပြုရ သို့ရာတွင် ယင်းလက်မှတ်ရေးထိုးသောနေ့နောက်ပိုင်း အထူး

ကိစ္စတစ်ရပ်အနေဖြင့် ပင်စင်ခွင့်ပြုနိုင်သူမှ  ဆက်လက်  တာဝန်ထမ်းဆောင်ခွင့်ပြုလိုပါက

ခွင့်ပြုနိုင်သည့်အပြင် လုပ်သက်ခွင့်ကိုလည်း  ခံစားခွင့်ပေးနိုင်သည်။  ယင်းသို့  ဆက်လက်

ခန့်ထားသောကာလနှင့် ခွင့်ကာလနှစ်ရပ်ပေါင်း  အများဆုံး (၆)လထက်မပိုရ ။  နာမကျန်း

ပင်စင်ယူခွင့်ကိုလည်း ယင်းကာလကုန်ဆုံးမှ ခွင့်ပြုရမည်။

(ဆ)   အမြဲတမ်းရာထူးတစ်ခုကို  ဖျက်သိမ်းရာ၌  ထိုရာထူးတွင်   တာဝန်ထမ်းဆောင်နေသည့်ဝန်

ထမ်းအား  အခြားအလုပ်အကိုင်တစ်ခုခုကို  မပေးလျှင်  ရာထူးမှထွက်ခွာရမည့်  နေ့မတိုင်မီ

(၃)လကြိုတင်၍အကြောင်းကြားရမည်။

(ဇ)     ဝန်ထမ်းတစ်ဦး၏ ပင်စင်အကျိုးခံစားခွင့်ကို ယင်းဝန်ထမ်း ပင်စင်ယူသည့်အချိန်၌တည်ဆဲ

နည်းဥပဒေများ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်။

(စျ)    အငြိမ်းစားယူပြီးနောက် ဥပဒေအရ  ခံစားခွင့်ရှိသည့်  ပင်စင်လစာထက်  ပိုမိုထုတ်ပေးထား

ကြောင်းစစ်ဆေးတွေ့ရှိပါက ပင်စင်စားအား ပြန်လည်ပေးသွင်းစေရမည်။

(ည)   တစ်နှစ်ထက်ကျော်လွန်၍ ပင်စင်လစာကို ထုတ်ယူခြင်းမပြုပါကပင်စင်လစာကိုဆက်လက်

ထုတ်ပေးခြင်းမပြုရ။

(ဋ)    ပင်စင်စားမှ ပင်စင်လစာကို  ပြန်လည်တောင်းခံလာပါက  ရပ်ဆိုင်းသည့်နေ့ရပ်မှစ၍ ထုတ်

ပေးရမည်။  ပင်စင်ဦးစီးဌာနသည်  လိုအပ်သလိုစိစစ်၍   ဘဏ်(သို့)ငွေတိုက်ခွဲသို့   သီးခြား

အမိန့်စာဖြင့် ငွေထုတ်ပေးခွင့်ပြုမိန့် ထုတ်ပေးရမည်။

(ဌ)    ပင်စင်စားကွယ်လွန်ခဲ့လျှင် ပင်စင်လစာကျန်ငွေများကို ပင်စင်စား၏ တရားဝင် အမွေစား

အမွေခံများအား ထုတ်ပေးနိုင်သည်။ ပင်စင်ဦးစီးဌာနသည် လိုအပ်သလိုစိစစ်၍ အမွေစား

အမွေခံအား ထုတ်ပေးနိုင်ရန် ဘဏ်(သို့)ငွေတိုက်ခွဲသို့   သီးခြား

အမိန့်စာဖြင့် ငွေထုတ်ပေးခွင့်ပြုမိန့် ထုတ်ပေးရမည်။

၁၄

အမွေခံအား ထုတ်ပေးနိုင်ရန် ဘဏ်(သို့)ငွေတိုက်ခွဲသို့   သီးခြား အမိန့်စာဖြင့် ငွေထုတ်ပေး

ခွင့်ပြုမိန့် ထုတ်ပေးရမည်။

(ဍ)     အမှုထမ်းသက် ဆက်စပ်သည့်ကိစ္စတွင် ယခင်ရရှိသော ပင်စင်လစာ၏တစ်စိတ်တစ်ပိုင်းကို

တစ်လုံးတည်းပင်စင်အဖြစ် လဲလှယ်ခဲ့ပါက လဲလှယ်ခဲ့သည့် အစိတ်အပိုင်း၏ ယခုလက်ရှိ

တန်ဖိုး တွက်ချက်ထားသည့်ငွေကို ပြန်လည်ပေးသွင်းရမည်။

(ဎ)    တစ်လုံးတည်းပင်စင်ဖြင့်   လဲလှယ်ခဲ့သည့်   လက်ရှိတန်ဖိုးငွေတွက်ချက်ရာတွင်  ပြန်လည်

တာဝန်ထမ်းဆောင်သည့် ရာထူးမှ အငြိမ်းစားယူသည့်နေ့တွင် ရှိသည့်  အသက်ကို  အခြေခံ

၍သက်မှတ်ထားသော ပင်စင်လဲလှယ်မှုဇယား(၆)ပါ သတ်မှတ်ကာလအပေါ်  တွက်ချက်ရ

မည်။

(ဏ)  ပင်စင်စားသည် ထောင်ဒဏ်ကျခံရပါက ပင်စင်ခံစားခွင့်ကို  ရပ်ဆိုင်းထားရမည်။  ပြစ်ဒဏ်

ကျခံရခြင်းမှ  လွတ်မြောက်လာပါက   ၎င်း၏ ပင်စင်ကို  ပြန်လည်ခွင့်ပြုရမည်။  သို့ရာတွင်

ပြစ်ဒဏ်ကျခံရသော ကာလအတွက် ပင်စင်လစာကို ပြန်လည်ခွင့်မပြုရ။

(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ-၂၅၂)

ပင်စင်လစာအဆင့်ဆင့်တိုးမြှင့်လာခြင်း

၁၈။   အငြိမ်းစားများရရှိသည့် ပင်စင်လစာငွေကိုအောက်ပါ အတိုင်း အဆင့်ဆင့် တိုးမြှင့်ခွင့်ပြု ပေးခဲ့ ပါသည်-

(က)   ၁.၄.၁၉၈၉ နေ့မှစ၍   ပင်စင်လစာပေါ်တွင် ထပ်ဆောင်းခွင့်ပြုသည့်   ယာယီဆောင်းငွေနှင့်

အပိုထောက်ပံ့ကြေးတို့ကိုပေါင်း၍ ပင်စင်လစာအဖြစ် သတ်မှတ်ခွင့်ပြုပါသည်။

(ခ)    ၁.၄.၁၉၉၃ နေ့မှစ၍ အငြိမ်းစားများ  ထုတ်ယူလျှက်ရှိသော  ပင်စင်လစာ၏ ၂၅%  တိုးမြှင့်

ခွင့်ပြုခဲ့ပါသည်။

(ဂ)    ၁.၁၀.၁၉၉၄ နေ့မှစ၍ မိသားစုပင်စင်ခံစားလျှက်ရှိသော ဇနီး/ခင်ပွန်းတို့အတွက် ပင်စင်လ

စာကို အငြိမ်းစားရရှိခဲ့သော ပင်စင်လစာ ၁/၂နှုန်းမှ ၃/၄နှုန်းသို့ တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(ဃ)   ၁.၄.၂၀၀၀ နေ့မှစ၍ အငြိမ်းစားများထုတ်ယူလျှက်ရှိသောပင်စင်လစာ၏ ၂ဆတိုးမြှင့်ခွင့်

ပြုခဲ့ပါသည်။

(င)    ၁.၇.၂၀၁၁ နေ့မှစ၍ အငြိမ်းစားများ၏ ပင်စင်လစာကို (၁.၁.၂၀၁၀)နေ့တွင် စတင်ခွင့်ပြု

သောဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်၍ တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

 

 

၁၅

 

(စ)    ၁.၄.၂၀၁၃ နေ့မှစ၍ အငြိမ်းစားများ၏ ပင်စင်လစာပေါ်တွင် ကျပ်၂၀၀၀၀/- ကို အခြေခံ

၍လုပ်သက်နှစ်အလိုက် ထပ်ဆောင်း ပင်စင်လစာငွေများ တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(ဆ)   ၁.၄.၂၀၁၄ နေ့မှစ၍ အငြိမ်းစားများ၏ ပင်စင်လစာပေါ်တွင် ကျပ်၂၀၀၀၀/- ကို အခြေခံ

၍လုပ်သက်နှစ်အလိုက် ထပ်ဆောင်း ပင်စင်လစာငွေများ တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(ဇ)     ၁.၄.၂၀၁၅ နေ့မှစ၍ အငြိမ်းစားများ၏ ပင်စင်လစာကို လက်ရှိလစာအပြင် ထပ်မံတိုးမြှင့်

သတ်မှတ်သည့် ကျပ်-၄၅၀၀၀/-ကို အခြေခံ၍လုပ်သက်နှစ်အလိုက်  ထပ်ဆောင်း  ပင်စင်

လစာငွေများကို တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။