Home / ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

Hotel copy

ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

ဥပဒေ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ၁၉၉၃ ခုနှစ်တွင် အောက်ပါဥပဒေများ ပြဋ္ဌာန်းထားပြီး ဥပဒေသစ်ကိုလည်း ရေးဆွဲပြီးဖြစ်ပါသည်-

(က) မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေ

(ခ)  မြန်မာနိုင်ငံခရီးသွားလာရေးဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ

လုပ်ငန်းတာဝန်နှင့်ဆောင်ရွက်ချက်များ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အောက်ပါအတိုင်း လုပ်ငန်းလိုင်စင်(၄)မျိုးထုတ်ပေးပြီး လိုင်စင်ရရှိရေးအတွက် ဤဌာနမှ လိုအပ်သည်များ ဆောင်ရွက်ပေးရသည်-

(က) ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်

(ခ)  ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်

(ဂ)  ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်

(ဃ) ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်