Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၅

==============

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ညနေပိုင်းအချိန်က ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နား ကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတက္ကသိုလ် ရုက္ခဗေဒဌာနမှူး ဒေါက်တာတင်မိုးအေးမှ ထမနဲထိုးပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားကာ တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ ပဲခူးတက္ကသိုလ် မြန်မာစာဌာနမှူး ဒေါက်တာသဇင်သောင်းမှ ရှင်းလင်းဖတ်ကြားပြီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဥပဒေချုပ်က မင်္ဂလာမောင်းတီး၍ ဖွင့်လှစ်ပေးခဲ့သည်။

         ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ ထမနဲယှဉ်ပြိုင်ထိုးကြရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှု အားပေးကြသည်။

        ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ဂုဏ်ပြုအထူးဆုရရှိကြသည့် အထက်ဇိုင်းဂနိုင်းကြီးကျေးရွာ၊ မုန်တိုင်းကျေးရွာ၊ ကျောက်ကြီးစုရပ်ကွက်၊ ကျိုက်ဒေးယုံကျေးရွာနှင့် ဥဿာ(၈)ရပ်ကွက် အသင်းတို့အား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးတို့ကလည်းကောင်း ၊ တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအသင်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရရှိ သော ဘုရားကလေးကျေးရွာအသင်းအား တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှလည်းကောင်း၊ ပထမဆုရရှိသော ကျိုက်ပွန်ဘုရားဂေါပကအသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကလည်းကောင်း ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် ပြိုင်ပွဲဝင် အသင်းသား များအား ဆိုင်ကယ်(၂)စီးနှင့် စက်ဘီး(၁၅)စီးတို့အား ကံစမ်းမဲများဖောက်ပေးခဲ့ကြကြောင်း သိရှိရသည်။

         အဆိုပါ စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဌာနဆိုင်ရာများမှ(၈)သင်း၊ စက်မှုဇုန်(၁)သင်း၊ ဘုရားဂေါပကအဖွဲ့မှ(၅)သင်း၊ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ (၂၆)သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း(၄၀) ပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။