Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်/ သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ ပထမအကြိမ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်/ သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ ပထမအကြိမ် အခမ်းအနားကျင်းပ

ပဲခူး ဧပြီ ၈

============

          ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ် စာမေးပွဲ စာအောင်သံဃာတော်/သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ ပထမအကြိမ် အခမ်းအနားအား ဧပြီလ(၈) ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညိုခဲ့သည်။

          ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက “အဘိဓဇမဟာရဋ္ဌဂုရု” ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော် နာယူကြည်ညိုခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြား လျှောက်ထားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တရားသူကြီးချုပ်တို့က စာအောင်သံဃာတော်တော် အရှင်မြတ်များအား လှူဖွယ်ဝတ္ထုနှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြီးပြီးနောက် တက်ရောက်လာကြသည့် မြို့နယ်(၂၈)မြို့နယ်မှ မြို့နယ်သံဃာနာယကဆရာတော်များထံ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက စာအောင်ဆုနှင့် နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျ ဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ် စာမေးပွဲတို့၌ ဓမ္မာစရိယအထူးအောင်(၂)ပါး၊ ဓမ္မာစရိယဂုဏ်ထူးတန်းအောင်(၂)ပါး၊ ဓမ္မာစရိယကျမ်းပြီး (၆၇)ပါး၊ ဓမ္မာစရိယ(ကျမ်းစွဲ)(၄၂၅)ပါး၊ နိကာယ်အထူးအောင်(၁)ပါး၊ နိကာယ် (ကျမ်းပြီး) (၁၉၇)ပါး၊ နိကာယ်(ကျမ်းစွဲ)(၂၀၃)ပါး၊ ပထမကြီးတန်းအောင်(၉၅)ပါး၊ ပထမလတ်တန်းအောင်(၁၁၂)ပါး၊ ပထမ ငယ်တန်းအောင်(၁၃၅)ပါး၊ အခြေပြုမူလတန်းအောင်(၆၁၂)ပါး စုစုပေါင်း (၁၈၅၁)ပါး အောင်မြင်ခဲ့ကြ သည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာအောင်ဆုအလှူငွေ (၆၁၄၇၀၀၀ဝိ/-) အား ဆက်ကပ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တက်ရောက်သည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား နံနက်ပိုင်းက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။