Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲ အား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲ အား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး ဇွန် ၁၁

=============

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲကို ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကျန်းမာရေးသင်တန်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့ပေါ် ပညာရေးဝန်ထမ်း များ၊ ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Boardအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

        အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board တွင် “သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောက်ရွက်ပေး” စာသားနှင့် ခြင်ကျားလောက်လန်း မပေါက် ပွားရေး ဖုံး၊သွန်၊လဲ၊စစ်၊အကြောင်းအရာများပါရှိပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဘင်ခရာတပ်ဖွဲ့အတွက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ အလင်းရောင် မူလတန်းလွန်ကျောင်းနှင့် ကတွင်းခြံရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊    ဌာနဆိုင်ရာများနှင့် ဒေသခံရပ်ကွက်/ ကျေးရွာနေ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး စာသင်ကျောင်းများတွင် လိုအပ်သော ကလေးကစားကွင်း၊ စာသင် ကျောင်းဆောင်ပြင်ဆင်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း တူးဖော်နေမှုတို့အား တာဝန်ရှိသူများနှင့်‌ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် အလင်းရောင်ရပ်ကွက်ဈေး သန့်ရှင်းသပ်ရပ်စေရေး၊ ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဈေးရောင်း/ဝယ်နိုင်စေရေး ဈေးအဆင့်မြှင့်တင် ဆောင်ရွက်ပေးနို်ငရေးနှင့် ကတွင်းခြံကျေးရွာ အဝင်လမ်း အဆင့်မြှင့်တင်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။