Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဩဂုတ် ၁၉

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင် အတွင်း ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၃) စစ်မြေပြင်ဆေးတပ်ရင်းခန်းမ၌ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ Oxygen Concentrator (၁၀)လုံးနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ဆေးတပ် တပ်ရင်းမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တောင်ငူမြို့ မိုင်ဒါကွင်း၌ တည်ဆောက်လျက်ရှိသည့် Oxygen Plant စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အောက်စီဂျင်အိုး ပိုးသတ်ခန်း ထည့်သွင်းတည်ဆောက်ရန်၊ မီးဘေး အန္တရာယ်ကင်းရှင်းရေး၊ စက်ရုံလုံခြုံရေးနှင့် လေဝင်/လေထွက် ကောင်းမွန်မှုရှိစေရေး တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာရှိ ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်း(၇၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသခံတောင်သူလယ်သမားများထံ သွင်းအားစုဓါတ်မြေဩဇာ(၅၀)အိတ် ထောက်ပံ့ပေးအပ် ခဲ့ပြီးနောက် အုတ်တွင်းမြို့ ပြည်သူဆေးရုံသို့ သွားရောက်ခဲ့ကာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း(၁၇)ဦးအတွက် အင်အားဖြည့်စားသောက်နိုင်ရန် ငွေကျပ်(၁၇)သိန်း၊ သီးခြား ထောက်ပံ့ငွေကျပ်(၅)သိန်းနှင့် အသင့်သောက်မြန်မာ့ရိုးရာလက်ဖက်ရည်ထုပ်တို့အား အုတ်တွင်းမြို့ ပြည်သူ့ ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံအတွင်း လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့ဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ပြီး ဘိုးဘွားများ အတွက် အဟာရထောက်ပံ့ငွေကျပ်(၅)သိန်း၊ Oxygen Concentrator (၂)လုံး၊ PPE Level 1 အထည်(၁၀၀)၊ Hand Gel (၁)ဖာ ၊  ကုတင်(၅၀)ဆံ့ ပဲခူးတိုင်းရင်းဆေးရုံမှ ထုတ်လုပ်သည့် ဆေးလက်ဖက် ခြောက်ထုပ်များနှင့် အသင့်သောက် မြန်မာ့ရိုးရာလက်ဖက်ရည်ထုပ်များအား ထောက်ပံ့ပေး အပ်ခဲ့သည်။ ၎င်းနောက် ဖြူးဘူတာသို့ ရောက်ရှိခဲ့ပြီး ဘူတာအဆင့် မြှင့်တင်ဆောင်ရွက်နေမှုနှင့် ညောင်လေးပင်-တောင်ငူလမ်းပိုင်း Contract Package ဆောင်ရွက်နေမှုများအား စီမံကိန်းအင်ဂျင်နီယာ ဦးအောင်မင်းဦးက Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေး ကြန့်ကြာမှုမရှိစေရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း(၁၇)ဦးအတွက် အင်အားဖြည့်စားသောက်ရန် ငွေကျပ်(၁၇)သိန်း၊ သီးခြားထောက်ပံ့ ငွေကျပ်(၅)သိန်းနှင့် အသင့်သောက် မြန်မာ့ရိုးရာလက်ဖက်ရည်ထုပ်များကို ဖြူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ထံသို့လည်းကောင်း၊ ဖြူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ဆောင်မှု တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အား ငွေကျပ်(၅)သိန်း၊ PPE Level 1 အထည်(၁၀၀)၊ Hand Gel(၁)ဖာ နှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ်၊ ညောင်ပင်သာ ကြံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ရာ ခြံတာဝန်ခံမှ နိုင်ငံပေါင်း(၂၁)နိုင်ငံမှ ကြံမျိုး(၁၂၅)မျိုး စိုက်ပျိုးထားရှိမှုနှင့် ကြံစိုက်တောင်သူများသို့ မျိုးကောင်းမျိုးသန့် ဖြန့်ဝေပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြံစိုက်တောင်သူ တွက်ခြေကိုက်သည့် ကြံမျိုးများ စဉ်ဆက်မပြတ် သုတေသနပြု ဖြန့်ဖြူးထုတ်လုပ်နိုင်ရေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်နိုင်မည့် စိုက်နည်းစနစ်များ တောင်သူများထံ အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(၃၉)မိုင်အနီး ဘောနတ်ကြီး-ဘုရားကြီးသွားလမ်းပေါ်ရှိ လုံခြုံရေးနှင့်ကိုဗစ်-၁၉ စစ်ဆေး ရေးဂိတ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များအတိုင်း အချိန်မီပြီးစီးနိုင်စေရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ရေရရှိရေးလုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် ပဲခူးမြို့ ကလိဆေးရုံဝန်းအတွင်း၌ တည်ဆောက်ထားသည့် Oxygen Plant စက်ရုံမှ အောက်စီဂျင်များ ထုတ်လုပ် နေမှုအခြေအနေနှင့် စက်ရုံအနီး တန်(၂၀)ဆံ့ Liquid Oxygen Station တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။