Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေင်း သာယာဝတီခရိုင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေင်း သာယာဝတီခရိုင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဩဂုတ် ၁၂

================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သာယာဝတီခရိုင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့အဝင် မီးနင်းချောင်း လုံခြုံရေးနှင့်ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးနှင့် စစ်ဆေးရေးအထောက်အကူပြုပစ္စည်းများ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းကြော ပိတ်ဆို့မှုမရှိစေရေး လမ်းညွှန်မှာကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သာယာဝတီ ဆေးရုံအတွက် တည်ဆောက်ပြီးစီးသည့် Oxygen Plant မှ အောင်စီဂျင်ထုတ်လုပ်နေမှုအား ကြည့်ရှုခဲ့ပြီး အောက်စီဂျင်ထုတ်လုပ်မှု ပြတ်တောက်ခြင်းမရှိစေရေး 200 KVA ထရန်စဖော်မာ တပ်ဆင်ပေးရန် ဖြည့်ဆည်းပေးခဲ့ပြီးနောက် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဘက်ဂျတ်ဖြင့် တည်ဆောက်နေသည့် Oxygen Plant အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သာယာဝတီခရိုင် ဆေးရုံအုပ်ကြီးအား Oxygen Concentrator အလုံး(၂၀)နှင့် ကိုဗစ်-၁၉ ကုသဆေး FAVIPAC သောက်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး Huasheng International Limited အထည်ချုပ်စက်ရုံသို့ ရောက်ရှိခဲ့ပြီး စက်ရုံအလုပ်သမား (၁၇၀၀)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ် ကျွန်းကုန်း ကျေးရွာအုပ်စု မျိုးစပါးစံပြစိုက်ခင်း(၅၀)ဧက ဓါတ်မြေဩဇာ ကြဲပတ်နေမှုနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၏ စပါးမျိုးသန့် သုတေသနစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး တောင်သူတွက်ချေကိုက် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးရန်၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက် ပေးရန်၊ တစ်ကွင်းတစ်ဆက်တည်း မျိုးစပါးမျိုးသန့် တစ်မျိုးတည်း စိုက်ပျိုးနိုင်ရေးနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များအား ကျယ်ကျယ်အသိပညာပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လက်ပံတန်းမြို့နယ်နှင့် မိုးညိုမြို့နယ်အတွင်းရှိ ဆင်လမိး-ခမုံဆိပ်တာ၊ ဧရာဝတီအရှေ့ဘက်ကမ်းတာ၊ ပေါက်ကုန်း- ဆပဂံတာနှင့် ဘုရားကြီးကုန်း-ခအောင်းပင်တာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မိုးညိုမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးခဲ့ပြီး ထောက်ပံ့ငွေကျပ်(၅) သိန်း၊ PPE Level (1) အထည်(၅၀)၊ PPE Level(2) အထည် (၁၀၀) ၊ ပဲခူးခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံမှ ထုတ်လုပ်သောဆေးလက်ဖက်ခြောက်(Herbal Tea) (၅၀) ထုပ်နှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုတ်များကို မိုးညိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး အားလည်းကောင်း၊ မိုးညိုမြို့ ဘောလုံးကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ရာ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အချိန်မီပြီးစေရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဘောလုံးများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ ဆေးရုံဝန်းအတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘက်ဂျတ်ဖြင့်  Oxygen Plant တည်ဆောက်ပေးမည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်စီဂျင်ထုတ်လုပ်ခြင်း ပြတ်တောက်မှုမရှိစေရေး လိုအပ်ပါက 200 KVA ထရန်စဖော်မာ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းနှင့် မီးဘေးအန္တရာယ်နှင့် လုံခြုံရေး အထူးဂရုစိုက်ရန် လမိးညွှန်မှာကြားခဲ့ပြီး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အသင်းအဖွဲ့များအတွက် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်နှင့် ထောက်ပံ့ငွေကျပ် (၅)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းလှမြို့ မြို့မစျေးအတွင်း ရေစီးရေလာ ကောင်းမွန်စေရေနှင့် စျေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအား မှာကြးခဲ့ကြောင်း သတင်းရရှိသည်။