” ပျားမွေးမြူရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များ”
ပျားလုပ်ငန်းဌာန၏ရည်ရွယ်ချက်
၁။ ခေတ်မီ ပျားမွေးမြူရေးပညာရပ်များကို တောင်သူလယ်သမားများအတွင်း ပြန့်ပွား စေရန်
၂။ သိပ္ပံနည်းကျတည်ဆောက်ထားသော ပျားအုံများကို တောင်သူလယ်သမားများထံ ဖြန့်ဖြူးပေးရန်နှင့် သန့်စင်သော ပျားရည်ထုတ်ယူရန်အတွက် ပညာပေးရန်
၃။ ပျားမွေးမြူရေးသည် ပျားများဝတ်မှုန်ကူးခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံ များပိုမိုထွက်ရှိပြီး စိုက်ပျိုးရေးအထောက်အကူပြုသည့် လုပ်ငန်းဖြစ်၏။ တောင်သူ လယ်သမားများ သဘောပေါက်အောင် လက်တွေ့ပြသဆောင်ရွက်ရန်
၄။ ဒေသခံပျားအမျိုးမျိုးကို လေ့လာသုတေသနပြု၍ ဒေသအခြေအနေနှင့် ကိုက်ညီ သော ပျားမျိုးများ စနစ်တကျ မွေးမြူရေးကို ဆောင်ရွက်ရန်
၅။ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးလုပ်ငန်းတွင် အထောက်အကူပြုလုပ်ငန်းတစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်ရန်
၆။ ပျားရည်နှင့် ပျားထွက်ပစ္စည်းများကို အသုံးပြု၍ နိုင်ငံတော်ပိုင် စီပွားရေးလုပ်ငန်းများ တွင် အထောက်အကူပြုရန်
ဝန်ကြီးဌာန၏ရည်ရွယ်ချက်
၁။ စားနပ်ရိက္ခာ အစားအစာ ဖူလုံရေး
၂။ စားနပ်ရိက္ခာ အစားအစာ ဘေးကင်းလုံခြုံရေး
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်
၁။ ဒေသန္တရ စီမံကိန်း လျာထားချက်များ၊ စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန် သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်ရန်
၂။ ဒေသအတွင်းရှိ ကဏ္ဍအလိုက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများကို တိုးတက်စေ ရေးအတွက် အမျိုးသားရေးလုပ်ငန်းတာဝန်အဖြစ်ခံယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်
ပဲခူးတိုင်းဒေသကြီး၊ ပျားလုပ်ငန်းဌာန၏ ဝန်ထမ်းအင်အားအခြေအနေ
တိုင်းရုံး တောင်ငူ ပြည် ကျောက်တံခါး
၁။ ဒုတိယညွှန်ကြားရေးမှူး ( ၁ ) ဦး ၁ – – –
၂။ ဦးစီးအရာရှိ ( ၁ ) ဦး – – ၁ –
၃။ ဒု-ဦ:စီးမှူး ( ၃ ) ဦး – ၁ ၁ ၁
၄။ လ/ထ ဦးစီးမှူး ( ၃ ) ဦး – ၁ ၁ ၁
၅။ ဒု-လ/ထ ဦးစီးမှူး ( ၁ ) ဦး ၁ – – –
၆။ ဌာနခွဲစာရေး ( ၁ ) ဦး ၁ – – –
၇။ အထက်တန်းစာရေး ( – ) ဦး – – – –
၈။ အငယ်တန်းစာရေး ( – ) ဦး – – – –
၉။ ယာဉ်မောင်း ( – ) ဦး – – – –
စုစုပေါင်း(အမြဲတမ်း) ( ၁၀) ဦး ၃ ၂ ၃ ၂
၁၀။ နေ့စားဝန်ထမ်း ( ၉ ) ဦး ၂ ၃ ၂ ၂
စုစုပေါင်းအင်အား ( ၁၉) ဦး (၅) (၅) (၅) (၄)
ပဲခူးတိုင်းဒေသကြီး၊ ပျားလုပ်ငန်းဌာန၏ လက်ရှိပျားအုံအခြေအနေ
၁။ တောင်ငူမြို့နယ် – ( ၂၀၀ ) အုံ
၂။ ကျောက်တံခါးမြို့နယ် – ( ၂၀၀ ) အုံ
ပဲခူး(အရှေ့)စုစုပေါင်း – ( ၄၀၀ ) အုံ
၃။ ပြည်မြို့နယ်(ပဲခူးအနောက်) – ( ၂၀၀ ) အုံ
ပဲခူးတိုင်းဒေသကြီး( ၁ + ၂ + ၃) – ( ၆၀၀ ) အုံ
ပဲခူးတိုင်းဒေသကြီး၊ ပျားလုပ်ငန်းဌာန၏( တိုင်း/မြို့နယ်) ရုံးများ
၁။ တိုင်းရုံး(နောက်တန်း)
သမိန်ဗရန်းလမ်း၊ ဥဿာမြို့သစ်၊ ပဲခူးမြို့
ရုံး(၁)လုံး၊ဝန်ထမ်းအိမ်ယာ(၁)လုံး၊ဂိုဒေါင်(၁)လုံး၊(၀.၄၁၃)ဧက (ဂရန်လျှောက်ထားဆဲ)
၂။ တိုင်းရုံး(ရှေ့တန်း)/တောင်ငူမြို့နယ်ရုံး
(၄)မိုင်၊ သံတောင်လမ်း၊ တောင်ငူမြို့
တိုင်း/မြို့နယ် ရုံး(၁)လုံး၊ အရာရှိနေအိမ်(၁)လုံး၊ ဝန်ထမ်းနေအိမ်(၁)လုံး၊ ဂိုဒေါင်(၁)လုံး၊ (၁.၅၈)ဧက(လန-၃၉ ရရှိပြီး ဂရန်လျှောက်ထားဆဲ)
၃။ ပြည်မြို့နယ်ရုံး
ရွှေတံခါးရပ်၊ ပြည်မြို့
မြို့နယ်ရုံး(၁)လုံး၊ အရာရှိနေအိမ်(၁)လုံး၊ ဝန်ထမ်းနေအိမ်(၁)လုံး၊ ဂိုဒေါင်(၁)လုံး၊ (၂.၀၆)ဧက ( ဂရန်လျှောက်ထားဆဲ )
၄။ ကျောက်တံခါးပျားစခန်းရုံး
တောကျွဲအင်းရွာ၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ ကျောက်တံခါးမြို့
မြို့နယ်စခန်း(၁)လုံး၊ ဝန်ထမ်းနေအိမ်(၁)လုံး
( ၂.၂၉)ဧက ( လန-၃၉ ရရှိပြီး ဂရန်လျှောက်ထားဆဲ)
ပုဂ္ဂလိက ပျားမွေးမြူမှု အခြေအနေ
မြို့နယ် မွေးမြူသူဦးရေး မွေးမြူသည့်ပျားအုံ
၁။ တောင်ငူမြို့နယ် ( ၁၈ ) ဦး ( ၁၄၇၀ ) အုံ
၂။ ရေတာရှည်မြို့နယ် ( ၁၇ ) ဦး ( ၁၄၂၅ ) အုံ
၃။ ဖြူးမြို့နယ် ( ၁၈ ) ဦး ( ၁၇၄၅ ) အုံ
၄။ အုတ်တွင်းမြို့နယ် ( ၄ ) ဦး ( ၅၀၀ ) အုံ
၅။ ထန်းတပင်မြို့နယ် ( ၁ ) ဦး ( ၁၂၅ ) အုံ
၆။ ကျောက်ကြီးမြို့နယ် ( ၁ ) ဦး ( ၁၂၅ ) အုံ
၇။ ပဲနွယ်ကုန်းမြို့နယ် ( ၁ ) ဦး ( ၁၁၇၀ ) အုံ
၈။ ပြည်မြို့နယ် ( ၆ ) ဦး ( ၁၉၇ ) အုံ
စုစုပေါင်း ( ၆၆) ဦး ( ၆၇၅၇ )အုံ
ပျားဖြင့်ဝတ်မှုန်ကူးဆောင်ရွက်မှု( လျာထား)
ပျားစာအမျိုးအစား အချိန်ကာလ ဝတ်မှုန်ကူး(ဧက)
၁။ ရေသွင်းနှမ်း ဧပြီ/မေ ( ၆၄၀၀ ) ဧက
၂။ မိုးနှမ်း မေ/ဇွန် ( ၁၁၄၀၀ ) ဧက
၃။ မိုးနှမ်း၊ မိုးနေကြာ ဇူလိုင် ( ၅၇၀၀) ဧက
၄။ မိုးနေကြာ၊ ဝါ သြဂုတ် ( ၄၇၀၀ ) ဧက
၅။ ဇီး စက်တင်ဘာ/အောက်တိုဘာ ( ၁၁၄၀၀ ) ဧက
၆။ ပန်းနှမ်း နိုဝင်ဘာ/ဒီဇင်ဘာ ( ၁၁၄၀၀ ) ဧက
၇။ ဆောင်းနေကြာ ဇန်နဝါရီ ( ၆၅၀၀ ) ဧက
၈။ နွေနေကြာ ဖေဖော်ဝါရီ/မတ် ( ၁၀၀၀၀) ဧက
စုစုပေါင်း ( ၇၀၅၀၀) ဧက
-၅-
ပဲခူးတိုင်းဒေသကြီး၊ ပျားလုပ်ငန်းဌာန၏ ပြည်သူ့ပညာပေးဆောင်ရွက်မှု(လျာထား)
၁။ တိုးချဲ့ပညာပေးသင်တန်း
(က) တောင်ငူမြို့နယ် (၄) ကြိမ် ( ၈၀)ဦး
( ခ ) ကျောက်တံခါးမြို့နယ် (၄) ကြိမ် (၈၀)ဦး
( ဂ ) ပြည်မြို့နယ် (၄) ကြိမ် (၈၀)ဦး
၂။ ပျားရောဂါကာကွယ်ကုသရေးသင်တန်း
(က) တောင်ငူ + ကျောက်တံခါး (၁)ကြိမ် (၃၀)ဦး
၃။ ဘုရင်မမွေးမြူရေးသင်တန်း
(က) တောင်ငူ + ပြည် (၁)ကြိမ် (၂၀)ဦး
၄။ ပျားထွက်ပစ္စည်းထုတ်လုပ်ရေးသင်တန်း
(က) တောင်ငူ + ကျောက်တံခါး (၁)ကြိမ် (၂၀)ဦး
၅။ ပျားမွေးမြူရေးအထောက်အကူပြုမွမ်းမံသင်တန်း
(က) တောင်ငူ + ပြည် (၁)ကြိမ် (၂၀)ဦး
ပဲခူးတိုင်းဒေသကြီး၊ ပျာလုပ်ငန်းဌာန၏ နှစ်အလိုက်ဆောင်ရွက်နိုင်မှုအခြေအနေ(G.D.P)
၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာနှစ်(ဆောင်ရွက်ပြီး)
ဌာန ပုဂ္ဂလိက စုစုပေါင်း
၁။ ပျားအုံတိုးပွားရေး ( အုံ ) – ၁၀၄၀ ၁၀၄၀
၂။ ပျားရည်ထုတ်လုပ်ရေး( ပေါင် ) – ၄၅၅၀၀၀ ၄၅၅၀၀၀
ဆောင်ရွက်မှုတန်ဖိုး (ကျပ်သန်း) – ၂၁၆.၀၀၀ ၂၁၆.၀၀၀
၃။ ဝန်မှုန်ကူးဝန်ဆောင်မှု( ဧက ) ၇၂၀၀ ၆၄၂၀၀ ၇၁၄၀၀
၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာနှစ်(ဆောင်ရွက်ဆဲ)
ဌာန ပုဂ္ဂလိက စုစုပေါင်း
၁။ ပျားအုံတိုးပွားရေး ( အုံ ) – ၅၇၂ ၅၇၂
၂။ ပျားရည်ထုတ်လုပ်ရေး( ပေါင် ) – ၃၇၂၂၅၀ ၃၇၂၂၅၀
ဆောင်ရွက်မှုတန်ဖိုး (ကျပ်သန်း) – ၁၇၆.၀၀၀ ၁၇၆.၀၀၀
၃။ ဝန်မှုန်ကူးဝန်ဆောင်မှု( ဧက ) ၇၂၀၀ ၆၃၈၆၀ ၇၁၀၆၀
-၆-
သာမန်ရငွေ လျာထားချက်အပေါ် ဆောင်ရွက်နိုင်မှုအခြေအနေ
၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ် ဆောင်ရွက်နိုင်မှု အခြေအနေ
လျာထား ဆောင်ရွက်ချက် ဆောင်ရွက်မှု
၁။ ပျားဘုရင်မရောင်းချခြင်း
(၆၀၀ ကောင် × ၁၀၀ဝိ/-) ၆၀၀၀၀၀ ၆၀၀၀၀၀ ၁၀၀%
၂။ ပျားရည်ရောင်းရတန်ဖိုး
(၂၁၀၀၀ ပေါင် × ၅၅ဝိ/-) ၁၁၅၅၀၀၀၀ ၁၁၅၅၀၀၀၀ ၁၀၀%
စုစုပေါင်း ၁၂၁၅၀၀၀၀ ၁၂၁၅၀၀၀၀ ၁၀၀%
၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ရန် အခြေအနေ
လျာထား ဆောင်ရွက်ချက် ဆောင်ရွက်မှု
၁။ ပျားဘုရင်မရောင်းချခြင်း
(၆၀၀ ကောင် × ၁၀၀ဝိ/-) ၆၀၀၀၀၀ – –
၂။ ပျားရည်ရောင်းရတန်ဖိုး
(၂၁၀၀၀ ပေါင် × ၅၅ဝိ/-) ၁၁၅၅၀၀၀၀ – –
စုစုပေါင်း ၁၂၁၅၀၀၀၀ – –