Home / ပြည်တွင်းအခွန်များဦးစီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

coun

ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများ ခံယူထားသည့်တာဝန် (Our Mission)

“ပြည်သူလူထု၏ ကြွယ်ဝချမ်းသာမှုအလို့ငှာ အခွန်ကို အမြင့်မားဆုံး ရရှိစေရန်အတွက် စွမ်းရည်ပြည့်ဝသော ဝန်ဆောင်မှုပေးခြင်းဖြင့် အခွန်ထမ်းများအနေဖြင့် နိုင်ငံသားကောင်းများပီပီ ဆန္ဒအလျောက် အခွန်ပေးဆောင်လာစေရန်။”

ပြည်တွင်းအခွန်များဦးစီးဌာန၏ အနာဂတ်စိတ်ကူး (Our Vision)

“ကျွန်ုပ်တို့ဌာနသည် အလွန်ထိရော်ကောင်းမွန်သော အခွန်စီမံခန့်ခွဲမှုလုပ်ငန်းများကို ရိုးသား ဖြောင့်မတ်စွာဖြင့် ဆောင်ရွက်သည့် နိုင်ငံတကာက အသိအမှတ်ပြုခံရသည့် ခေတ်မီသော အဖွဲ့အစည်းတစ်ခု ဖြစ်ရမည်။”

အခွန်ကောက်ခံခြင်း၏ ရည်ရွယ်ချက်

နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များ ကာမိစေရန်အတွက် ဘဏ္ဍာငွေရရှိရေး တစ်ခုတည်း အပေါ်တွင် အခြေပြုကောက်ခံခြင်း မဟုတ်ပါ။ နိုင်ငံတော်အစိုးရသည် ဘဏ္ဍာရေးဆိုင်ရာမူဝါဒများ ချမှတ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

(က)   နိုင်ငံတော်တွင် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ်ကို ဖြစ်ပေါ်စေပြီး ငွေကြေး လည်ပတ်မှုကို မှတ်ကန်စေရန် ငွေကြေးဖောင်းပွမှု မပေါ်ပေါက်အောင် ထိန်းသိမ်းပေးရန်။

(ခ)    ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်ကောက်စနစ်က ထိန်းညှိပေး ရန်။

(ဂ)    ကုန်စျေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အပံ့ဖြစ်စေရန်။

(ဃ)   ဓနအင်အားမျှတစေရန်။

(င)    စီပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန်တို့ ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ  စည်းကြပ်ကောက်ခံသော အခွန်အမျိုးအစားများ

အခွန်အမျိုးအစားများ                    သက်ဆိုင်ရာဥပဒေ

၁။      ဝင်ငွေခွန်                           The Income Tax Law (1974)

၂။      ကုန်သွယ်လုပ်ငန်းခွန်         The Commercial Tax Law (1990)

၃။      အထူးကုန်စည်ခွန်              The Specific Goods Tax Law (2016)

၄။      တံဆိပ်ခေါင်းခွန်                 The Myanmar Stamp Act  (1899)

၅။      အောင်ဘာလေသိန်းဆုခွန်   Directives pertaining to State Lottery(1938)

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်ထမ်းဆောင်ရမည့် အခွန်ထမ်းအမျိုးအစားများ

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၄ အရ မည်သူမဆိုအောက်ဖော်ပြပါ ဆောင်ရွက်မှုများ အတွက် အခွန်ကျသင့်စေရမည်-

(က)   ပြည်တွင်း၌ကုန်စည်ထုတ်လုပ်ရောင်းချခြင်း၊

(ခ)    ကုန်စည်တင်သွင်းခြင်း၊

(ဂ)    ကုန်သွယ်မှုဆောင်ရွက်ခြင်း၊

(ဃ)   ဝန်ဆောင်မှုဆောင်ရွက်ခြင်း (ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု-၂၉မျိုး မှအပ)

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများအတွက် အောက် ဖော်ပြပါ ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေထက်မပိုလျှင် ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ် ခြင်းမပြုရ-

(က)   ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချ ခြင်းအတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းချရငွေ စုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိ၊

(ခ)    ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း အတွက် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ဝန်ဆောင်မှု ရငွေစုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိ၊

(ဂ)    ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ဘဏ္ဍာနှစ် တစ်နှစ် အတွင်း ရောင်းရငွေ စုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိ၊

ဝင်ငွေခွန်ဥပဒေအရ အခွန်ထမ်းဆောင်ရမည့် အခွန်ထမ်း

အမျိုးအစားများ

လစာမှနှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈သိန်း အထက်ရရှိသူဖြစ်လျှင် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း စီးပွားရေးလုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေဖြစ်လျှင် မည်သူ့ကိုမဆို စုစုပေါင်းဝင်ငွေမှ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် စည်းကြပ် ရမည့် ဝင်ငွေနှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်သည်-

      အမှတ်

စဉ်

သတ်မှတ်ထားသောသက်သာခွင့်

များခုနှိမ်ပြီးနောက် ကျန်ဝင်ငွေ

အပေါ်ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာ

စည်းကြပ်ရန်

ဝင်ငွေခွန်နှုန်း

မှ

ထိ
ကျပ်

ကျပ်

(က)

၂၀၀၀၀၀၀

၀ %

(ခ)

၂၀၀၀၀၀၁

၅၀၀၀၀၀၀

၅ %

(ဂ)

၅၀၀၀၀၀၁

၁၀၀၀၀၀၀၀

၁၀ %

(ဃ)

၁၀၀၀၀၀၀၁

၂၀၀၀၀၀၀၀

၁၅ %

(င)

၂၀၀၀၀၀၀၁

၃၀၀၀၀၀၀၀

၂၀ %

(စ)

၃၀၀၀၀၀၀၁ နှင့်အထက်

၂၅ %

 

ဝင်ငွေခွန်သက်သာခွင့်များ

ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၂)တွင် အတူနေမိဘအတွက် ခွင့်ပြုငွေကို ဖြည့်စွက်လျှက် အောက်ပါသက်သာခွင့် ခွင့်ပြုငွေကို ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၂)ပါ တစ်ဦးချင်းပုဂ္ဂိုလ်၏ စုစုပေါင်းဝင်ငွေမှ နုတ်ပယ်၍ ကျန်ငွေအပေါ်တွင် ဝင်ငွေခွန် စည်းကြပ်ရမည်-

(က)   အတူနေ မိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ

(ခ)    အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် ကျပ် ၁၀ သိန်း၊

(ဂ)    သားသမီးတစ်ဦးလျှင် ကျပ် ၅ သိန်းစီ။

တံဆိပ်ခေါင်းခွန်

တံဆိပ်ခေါင်းခွန်ကို တရားရုံးသုံးတံဆိပ်ခေါင်းနှင့် တရားရုံးသုံးမဟုတ်သော တံဆိပ်ခေါင်း များကို ရောင်းချခြင်းဖြင့် ကောက်ခံရရှိပါသည်။ တံဆိပ်ခေါင်းခွန်ဆိုသည့် စကားရပ်တွင် ရုံးခွန်နှင့် တံဆိပ်ခွန်ဟူ၍ နှစ်မျိုးပါဝင်သည်။ ရုံးခွန်ကို ရုံးခွန်အက်ဥပဒေဖြင့် လည်းကောင်း၊ တံဆိပ်ခေါင်းခွန် ကို မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေဖြင့် လည်းကောင်း အသီးသီး ကောက်ခံရရှိပါသည်။

တံဆိပ်ခေါင်းအမျိုးအစား

စာချုပ်စာတမ်းများအပေါ်တွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရာတွင် အသုံးပြုရသည့် အဓိက တံဆိပ်ခေါင်းအမျိုးအစား (၂)မျိုးမှာ-

(က)   နှိပ်တံဆိပ်ခေါင်း

(ခ)    ကပ်တံဆိပ်ခေါင်း

စာချုပ်စာတမ်းအမျိုးအစား

(က)   မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ (ဇယား-၁ စာချုပ် ၆၅ မျိုး)

(ခ)    ရုံးခွန်အက်ဥပဒ  (ဇယား-၁ စာချုပ် ၁၅ မျိုး) (ဇယား-၂ စာချုပ် ၂၁ မျိုး)

စာချုပ်စာတမ်းများပေါ်တွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည့်အချိန်

မြန်မာနိုင်ငံတွင် ချုပ်ဆိုခဲ့သည့် တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းအားလုံး အပေါ်တွင် စာချုပ်မချုပ်ဆိုမီ(သို့မဟုတ်) စာချုပ်ချုပ်ဆိုချိန်၌ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။

စာချုပ်စာတမ်းများ တရားဝင်မှု

၁။      စာချုပ် ချုပ်ဆိုသူများသည် မိမိချုပ်ဆိုသည့် စာချုပ်စာတမ်းပေါ်တွင် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန် တာဝန်ရှိသည်။

၂။      ထိုက်သင့်သော တံဆိပ်ခေါင်းခွန် အပြည့်အဝ ထမ်းဆောင်ခြင်းမရှိသော စာချုပ်စာတမ်း များကို မည်သည့်အတွက်မျှ သက်သေခံချက်အဖြစ် လက်ခံခြင်း မပြုပါ။

၃။      ထို့ပြင် ပြစ်မှုတွင် သက်သေခံတင်သွင်းသည့် ကိစ္စမှတစ်ပါး တံဆိပ်ခေါင်းခွန် ပြည့်ဝစွာ ထမ်းဆောင်ထားခြင်းမရှိသော စာချုပ်စာတမ်း နှင်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ မှန်ကန်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခွင့် မရှိပါ။

၄။      အကယ်၍ ထိုက်သင့်သည့်တံဆိပ်ခေါင်းပြည့်အောင် ဖြည့်စွက်ကပ်နှိပ်ထားခြင်း မရှိပါက တရားဝင်စေရန် ပြန်လည်ပြုလုပ်လိုသည့် အချိန်တွင် အမှတ်တကယ် ကပ်ရမည့် တံဆိပ်ခေါင်းခွန်၏ ဆယ်ဆ နှင့်ညီမျှသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်ပြီးမှသာ အဆိုပါ စာချုပ်စာတမ်းအား တရားဝင်သက်သေခံအဖြစ် ပြန်လည်ပြုလုပ်၍ ရမည်ဖြစ်ပါသဖြင့် သတိပြုရန် လိုပါသည်။

အောင်ဘာလေသိန်းဆုဌာနခွဲ ထီဆုငွေထုတ်ယူရာတွင်

ဆောင်ရွက်ရမည့် ကိစ္စရပ်များ

အောင်ဘာလေသိန်းဆုဌာနခွဲ၊ ရန်ကုန်မြို့မှ အောင်ဘာလေဆုငွေ အမျိုးအစား အားလုံးကို     ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင်လည်းကောင်း၊ မန္တလေးသိန်းဆုဌာနခွဲ(မန္တလေးရုံးခွဲ) တွင်လည်းကောင်း ထုတ်ယူနိုင်ပြီး၊ ဆုငွေကျပ် တစ်ဆယ်သိန်းနှင့်အောက် ထီဆုငွေများကို ထုတ်ယူနိုင်ပြီး၊ ဆုငွေကျပ် တစ်ဆယ်သိန်းနှင့်အောက် ထီဆုငွေများကို ရန်ကုန်တိုင်းဒေသကြီး ပြင်ပရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ထုတ်ယူနိုင်ပါသည်။

အောင်ဘာလေထီဆုငွေများထုတ်ယူရာတွင် အောက်ပါအထောက်အထားများ ယူဆောင်လာ ရပါမည်။

(က)   နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းမူရင်းနှင့် မိတ္တူများ ယူဆောင်လာပါရန်။

(ခ)    ကိုယ်တစ်ပိုင်းပြတ်ပုံဖြစ်စေရန်။

(ဂ)    ပတ်(စ်)ပို့ ဓါတ်ပုံ(၃)ပုံ။

(ဃ)   (၆)လ အတွင်း ရိုက်ထားသောပုံဖြစ်ရန်။

(င)    မျက်မှန်တပ်ထားခြင်းမရှိရန်

(စ)    ရှေ့တည့်တည့်ဓါတ်ပုံဖြစ်ရန်။

အထက်ပါအချက်များပါရှိပြီး ဆုရထီလက်မှတ်ကို စစ်ဆေးပြီး ပြည့်စုံမှန်ကန်မှသာ ထီဆုငွေ ကိုထုတ်ပေးပါသည်။

အထူးကုန်စည်ခွန်

        အထူးကုန်စည်တွင် ပါဝင်သည့် ကုန်စည်အမျိုးအစားများနှင့် အခွန်နှုန်းများ

အထူးကုန်စည်အမျိုးအမည်                            အခွန်နှုန်း

–   စီးကရက်အမျိုးမျိုး  ပြည်တွင်းထုတ်လုပ်                      ၆၀%

စီးကရက်အမျိုးမျိုး ပြည်ပမှတင်သွင်း                         ၁၂၀%

–   ဆေးရွက်ကြီး                                                              ၆၀%

–   ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး                                   ၆၀%        –          ဆေးပေါ့လိပ်        ၆၀%

–   ဆေးပြင်းလိပ်                                                             ၆၀%

–   ဆေးတံသောက်ဆေးများ                                             ၆၀%

–   ကွမ်းစားဆေးအမျိုးမျိုး                                               ၆၀%

–   အရက်အမျိုးမျိုး                                                          ၆၀%

–   ဘီယာအမျိုးမျိုး                                                          ၆၀%

–   ဝိုင်အမျိုးမျိုး                                                               ၅၀%

–   ကျွန်းနှင့်သစ်မာလုံးများ(၁၀”ပတ်လည်နှင့်အထက်         ၂၅%

ကျွန်းနှင့် သစ်မာသစ်ခွဲသားများပါဝင်)

–   ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊မြ ၊စိန်နှင့် အခြား            ၂၀%

အဖိုးတန်ကျောက်မျက်ရတနာအရိုင်းထည်များ

  • ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊မြ ၊ စိန်နှင့် အခြား            ၅%

အဖိုးတန်ကျောက်မျက်ရတနာအချောထည်များနှင့်

လက်ဝတ်ရတနာများ

–   Double Cab 4Door Pickup မှအပ ၁၈၀၀cc            ၂၅%

အထက် ဗင်ကားများ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန်

(Estate Wagon)ကားများ ၊ကူပေး(Coupe)ကားများ

–   ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ                   ၅%

–   သဘာဝဓါတ်ငွေ့                                                           ၈%

အထူးကုန်စည်ခွန်ဥပဒေ

ဒဏ်ငွေတပ်ရိုက်ခြင်း

–        သက်ဆိုင်ရာနှစ်အတွင်း မှတ်ပုံတင်ရန် ပျက်ကွက်ခြင်းအတွက် ကျပ် ၅၀ သိန်း၊

–        တောင်းခံသည့် သတင်းအချက်အလက်များ အချိန်မီတင်သွင်းရန် ပျက်ကွက်ခြင်း အတွက် ကျပ် ၅၀ သိန်း၊

–        အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို ရရှိပိုင်ဆိုင်ထားခြင်းအတွက် ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ရာခိုင်နှုန်း ပေးဆောင်ရမည့်အပြင် ယင်းကုန်စည် များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်း၊

–        ပေးဆောင်ရမည့်အခွန်ကို သတ်မှတ်ကာလအတွင်း ပေးဆောင်ရန် ပျက်ကွက်ခြင်း အတွက် ပေးဆောင်ရမည့်အခွန်၏ ၁၀ %

–        သက်ဆိုင်ရာလ၏ ကြေညာလွှာကို အချိန်မီတင်သွင်းရန် ပျက်ကွက်ခြင်း အတွက် ကျသင့်အခွန်၏ ၁၀%

–        အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် ကုန်စည်နှင့် စပ်လျဉ်း၍ သတ်မှတ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ပါက တွေ့ရှိသည့် အထူးကုန်စည် တန်ဖိုး၏ ၅၀% ဒဏ်ငွေများတပ်ရိုက်ခြင်းခံရမည်ဖြစ်ပါသည်။

 

အိမ်မြေဝယ်ယူခြင်းအတွက် အမည်ပြောင်းဆောင်ရွက်ရာတွင်

လိုအပ်သည့် စာရွက်စာတမ်းများ

အိမ်မြေဝယ်ယူခြင်းအတွက်-

–        အိမ်မြေဝယ်ယူခြင်းအတွက် စာချုပ်တင်ပြရာတွင်(၄)လအတွင်း ချုပ်ဆိုသည့် စာချုပ် တင်ပြရန်၊

–        မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ပုံစံများအား တစ်နှစ်အတွင်း ထုတ်ယူထားသည့် ပုံစံများဖြစ်စေရန်၊

–        မြေစာရင်းပုံစံ(၁၀၅)၊ (၁၀၆) တို့တွင် အမည်ပေါက်သူကသာ ရောင်းချသူဖြစ်စေရန်၊

–        အကယ်၍ အမည်ပေါက်သူ ကွယ်လွန်သွားပါက နာရေးဖိတ်စာ မူရင်း/မိတ္တူ၊ အိမ်ထောင်ဖက် (သို့မဟုတ်) သားသမီးများမှ ပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ မူရင်း/မိတ္တူ

–        မူလ အမည်ပေါက်သူမဟုတ်ဘဲ ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းများက ရောင်းချပါက အဆင့်ဆင့်ပိုင်ဆိုင်ကြောင်း ခိုင်မာသည့် သက်သေအထောက်အထား၊ စာရွက်စာတမ်းမူရင်း/မိတ္တူ

–        အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်မူရင်း/မိတ္တူ

–        ဝယ်ယူသည့် မြေ(သို့မဟုတ်) မြေနှင့်အိမ်အတွက် ရှေ့၊ နောက်၊ ဘေး ဓါတ်ပုံများ­­­­

လေလံတင်ဒါများအတွက် အခွန်ကျသင့်မှုများ

၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ

ဝင်ငွေခွန်ဥပဒေ (၁၉၇၄)

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (၁၉၉၀)

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ (၁၈၉၀)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

“Tax by the Law, Service by our Heart”

လေလံတင်ဒါရယူခြင်း

အစိုးရဌာနများမှ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်း၊ ယာဉ်နှင့် စက်ကိရိယာ၊ ပရိဘောဂ ဝယ်ယူရေး လုပ်ငန်းများကို တင်ဒါရရှိသူများအနေဖြင့် ပေးဆောင်ရမည့် အခွန်အမျိုးအစား နှင့် အခွန်နှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တံဆိပ်ခေါင်းခွန် 

လေလံရရှိသူများအနေဖြင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုရာ တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေ နောက်ဆက်တွဲဇယား(၁) အမှတ်စဉ် ၅(ဂ)အရ တန်ဖိုး ၏၁% (အများဆုံး ၁၅၀၀၀ဝိ/- ထက် မပိုစေရပါ)ကို ပေးဆောင်ရပါမည်။ အစိုးရအဖွဲ့အစည်းက ပြင်ပပုဂ္ဂလိကများအပေါ် လုပ်ငန်းအပ်နှံသည့်စာချုပ် နှင့် ပစ္စည်းဝယ်ယူမှုအတွက် ချုပ်ဆိုသည့် စာချုပ်များအပေါ် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်အား လေလံရရှိသူက ပေးဆောင်ရပါမည်။

ကုန်သွယ်လုပ်ငန်းခွန်နှင့်အထူးကုန်စည်ခွန်

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၄ အရ မည်သူမဆို ပြည်တွင်း၌ ကုန်စည်ထုတ်လုပ် ရောင်းချခြင်း၊ ကုန်စည်တင်သွင်းခြင်း၊ ကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်း များ လုပ်ကိုင်မည်ဆိုပါက ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပြီး၊ ဝန်ဆောင်မှုဆောင်ရွက် ပေးခြင်းအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ၁၄(ဃ)ပါဝန်ဆောင်မှု (၂၉)မျိုးတွင် မပါဝင်သည့် ဝန်ဆောင်မှုဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ရမည် ဖြစ်ပါသည်။ ဆောက်လုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုဖြစ်ပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄(င)အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ရပါမည်။

ကုန်စည်ထောက်ပံ့ပေးခြင်း တင်ဒါလေလံ ရရှိသူများသည်  ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄(ခ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ရပါမည်။          ယာဉ်များအား ဝယ်ယူတင်သွင်းခွင့် ရရှိသည့် တင်ဒါလေလံ ရရှိသူများသည် ပြည်တွင်းမှ ဝယ်ယူပေးပါက ကုန်သွယ်လုပ်ငန်းခွန် ၅%အား ပေးဆောင်ရပါမည်။ ပြည်ပမှ တင်သွင်းပေးခြင်း လုပ်ငန်း သည် “Double Cab 4 door Pickup မှအပ ၁၈၀၀CC အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန်ကားများ၊ ကူပေး(Coupe) ကားများ” ဖြစ်လျှင် ဌာနအမည်ဖြင့် တင်သွင်း လာပါက ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခွင့်ပြုရန်ပုံငွေဖြင့် တင်သွင်းသည့် မော်တော်ယာဉ် များဖြစ်၍ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန်မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ကျသင့်မည် ဖြစ်ပါသည်။

အထူးကုန်စည်ခွန်  =  (အကောက်ခွန်စည်းကြပ်တန်ဖိုး+ အကောက် ခွန်+ကုန်ချစရိတ်)x အခွန်ရာခိုင်နှုန်း ၂၅%

ကုန်သွယ်လုပ်ငန်းခွန်  = (အကောက်ခွန်စည်းကြပ်တန်ဖိုး+ အကောက်ခွန်+ကုန်ချစရိတ်+ အထူးကုန် စည်ခွန်) x ၅%

ကြိုတင်ဝင်ငွေခွန်   =  အကောက်ခွန်စည်းကြပ်တန်ဖိုး x ၂%

အခွန်ပေးဆောင်ရမည့်သူ

လေလံတင်ဒါ ရရှိသူများသည် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် လေလံတင်ဒါတန်ဖိုးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅% အား လေလံတင်ဒါ ရရှိသူအမည်ဖြင့် ပေးဆောင်ရပါမည်။

ဝန်ကြီးဌာနများက လေလံတန်ဖိုး ပေးချေငွေအပေါ်တွင် ပင်ရင်းမှ နုတ်ယူပေးသွင်းငွေ ၂%အား ဖြတ်တောက်၍ လေလံ တင်ဒါရရှိသူ အမည်ဖြင့် ပေးဆောင်ပေးရပါမည်။ ပင်ရင်းမှနုတ်ယူ ပေးသွင်းငွေ Withholding Tax ကို ဌာနမှ နုတ်ယူပေးသွင်းခြင်း ဖြစ်လျှင် ဝင်ငွေခွန် စည်းမျဉ်း ၁၄(ခ) အရ နုတ်ယူသည့်နေ့၌ သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးသို့ ပေးသွင်းရပါမည်။

ဝင်ငွေခွန်

ဝင်ငွေခွန်မှာ လေလံတင်ဒါ တန်ဖိုးအပေါ်တွင် ပင်ရင်းမှနုတ်ယူပေးသွင်းငွေ Withholding Tax ၂%ကို ဌာနမှ နုတ်ယူပေးသွင်းထားခြင်းမှာ ကြိုတင်ခွန်သာဖြစ်၍ တစ်ဦးချင်း ပုဂ္ဂလိက လုပ်ငန်းရှင်ဖြစ်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ-၆အရ သတ်မှတ်ထားသော သက်သာခွင့်များ ခုနှိမ်ပြီး နောက် လုပ်ငန်းမှအသားတင် အမြတ်အပေါ် ၀-၂၅% အထိ ဝင်ငွေခွန် နှုန်းထားများဖြင့် အခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။

ဝင်ငွေခွန်ပေးဆောင်ရမည့်နှုန်းထားများ

စဉ်                       ဝင်ငွေ (ကျပ်)                           ဝင်ငွေခွန်နှုန်း

( က )                               ၁-၂၀၀၀၀၀၀                        ၀%

(  ခ )                 ၂၀၀၀၀၀၁-၅၀၀၀၀၀၀                        ၅%

(  ဂ )              ၅၀၀၀၀၀၁-၁၀၀၀၀၀၀၀                        ၁၀%

( ဃ )            ၁၀၀၀၀၀၀၁-၂၀၀၀၀၀၀၀                        ၁၅%

(  င )            ၂၀၀၀၀၀၀၁-၃၀၀၀၀၀၀၀                        ၂၀%

(  စ )               ၃၀၀၀၀၀၀၁ နှင့်အထက်                        ၂၅%

လေလံတင်ဒါရရှိသူမှာ ကုမ္ပဏီဖြစ်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ ယင်းကုမ္ပဏီက ရရှိသည့် ကျပ်ငွေဖြင့် စုစုပေါင်းအသားတင် အမြတ်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန် ပေးဆောင်ရပါမည်။

ကြိုတင်ကောက်ခံထားသည့် Withholding Tax ၂%အား စည်းကြပ်မှုအရ ကျသင့်အခွန်မှ ခုနှိမ်နုတ်ပယ်ပေးပါမည်။

ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် Withholding Tax တွက်ချက်ခြင်း

တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပစ္စည်းလာရောက်ပေးသွင်းသည့် ကုမ္ပဏီ၊ လုပ်ငန်းများအား ငွေပေးချေရာတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% နှင့် Withholding Tax ၂%ကို အောက်ပါ နမူနာ တွက်ချက်နည်းအတိုင်း တွက်ချက်ရန်ဖြစ်ပါသည်။

ဌာနမှ ကုမ္ပဏီ၊ လုပ်ငန်းသို့ပေးချေငွေ                            =     ၅၀၀၀၀၀၀/-

ကုန်သွယ်လုပ်ငန်းခွန် ၅%                                             =        ၂၃၈၀၉၅/-

(၅၀၀၀၀၀၀/- x ၅/၁၀၅)

Withholding Tax (၅၀၀၀၀၀၀/-x၂%)                      =  ၁၀၀၀၀၀/-

အစိုးရအဖွဲ့အစည်းများသည် ဝန်ဆောင်မှု ဆောင်ရွက်သူ၊ ကုန်စည်ရောင်းချသူဖြစ်ပါက ဝန်ဆောင်မှုရယူသူ၊ ကုန်စည်ရယူသူထံမှ ကျသင့် ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်း ကောက်ခံ ပေးသွင်းရမည် ဖြစ်သည်။

အစိုးရအဖွဲ့အစည်းများသည် ဝန်ဆောင်မှု ရယူသူ၊ ကုန်စည် ဝယ်ယူသူဖြစ်ပါက ဝန်ဆောင်မှု ဆောင်ရွက်သူ၊ ကုန်စည်ရောင်းချသူထံမှ ကျသင့် ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းပြီးဖြစ်ကြောင်း အထောက်အထားအဖြစ် ငွေသွင်းချလံကို စိစစ်ပြီးမှသာ အရစ်လိုက် သို့မဟုတ် အပြီးသတ် ငွေပေးချေရန် ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်ကို Withholding Tax ၂%ကဲ့သို့ ဖြတ်တောက် ပေးသွင်းရန် မဟုတ်ဘဲ တင်ဒါတင်သွင်းသူမှ ကျသင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ပြီး/မပြီး ကိုသာ စိစစ်ပေးရန် ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးသွင်းရာတွင် လေလံရရှိသူအမည် ဖြင့် ငွေသွင်းချလံ ထုတ်ပေးမည်ဖြစ်ပြီး၊ ငွေသွင်း ချလံထိပ်ပိုင်းတွင် ဌာနအဖွဲ့အစည်းအမည်နှင့် ရယူဆောင်ရွက်သည့် လုပ်ငန်း/ဝန်ဆောင်မှု အမျိုးအစားကို အတိုချုပ် ရေးသားဖော်ပြပေးမည် ဖြစ်ပါသည်။

ပုဂ္ဂလိက တစ်ဦးချင်းအတွက် သက်သာခွင့်များ

ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)နှင့်(၂) တို့အရ အခြေခံသက်သာခွင့် ပြုငွေသည် ဝင်ငွေအမျိုးအစား တစ်ခုစီ၏ ၂၀% နှင့် ညီမျှသောငွေ ဖြစ်ရမည်။ သို့ရာတွင် တစ်နှစ်အတွက် အခြေခံ သက်သာခွင့် ခွင့်ပြုငွေစုစုပေါင်းသည် ကျပ်သိန်း ၁၀၀ထက် မပိုစေရ။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)အရ အခွန်ထမ်းနှင့် အတူနေမိဘ [အိမ်ထောင်ဖက်၏ မိဘပါ ခွင့်ပြုသည်] တစ်ဦးလျှင် ကျပ် ၁၀သိန်းစီ၊ အိမ်ထောင်ဖက်တစ်ဦး အတွက်သာလျှင် ကျပ် ၁၀သိန်း၊ သားသမီးတစ်ဦးလျှင် ကျပ်၅သိန်းစီ [သားသမီးသည် အိမ်ထောင် ရှိလျှင်/အသက် (၁၈)နှစ်ကျော်လျှင် ခွင့်မပြုပါ။ အိမ်ထောင် မရှိ၊ အသက် ၁၈နှစ်ကျော်သော်လည်း၊ အချိန်ပြည့် ပညာသင်ကြားနေလျှင် ခွင့်ပြုသည်။]

ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်များ

(ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း-၄၂)

တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပစ္စည်းလာရောက်ပေးသွင်းခြင်း တင်ဒါ လေလံရရှိသူများသည် မိမိတို့ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်အား ခုနှိမ်ပေးဆောင်ခွင့် ရှိပါ သည်။ ကုန်သွယ်မှုလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းတို့တွင် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်မှ ယင်းလုပ်ငန်းအတွက် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်အား ခုနှိမ် နိုင်ပါသည်။

ဥပမာအားဖြင့်- ဆောက်လုပ်ရေးအတွက် တင်ဒါရရှိသူသည် ဌာနမှ ကုန်သွယ်လုပ်ငန်းခွန် အပါ ရရှိငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။ ယင်း လုပ်ငန်းအား တင်ဒါရရှိသူမှ Sub-contract ထပ်မံပေး၍ လုပ်ဆောင်စေသည်ဆိုပါက ၎င်း Sub-contractor များအား ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ငွေပေးချေရပါမည်။ Sub-contractor က ကုန်သွယ် လုပ်ငန်းခွန် ၅%ကို ၎င်းအမည်ဖြင့် အခွန်ပေးဆောင်မည် ဖြစ်ပါသည်။ ယင်းလုပ်ငန်းအတွက် လေလံရရှိသည့် contractor အနေဖြင့် ၎င်း၏ ပတခ(ကသခ)-၂၊ Sub-contractor ၏ ပတခ(ကသခ)-၂ မိတ္တူ၊ ပတခ(ကသခ)-၃၂၊ ပတခ (ကသခ)-၃၃ ပုံစံတို့ဖြင့် (၃)စုံပြုလုပ်၍ မူရင်းအား ဝယ်ယူသူ၊ မူရင်းခွဲအား သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးနှင့် လက်ခံအဖြစ်ထား၍ လျှောက်ထားပြီး၊ ခုနှိမ်ပေးဆောင်ရမည်ဖြစ်ပါသည်။ အဆောက်အဦ ဆောက်လုပ်ခြင်းသည် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မပြီးပြတ်ဘဲ ရှိနေပါက လည်း ခုနှိမ်ခွင့် ဆက်လက်ရှိမည်ဖြစ်ပါသည်။

အကယ်၍ ပစ္စည်းများအား ပြည်ပမှ တင်သွင်းလာခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန်အား ပေးဆောင်ခဲ့ရခြင်းအတွက် ခုနှိမ်လိုပါက လေလံတင်ဒါပါ ပစ္စည်းအပေါ် ကျသင့်ကုန်သွယ် လုပ်ငန်းခွန်အား ID form မှ တွက်ချက်၍ ခုနှိမ်ပေးသွင်းနိုင်ပါသည်။ တင်သွင်းလာခြင်းအတွက် ပတခ(ကသခ)-၃၁၊ ပတခ (ကသခ)-၃၃ ပုံစံ (၂)စုံအား ပြုလုပ်၍ မူရင်းခွဲအား သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ပေးပို့ထားရမည် ဖြစ်ပါသည်။ အခွန်ခုနှိမ်ပေးသွင်းနိုင်ရန်အတွက် တင်ပြရာတွင် နှစ်ဦးစလုံးတွင် ကုန်သွယ်လုပ်ငန်းခွန် လုပ်ငန်းရှင် မှတ်ပုံတင် ပတခ (ကသခ)-၂ ရှိရမည် ဖြစ်ပါသည်။