Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်

ပဲခူး ဇူလိုင် ၃

===================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဂုဏ်ပြုအမှာစကား တက်ရောက်ပြောကြားခဲ့သည်။          ၎င်းနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip နှင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းအား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများအား  တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင် ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့သည် ပြခန်းအတွင်း ပြသထားသည့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် တောင်ငူမြို့၊ သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းသူများချုပ်လုပ်ထားသည့် အဝတ်အထည်များအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။

          မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် အမျိုးသမီး ရေးရာအဖွဲ့များက စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ မြို့ပြသန့်ရှင်းသာယာလှပရေး သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် ခဲ့ကြောင်း သတင်းရရှိသည်။