Home / လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန

လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန

CAR

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန

ပဲခူးတိုင်းဒေသကြီးရုံး

 

ရည်မှန်းချက်

၁။         ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၏ရည်မှန်းချက်မှာ “ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး” (Road Safty) ဖြစ်ပါသည်။

လုပ်ငန်းတာဝန်များနှင့်လုပ်ငန်းဆောင်ရွက်မှု

၂။          အောက်ပါအဓိကတာဝန်များကိုဆောင်ရွက်လျက်ရှိပါသည်-

(က)  ပုဂ္ဂလိကပိုင်သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များဖြင့် စီးပွားရေးလုပ်ငန်း အဖြစ် (သို့မဟုတ်) စီးပွားရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ကုန်းလမ်း၌သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း။

( ခ ) လုပ်ငန်းလိုင်စင်ဆိုင်ရာအခွန်အခများစည်းကြပ်ကောက်ခံခြင်း။

( ဂ ) ဥပဒေပါပြဌာန်းချက်များနှင့် လုပ်ငန်းလိုင်စင်ပါစည်းကမ်းများကို လိုက်နာမှု ရှိ/မရှိစစ်ဆေးအရေးယူခြင်း။

(ဃ)  အခါအားလျော်စွာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ပေးအပ်မှုများအား ကျေပွန်စွာဆောင်ရွက်ခြင်း။

ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ

၃။         အောက်ပါဥပဒေ၊လုပ်ထုံးလုပ်နည်းများဖြင့်ဆောင်ရွက်လျက်ရှိပါသည်-

(က)  ၁၉၆၃ခုနှစ်၊ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း များဥပဒေ၊

( ခ ) ၁၉၆၄ခုနှစ်၊ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း များဆိုင်ရာ နည်းဥပဒေများ၊

( ဂ ) ၁၉၆၅ခုနှစ်၊ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း များဆိုင်ရာ စည်းကမ်းဥပဒေများ၊

(ဃ) ၁၉၈၀ပြည့်နှစ်၊ ပို့ဆောင်ရေးညှိနှိုင်းမှုကော်မတီအဆင့်ဆင့်၏လုပ်ထုံး လုပ်နည်းများ၊

( င ) ၂၀၁၆ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေ၊(၅-၁-၂၀၁၀၆ ရက်နေ့တွင်ထုတ်ပြန်ကြေငြာပြီး တစ်နှစ်ပြည့်မြောက်သည့်နေ့ရက်မှ စတင် အာဏာ တည်စေရမည်)