Home / လူမှုဝန်ထမ်းဦးစီးဌာန

လူမှုဝန်ထမ်းဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန

မူဝါဒ

၁။      အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   လူမှုရေးပြဿနာများကို ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊

ပြန်လည်ထူထောင်ခြင်း၊ လူ့ဘောင်အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နေထိုင်

စေခြင်းစသည့် လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ နည်းလမ်းများဖြင့် ဆောင်ရွက်ရ

မည်။

(ခ)    တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေမြင့်မားရေးတွင် လူမှုရေးချို့တဲ့

သူများလည်း ပါဝင်စွမ်းဆောင်နိုင်စေရမည်။

(ဂ)    နိုင်ငံသားတိုင်း မြန်မာ့ရိုးရာ လူမှုရေးအစဉ်အလာကောင်းများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် (၂၁)ရာစုတွင် လူမှုရေးစနစ် စံနမူနာအဖြစ် ရောက်ရှိစေရမည်။

(ဃ)   လူမှုဝန်ထမ်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လူမှုရေးတာဝန်များကို

ထမ်းဆောင်နိုင်မည့် စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများ၊  ကုလသမဂ္ဂ  အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုဖြင့် ရယူဆောင်

ရွက်သွားမည်။

ရည်ရွယ်ချက်များ

၂။      အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရေမြင့်မားရေးဟူသည့် အမျိုး သားရေးဦးတည်ချက်ကို အထောက်အကူ ဖြစ်စေရန်။

(ခ)    လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေန်။

(ဂ)    လူမှုရေးချို့တဲ့သူများအား လူမှုဝန်ထမ်းနည်းများဖြင့် အကူအညီပေးရန်။

(ဃ)   မလိုလားအပ်သော လူမှုရေးပြဿနာများ မပေါ်ပါက်စေရေးအတွက် ကြိုတင်

ကာကွယ်ပေးရန်။

(င)    လူမှုရေးတာဝန်များ ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်း လုပ်သားပြည်သူများ

အား စည်းရုံးဖော်ထုတ်ရန်။

(စ)    လူမှုရေးဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် တစ်

ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်။

ဥပဒေ/ လုပ်ထုံးလုပ်နည်းများ

၃။      လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် အောက်ပါ ဥပဒေများ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်-

(က)   ကလေးသူငယ်ဥပဒေ(၁၉၉၃)

(ခ)    ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ(၂၀၁၄)

(ဂ)    မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ(၂၀၁၅)

လုပ်ငန်းရပ်များ

၄။      အောက်ပါလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်

(က)   ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း။

(ခ)    ကလေးနှင့် လူငယ်စောင့်ရှောက်ရေးလုပ်ငန်း။

(ဂ)    အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်း။

(ဃ)   သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း။

(င)    မသန်စွမ်းသူများပြန်လည်ထူထောင်ရေးလုပ်ငန်း။

(စ)    မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်း။

(ဆ)   စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားထောက်ပံ့ပေးရေးနှင့်ပူးပေါင်းဆောင်

ရွက်ရေး လုပ်ငန်း။

(ဇ)     လူမှုကရုဏာစောင့်ရှောက်ရေးလုပ်ငန်း။

(ဈ)    လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ပြန်လည်ဝင်ဆံ့ပေါင်းစည်း

ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း။

(ည)   လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း။

အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်း ဆောင်ရွက်ချက်များ

၅။      ပဲခူးတိုင်းဒေသကြီးအတွင်း အောက်ပါလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်-

(က)  ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း

(၁)     ကလေးမွေးစားရန် ဆောင်ရွက်ပေးခြင်း။

(၂)     သုံးမွှာပူးနှင့်အထက်မွေးဖွားသည့် မိခင်များအား ထောက်ပံ့ခြင်း။

(၃)     ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး မူကြိုဆရာမများ သင်

တန်းဖွင့်လှစ်ခြင်း။

(၄)     လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်းများအား နည်းပညာပံ့ပိုးခြင်း၊ထောက်ပံ့ငွေပေးအပ်ခြင်း။

(၅)    ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား မှတ်ပုံတင်အသိအမှတ်ပြုခြင်း။

(၆)    မိခင်ဝိုင်းများဖွင့်လှစ်ပေးခြင်း။

(၇)     UNCRC Day ကျင်းပခြင်း။

(၈)    မြန်မာနိုင်ငံ ကလေးများနေ့ ကျင်းပခြင်း။

(၉)    မြို့နယ်/ ခရိုင် / တိုင်းအဆင့် CRC အစည်းအဝေးများ ကျင်းပခြင်း။

(၁၀)  ECCD Law/Policy ကိုအများ သိရှိအောင် ကိုယ့်အားကိုယ်ကိုး/ပုဂ္ဂလိကမူကြိုကျောင်းများသို့ ဖြန့်ဝေပေးခြင်း၊ အသိပညာ ပေးခြင်း။

 

        (ခ)   ကလေးနှင့် လူငယ်စောင့်ရှောက်ရေးလုပ်ငန်း

(၁)     ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မိဘမဲ့များအား စောင့်ရှောက်ထိန်းသိမ်း

ထားသော ပရဟိတဂေဟာ( ၆)ခု အား စိစစ်ကြပ်မက်ခြင်း၊ ထောက်ပံ့

ငွေပေးအပ်ခြင်း။

(၂)     ပြစ်မှုဖြစ်ပွားသော ကလေးများအတွက် ကလေးသူငယ်အခွင့်အရေးရရှိ

စေရန် သက်ဆိုင်ရာ တရားရုံးများသို့ ကလေးသူငယ်ကြီးကြပ်သူ စီရင်ခံ

စာပေးပို့ခြင်း။

(၃)     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  လူငယ်ရိပ်သာ /စေတနာမူလတန်းည

ကျောင်းများသို့ ထောက်ပံ့ပေးခြင်း။

(၄)     ၁၉၉၃ခုနှစ်၊ ကလေးသူငယ်ဥပဒေ ပုဒ်မ(၃၂)အရ ကာကွယ်စောင့်ရှောက်

ရန် လိုအပ်သော ကလေး(ယောင်္ကျားလေး /မိန်းကလေး)များအား စောင့်

ရှောက်ပေးခြင်း။

(ဂ)   အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်း

(၁)     မိဘမဲ့ အမျိုးသမီးများအား ထိန်းသိမ်းစောင့်ရှောက်ထားသော ပရဟိတ

ဂေဟာ( ၁ )ခုအား အဆင့်လိုက် ထောက်ပံ့ခြင်း။

(၂)     အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း ပညာတက်မြောက်စေရန်/ဝင်

ငွေရ လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် အတွက် တောင်ငူမြို့၊ အိမ်တွင်းမှု

သက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် စက်ချုပ်သင်တန်း၊ဇာထိုး၊ပန်း

ထိုးသင်တန်း၊မြန်မာ့အစားအစာအချက်အပြုတ်သင်တန်း၊ ပန်းအလှပြင်

သင်တန်း၊စက်ကြီးပန်းထိုးသင်တန်းတို့အား ဖွင့်လှစ်သင်ကြားပေးလျှက်

ရှိခြင်း။

(၃)     ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးခြင်း။

(၄)     အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပခြင်း။

(၅)    အမျိုးသမီးများအား နည်းမျိုးစုံးဖြင့် ခွဲခြား မှု ပပျောက်ရေး အသိပညာ

ပေး ဆွေးနွေးခြင်း။

 

(ဃ)  သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း။

(၁)     ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဘိုးဘွားရိပ်သာ( ၁၂)ခုအား ထောက်ပံ့

ခြင်း။

(၂)     ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ဘိုးဘွားများအား ဘိုးဘွားရိပ်

သာများသို့ ညွှန်းပို့ခြင်း။

(၃)     အပြည်ပြည်ဆိုင်ရာ သက်ကြီးရွဘ်အိုများနေ့ ကျင်းပခြင်း(နှစ်စဉ် အောက်တိုဘာ(၁)ရက်နေ့)

(၄)     အသက်(၉၀)နှစ်နှင့် (၁၀၀)ကြား ရှိ ဘိုးဘွားများအား ထောက်ပံ့ငွေ

ပေးအပ်ခြင်း။

(၅)    အသက်(၁၀၀)နှစ်နှင့် အထက် ဘိုးဘွားများအား ထောက်ပံ့ငွေ

ပေးအပ်ခြင်း။

(၆)    နှစ်စဉ်မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးရွယ်အိုများအား

ကန်တော့ပွဲ ပြုလုပ်ပေးခြင်း။

 

(င)   မသန်စွမ်းသူများပြန်လည်ထူထောင်ရေးလုပ်ငန်း။

(၁)     INGOs များနှင့် ပူပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးခြင်း။

(၂)     INGOs များနှင့် ပူပေါင်းပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက်ခြေတု

များ ပြုပြင်ပေးခြင်း။

(၃)     ကိုယ်အင်္ဂါမသန်စွမ်းသူများအားWheel Chair နှင့် ဂျိုင်းထောက်များ ထောက်ပံ့ခြင်း။

(၄)     နားမကြားသူများအတွက် Sign Lanague သင်တန်းများ တက်ရောက်

ရန်စီစဉ်ပေးခြင်း။

(၅)    အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကျင်းပခြင်း(နှစ်စဉ် ဒီဇင်ဘာ(၃)ရက်)

 

        (စ)   မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်း

(၁)     ပြည်မြို့နယ်၊ဝက်ထီးကန်ရှိ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း(ရွှေ

ပြည်သာ)တွင် မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး

သင်တန်း ဖွင့်လှစ်၍ စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေး

ခြင်း။

(၂)     စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်မှုသင်တန်းဖွင့်လှစ်ခြင်း။

 

(ဆ)  စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား  ထောက်ပံ့ပေးရေးနှင့် ပူးပေါင်းဆောင်

ရွက်ရေး လုပ်ငန်း

(၁)     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတ(၇)ခု၊ ဘိုးဘွားရိပ်သာ(၁၂)ခုအား

အဆင့်လိုက်/ဦးရေးအလိုက် ဆန်ဘိုး/ စားစရိတ်၊ဝတ်စရိတ်၊ ဂေဟာမှူး

လစာများ နှစ်စဉ်ထောက်ပံ့ခြင်း။

(၂)     လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုကိုယ့်ကားကိုယ်ကိုးမူလတန်းကြို

ကျောင်း(၈၃)ကျောင်းအား တစ်ကျောင်းလျှင်  (၆၀၀၀၀ဝိ/-)  နှစ်စဉ်

ထောက်ပံ့ခြင်း။

(၃)     ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လူငယ်ရိပ်သာ(၂)ခု၊စေတနာမူလတန်း

ညကျောင်း(၂)ကျောင်းအတွက် ပရိဘောဂကြေးအားကစားပစ္စည်းဘိုး၊

စာရေးကိရိယာဘိုး ထောက်ပံ့ပေးခြင်း။

(၄)     လူမှုစောင့်ရှောက်ရေး  စေတနာ့ဝန်ထမ်းများနှင့်  ပူးပေါင်းချိတ်ဆက်

ဆောင်ရွက်ခြင်း။

 

(ဈ)   လူကုန်ကူးခံရသူများအား  ပြန်လည်လက်ခံရေး၊  ပြန်လည်ဝင်ဆံ့ပေါင်းစည်း

ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း

(၁)     လူကုန်ကူးခံရသူများ၏ မိသားစုခြေရာခံခြင်း (Family Tracing)။

(၂)     ပြန်လည်ရောက်ရှိလာသော  လူကုန်ကူးခံရသူများအား  သက်ဆိုင်ရာ

(မိဘ) အုပ်ထိန်းသူများ ထံဆက်သွယ်အပ်နှံခြင်း။

(၃)     လူကုန်ကူးခံရသူများ အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန်

ထောက်ပံ့ပေးရေးအတွက် စိစစ်တောင်းခံပေးခြင်း။

(၄)     Follow  up  ဆောင်ရွက်ခြင်း။