Home / လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

EPC

 

ပဲခူးတိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

ရည်ရွယ်ချက်

(က)   ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ်တောက်မှု အကြိိမ်နှင့်အချိန် လျော့နည်းနိုင်သမျှ လျော့နည်းအောင် ဆောင်ရွက်သွားရန်

(ခ)    ဓာတ်အားလိုင်းနှင့် ခွဲရုံများ သန့်ရှင်းကြံ့ခိုင်မှုကောင်းမွန်ပြီး ဓာတ်အားသယ်ပို့ဖြန့်ဖြူးမှု အပိုင်းတွင် ဓာတ်အားစနစ်၏ အရည်အသွေးအား စံချိန်စံညွှန်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရန်

(ဂ)    ဓာတ်အားခွဲရုံများများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားသုံးစွဲမှုအားလုံးတွင် လျှပ်စစ် အန္တရာယ် ကင်းရှင်းရန်

(င)    ဗို့အားကျဆင်းသည့် ကိစ္စရပ်များအား ဆန်းစစ်လေ့လာပြီးဗို့အားပြည့်မီရေး ဆောင်ရွက်ရန်

(စ)    သတ်မှတ်ငွေကြေးအပြည့်အဝရရှိရန်အတွက်ဝင်ငွေတိုးမြှင့်ရရှိရေး၊ ကြွေးကျန်ကျဆင်းရေး ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေး ဆောင်ရွက်ရန်

(ဆ)   ပြည်သူမှ ယုံကြည်အားကိုးသော ဝန်ထမ်းဖြစ်ရန်

ရည်မှန်းချက်

(က)   ရေအားလျှပ်စစ်အခြေခံစွမ်းအင် (Base Load) အနေဖြင့် သုံးစွဲ၍ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စွမ်းအားကို အကူစွမ်းအင်(Peak Load) အဖြစ်အသုံးပြုရန်

(ခ)    သဘာဝဓာတ်ငွေ့သုံလျှပ်စစ်စွမ်းအားထုတ်လုပ်မှုလုပ်ငန်းများတွင် သဘာဝဓာတ်ငွေသုံးစွဲ မှုသက်သာစေရန် စွန့်ပစ်အပူရှိန်သုံးစွဲခြင်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (Combined Cycle Power Generation) ကို ဆောင်ရွက်ရန်

(ဂ)    မဟာဓာတ်အားလိုင်းစနစ်ကို တိုးချဲ့၍ ဖွွံ့ဖြိုးလာသော စက်မှုဇုံများနှင့် လက်ရှိဒီဇယ်စက် များဖြင့် ဓာတ်အားပေးလျှက်ရှိသောမြို့/ရွာများကို မဟာဓာတ်အားလိုင်းမှ ဆက်သွယ်ဓာတ် အားပေးရန်

(ဃ)   ဓာတ်အားသယ်ပို့ဖြန့်ဖြူးမှုအပိုင်းတွင် ဓာတ်အားစနစ်၏ အရည်အသွေးအား စံချိန်စံညွှန်း နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်

(င)    ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ်တောက်မှု အကြိမ်နှင့် အချိန်လျော့နည်းနိုင်သမျှ လျော့နည်းအောင် ဆောင်ရွက်သွားရန်

(စ)    ထုတ်လုပ်သည့် ဓာတ်အားကို အကျိုးရှိရှိအသုံးချခြင်းဖြင့် ဓာတ်အားသုံးစွဲမှုပမာဏ မြင့်မား လာရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်

(ဆ)   ဓာတ်အားပျောက်ဆုံးမှု ပမာဏလျော့ချခြင်းဖြင့် ဓာတ်အားသုံးစွဲမှုပမာဏ မြင့်မားလာရေး ဖော်ဆောင်ရန်

(ဇ)     အနာဂတ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထောက်အကူပြုသော နေရောင်ခြည် (Solar)၊ လေအားလျှပ်စစ် (Wild Power)၊ ဘူမိအပူ (Geo – Thermal)နှင့် ဒီလှိုင်း (Tida) ကဲ့သို့ သမာရိုးကျ မဟုတ်သည့် စွမ်းအင် (Non-Coveentional Energy) ဖြင့် ဓာတ်အားထုတ်လုပ်မှု ဖွံ့ဖြိုး ရေးကို ဆောင်ရွက်ရန်

 

သတင်းထုတ်ပြန်ချက်များ

ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် ပြည်သူများ ဓာတ်လိုက်မှု အန္တရာယ် မဖြစ်ပေါ်‌စေရန်အတွက် လျှပ်စစ် အသုံးအဆောင်ပစ္စည်းများ တပ်ဆင်သုံးစွဲပုံနှင့် ကိုင်တွယ်အသုံး ပြုပုံ၊ ကာကွယ်ပစ္စည်းများ သုံးစွဲပုံ၊ အန္တရာယ်ဖြစ်စေနိုင်သော လျှပ်စစ်ပစ္စည်းများအား လဲလှယ်ခြင်း မရှိဘဲဆက်လက်သုံးစွဲမည်ဆိုပါကမီးလောင်မှုမြင်တွေ့နိုင်ခြင်း၊ဓာတ်လိုက်သေဆုံးနိုင်ခြင်း စသည့် ပညာပေးခြင်း၊ အသိပေးကြော်ငြာခြင်းတို့ကိုသက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ဝန်ထမ်းများမှ လူစည်ကားရာအရပ်နေရာ များတွင် ကြော်ငြာစေခြင်း၊