Home / အဆင့်မြင့်ပညာဦးစီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

1

(၂၁-၁၂-၂၀၁၅)ရက်နေ့တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ အင်္ဂလိပ်စာ Impromptu Talk နှင့် Round Table Discussion ပြိုင်ပွဲများ ပြုလုပ်ခဲ့ပါသည်။ (၂၂-၁၂-၂၀၁၅)ရက်နေ့တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် (၂၀၁၅) တက္ကသိုလ်ဝင်တန်း အောင် ကျောင်းသား/ ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ကျင်းပ ခဲ့ပါသည်။

 

2

(၂၆-၁၂-၂၀၁၅)ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အငြိမ်းစား သက်ကြီး ဆရာကြီး၊ ဆရာမကြီးများအား တတိယအကြိမ် ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ ကျင်းပခဲ့ပါသည်။

 

 

 

3(၈-၂-၂၀၁၆)ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁)နှစ်မြောက် မွေးနေ့အကြို ဟောပြောပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။

 

 

 

4(၈-၃-၂၀၁၆)ရက်နေ့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်စံပယ်က အမှာစကားပြောကြားခဲ့ပြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ယာဉ်မောင်းစစ်ဆေးရေးမှူး ဦးဝင်းသူက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

 

5

(၈-၆-၂၀၁၆)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။

 

 

6

(၄-၇-၂၀၁၆) ရက်နေ့တွင် ကွန်ပျူတာဌာနမှ ဦးစီး၍ မဟာတန်း (ပထမနှစ်၊ ဒုတိယနှစ်)၊ တတိယနှစ် ဂုဏ်ထူးတန်းနှင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများကို ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၁၆)ကို ဖွင့်လှစ်ပေးခဲ့ပါသည်။

 

7

(၂၇-၇-၂၀၁၆) ရက်နေ့တွင် ကာယဗလနှင့်အမျိုးသမီးကာယ

ကျင်းပခဲ့ပါသည်။