ပဲခူးတိုင်းဒေသကြီးအလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန
နိဒါန်း
၁။ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနသည် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ(၂၀၁၂)နှင့် နည်းဥပဒေများ ပြဌာန်းပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ တို့ကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှုများကို ဖြေရှင်း ဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၂။ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်-
(က) အလုပ်သမားများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊
(ခ) အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာစေရန်၊
(ဂ) အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက် ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရန်၊
ရုံးဖွင့်လှစ်ခြင်း
၃။ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအား တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများကို အငြင်းပွားမှုဖြေရှင်းရေးဥပဒေ(၂၀၁၂)နှင့် နည်းဥပဒေများပြဌာန်းပြီးနောက် တိုင်းဒေသကြီး ဦးစီးမှူး၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တွဲဘက်ဖွင့်လှစ်ထားရှိခဲ့ပြီး အမြဲတမ်းဝန်ထမ်း များခန့်ထား၍ (၁-၁-၂၀၁၃)ရက်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီး အလုပ်သမားရေးရာဆက်ဆံ ရေးဦးစီးဌာနရုံးအား ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။
(၂)
အဆောက်အဦနှင့်တည်နေရာ
၄။ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးအား အမှတ်(ဌာ/၁)၊ မြေတိုင်းအမှတ်(၂၄)၊ ရပ်ကွက်ကြီး(၈)၊ ဥဿာမြို့သစ်၊ ပဲခူးမြို့တွင်(၂၀၁၃-၂၀၁၄) ဘဏ္ဍာနှစ် တွင် ဦးစီးဌာနပိုင် အဆောက်အအုံလုပ်ပြီး ဖွင့်လှစ်လျှက်ရှိပါသည်။
စည်းကြပ်သည့်ဥပဒေ
၅။ အောက်ဖော်ပြပါ ဥပဒေများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(က) အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ တည်ဆဲဥပဒေများ
(ခ) အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ(၂၀၁၂)ခုနှစ်၊ နည်းဥပဒေ၊
(ဂ) ခုံသမာဓိအဖွဲ့၏ လုပ်ငန်းတာဝန်များ။
နိဒါန်း
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၅)အဖြစ်(၂၈-၃.-၂၀၁၂)ရက်နေ့က နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်(၂၆-၄-၂၀၁၂) ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် (၂/၂၀၁၂)ဖြင့် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးနည်း ဥပဒေများကိုလက်မှတ်ရေးထိုးခဲ့ပါသည်။ထိုနောက် အလုပ်သမားရေးရာဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၄၀ အဖြစ် (၃၀-၉-၂၀၁၄)ရက်နေ့တွင် ပြဌာန်းပြီးဖြစ်ပါသည်။
အငြင်းပွားအမှုဖြေရှင်းပုံအဆင့်ဆင့်
ပထမအဆင့်အနေနဲ့တော့ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုများ၊ ကြီးကြီးမားမားမကြာခဏဖြစ်ပွားမှုများ ပေါ်ပေါက်လာမှု ကို ကြိုတင်ကာကွယ်နိုင်ရန်၊ အလုပ်သမားများစုပေါင်းသဘောတူညီမှုရရှိနိုင်ရန် အလုပ်ရှင်သည် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းပေးရမည်။ ဒုတိယအဆင့်အနေဖြင့် ဆွေးနွေးညှိနှိုင်းပြေလည်မှုမရရှိသည့် အငြင်းပွားမှုအား အစိုးရဌာနဆိုင်ရာ၊ အလုပ်ရှင် ၊ အလုပ်သမားကိုယ်စား လှယ်များဖြင့် သုံးပွင့်ဆိုင် ဖွဲ့စည်းထားသော မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ဖျန်ဖြေပေးခြင်းဖြစ်သည်။ တတိယအဆင့်အနေဖြင့် ဖျန်ဖြေရာတွင်ပြေငြိမ်းမှု မရရှိသည့် စုပေါင်းအငြင်းပွားမှုအားတိုင်းဒေသကြီး၊ ပြည်နယ်ခုံသမာဓိအဖွဲ့မှဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်ပေးခြင်း၊စတုတ္ထဆင့်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်မကျေနပ်ပါက ခုံသမာဓိကောင်စီမှ အငြင်းပွားမှုတစ်မှုချင်းအလိုက် ခုံအဖွဲ့ ဖွဲ့စည်း၍ ဆုံးဖြတ်ချက်ချမှတ်ဆောင်ရွက် ပေးခြင်းများဖြင့် အဆင့်ဆင့်ဆောင်ရွက်ရပါသည်။
အမှုတစ်ခုကိုဖြေရှင်းဆောင်ရွက်ရာတွင်
ပထမအဆင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ – ၅ ရက်
ဒုတိယအဆင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ – ၃ ရက်
တတိယအဆင့် တိုင်းဒေသကြီး၊ ပြည်နယ်ခုံသမာဓိအဖွဲ့ – ၇ ရက်
စတုတ္ထအဆင့် ခုံသမာဓိကောင်စီ – ၁၄ ရက်
ကြာမြင့်၍ရကြောင်း အငြင်းပွားမှုဖြေရှင်းရေးနည်းဥပဒေတွင် ဖော်ပြထားသော်လည်း မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များနှင့် ဝေးကွာလွန်းသောအမှု များအား ညှိနှိုင်းရာတွင်လည်း ကောင်း ၊ ဆုံးဖြတ်ချက်ချရန်ဆောင်ရွက်ရာတွင်လည်းကောင်း သတ်မှတ်ချိန်ထက်ကြာမြင့်တတ်ကြောင်း ရှင်းလင်းတင်ပြ အပ်ပါသည်။အငြင်းပွားမှု များအား ဖြေရှင်း ဆုံးဖြတ်ပေးသည့် အဖွဲ့များဖွဲ့စည်းမှုအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီ တို့မှ မြို့နယ်ညှိနှိုင်းဖျန်ရေးအဖွဲ့ပေါင်း(၃၂၅)ဖွဲ့ကိုလည်းကောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုအစိုးရ အဖွဲ့တို့ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် ၊ နေပြည်တော်ကောင်စီနယ်မြေ ခုံသမာဓိအဖွဲ့(၁၅)ဖွဲ့နှင့် ခုံသမာဓိကောင်စီကိုလည်း ဖွဲ့စည်းပြီးဖြစ် ပါသည်။
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်
နည်းဥပဒေ(၃)- ကော်မတီဝင်များ၏ အရည်အချင်းသတ်မှတ်ချက်များကို ဖော်ပြထားသည်။
-အသက်_၂၁ နှစ်ပြည့်ပြီးသူ
-အလုပ်သမားကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် အမြဲတမ်းအလုပ်သမား
ဖြစ်ပြီး လုပ်သက်အနည်းဆုံး(၆)လရှိရမည်။
-အလုပ်ရှင်ကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် စီမံခန့်ခွဲမှုကို တာဝန်ယူ ဆောင်ရွက်နေသူများဖြစ်ရမည်ဟုသတ်မှတ်ထားပါသည်။
ယင်းနောက်တစ် အလုပ်သမား(၃၀)ဦးအထက်ရှိတဲ့လုပ်ငန်းများတွင် စုပေါင်းသဘောတူညီချက် ဆွေးနွေးမှုရရှိနိုင်ရန် အလုပ်ရှင်သည် အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီကို သတ်မှတ်အရည်အချင်းပြည့်စုံသည့်သူများ ရွေးချယ်၍ ဖွဲ့စည်းပေးရမည်။
နည်းဥပဒေ(၄)- ညှိ၅နှိုင်းရေးလုပ်ငန်းကော်မတီ ပါဝင်ရ မည့်ကိုယ်စားလှယ်ဦးရေသည်
-အလုပ်သမားအားလုံး ၊ အလုပ်သမားအဖွဲ့အစည်းဝင်ဖြစ်သည့် လုပ်ငန်း(သို့မဟုတ်)
-အလုပ်သမားစုစုပေါင်းဦးရေ၏၅၀%နှင့်ယင်းရာခိုင်နှုန်းအောက်နည်းသော
အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများ ရှိသည့်လုပ်ငန်းဖြစ်ပါက
-ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းမှ ကိုယ်စားလှယ်နှစ်ဦးစီဖြစ်ရမည်ဖြစ်ပြီး
-အလုပ်ရှင်ကိုယ်စားလှယ်သည်လည်း အလုပ်သမားကိုယ်စားလှယ်အတိုင်းဖြစ်ရမည်။
ဥပမာ_အလုပ်သမားအဖွဲ့အစည်းနှစ်ခုရှိလျှင်
-အလုပ်သမားကိုယ်စားလှယ်-၄ ဦး
-အလုပ်ရှင်ကိုယ်စားလှယ် _၄ ဦး ပေါင်း-၈ ဦး
နည်းဥပဒေ(၅)-အရအလုပ်သမားဦးရေစုစုပေါင်း၏၅၀%ထက်ပိုရှိ အဖွဲ့အစည်းဝင်များမဟုတ်သည့်သူများရှိသည့် လုပ်ငန်းတွင် —– အလုပ်သမား အဖွဲ့ အစည်း အရေအတွက်နှင့်ပင် အရေအတွက်အတိုင်း အဖွဲ့အစည်းဝင်မဟုတ်သူများ၏ ကိုယ်စားလှယ်အရေအတွက်တို့၏ စုစုပေါင်းဖြစ်ရမည်။
ဥပမာ_ အဖွဲ့အစည်းတစ်ခုရှိကိုယ်စားလှယ်နှစ်ဦးနှင့် အဖွဲ့အစည်းဝင်မဟုတ်သူများ၏ ကိုယ် စားလှယ်နှစ်ဦးဖြစ်
-အလုပ်သမားကိုယ်စားလှယ် -၄ ဦး
-အလုပ်ရှင်ကိုယ်စားလှယ် -၄ ဦး ပေါင်း(၈)ဦး
နည်းဥပဒေ( ၉ )-အလုပ်သမားအဖွဲ့အစည်းများမရှိသော လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမား ကိုယ်စားလှယ်နှစ်ဦး အလုပ်ရှင်ကိုယ်စားလှယ်ဦးရေသည် အလုပ်သမားကိုယ်စားလှယ်ဦးရေအတိုင်းဖြစ်
ပုဒ်မ(၆) _အရ ညှိနှိုင်းရေးကော်မတီသည် တရားဝင်ရုံးပိတ်ရက်များမပါ(၅)ရက်အတွင်းဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးရမည်။
ဥပမာ_ အလုပ်သမားကိုယ်စားလှယ် -၂ ဦး
အလုပ်ရှင်ကိုယ်စားလှယ် -၂ ဦး ပေါင်း(၄)ဦး
ပုဒ်မ(၇)_အလုပ်သမား၃၀ဦးမပြည့်သဖြင့် ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းမရှိသော လုပ်ငန်း ဌာနတွင် နစ်နာချက်များကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်သမာများ(သို့)ယင်းတို့၏ကိုယ်စားလှယ်များနှင့် တောင်းဆိုချက်များကို လက်ခံရရှိသည့်နေ့မှ ရုံးပိတ်ရက်များမပါ(၅)ရက်အတွင်း ဆွေးနွေးညှိနှိုင်း ပေးပြီး ဆွေးနွေးညှိနှိုင်းမှုမှတ်တမ်းအား ရေးသားထားရန် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းခံသည့်အခါ ယင်းမှတ်တမ်းကိုပေးပို့ရမည်။
မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းခြင်း
တိုင်းဒေသကြီးပြည်နယ်အစိုးရနှင့် နေပြည်တော်အပါအဝင် ပြည်ထောင်စုနယ်မြေ တစ်ခုခု၏ကောင်စီ(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသောဦးစီးအဖွဲများမှ
နည်းဥပဒေ(၁၀)_ သတ်မှတ်ထားသောအရည်အချင်းပြည့်စုံသူများဖြင့် ရွေးချယ်ဖွဲ့စည်းရမည်။
-အသက် ၂၁ နှစ်
-လုပ်ငန်းအတွေ့အကြုံ(အလုပ်သမားရေးရာကိစ္စရပ်များ)
-ကိုယ်ကျင့်တရားကောင်းမွန်ရ
-(၁၁)ဦးပါဝင်အဖွဲ့ ဖွဲ့စည်းရမည်
-မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ဖြစ်ပွားလာသောအငြင်းပွားမှုများကို(၃)ရက်အတွင်းညှိနှိုင်းဖျန်ဖြေပေးပြီး ပြေငြိမ်းမှုများရရှိပါက သဘောတူ စာချုပ်ချုပ်ဆိုပြီး ပြေလည်မှုများမရရှိခဲ့လျှင် ခုံသမာဓိအဖွဲ့သို့ ဆက်လက်လွှဲပြောင်းပေးပို့ရမည်။
တိုင်းဒေသကြီး/ပြည်နယ်ခုံသမာဓိဖြင့်ဆုံးဖြတ်ခြင်း
ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အဖွဲ့ဝင်(၁၁)ဦးပါဝင်သော အဖွဲ့ကိုဖွဲ့စည်းရမည်။
-အသက် ၂၅ နှစ်
-ဥက္ကဌ- ဥပဒေရေးရာအတွေ့အကြုံရှိ၊ အလုပ်သမားရေးရာကိစ္စရပ်များဖြေရှင်း၊ အတွေ့အကြုံရှိသူ
-ကိုယ်ကျင့်တရားကောင်းမွန်ရမည်။
-ခုံသမာဓိအဖွဲ့၏သက်တမ်းသည်(၂)နှစ်ဖြစ်သည်။
ခုံသမာဓိကောင်စီ အဆင့်(ခုံသမာဓိဖြင့်ဆုံးဖြတ်ခြင်း)
နည်း၂၀။ ခုံသမာဓိကောင်စီဖွဲ့စည်းရာတွင် ခုံသမာဓိကောင်စီဝင်များသည် အောက်ပါ အရည်အခြင်းများနှင့် ပြည့်စုံသူများဖြစ်ရမည်။
- အသက်(၃၅)နှစ် ပြည့်ပြီးသူ
- ဥပဒေရေးရာနှင့်သက်ဆိုင်သော လုပ်ငန်းအတွေ့အကြုံရှိသူ(သို့) အလုပ်သမားရေးရာ ကိစ္စများတွင်ဖြစ်စေ၊ သက်ဆိုင်ရာကိစ္စများတွင်ဖြစ်စေ အတွေ့အကြုံရှိသူ
- အလုပ်ရှင်သည် အလုပ်သမားများ၏ အကျိုးစီးပွားကို မျှတစွာဆောင်ရွက်ပေးနိုင်သူ၊ ကိုယ်ကျင့်တရားကောင်းမွန်သူ
နည်း၂၁။ အောက်ပါပုဂ္ဂိုလ်များသည် ခုံသမာဓိကောင်စီတွင် မပါဝင်ရ
- တာဝန်ထမ်းဆောင်ဆဲ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ
- အလုပ်ရှင်အဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်သော လုပ်ငန်းတစ်ခုခု၏ပိုင်ရှင် (သို့) မန်နေဂျာ(သို့) အလုပ်ရှင်အဖွဲ့စည်းတွင် အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူ (သို့) ခုံသမာဓိကောင်စီ မဖွဲ့စည်းမီ (၁၂)လအတွင်းက အဆိုပါ အလုပ်ရှင်အဖွဲ့စည်းတွင် တာဝန် ထမ်းဆောင်ခဲ့သူ အလုပ်သမားအဖွဲ့အစည်း၏ အဖွဲ့ဝင်(သို့)အလုပ်သမားအဖွဲ့အစည်း တွင် အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူ (သို့) ခုံသမာဓိကောင်စီ မဖွဲ့စည်းမီ (၁၂)လအတွင်းက အဆိုပါ အလုပ်သမားအဖွဲ့စည်းတွင် တာဝန်ထမ်းဆောင်ခဲ့သူ
ခုံသမာဓိကောင်စီဖွဲ့စည်းခြင်း
ပုဒ်မ ၁၉ ။ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ အဖွဲ့၏သဘောတူညီချက်ဖြင့်
- အလုပ်သမားဝန်ကြီးဌာနက ရွေးချယ်သော ပုဂ္ဂိုလ် (၅)ဦး
- အလုပ်ရှင်အဖွဲ့စည်းများက ထောက်ခံတင်ပြသည့် အမည်စာရင်းမှ ရွေးချယ်သော ပုဂ္ဂိုလ် (၅)ဦး
- အလုပ်သမားအဖွဲ့စည်းများက ထောက်ခံတင်ပြသည့် ပုဂ္ဂိုလ် (၅)ဦး
- ခုံသမာဓိကောင်စီ၏ သက်တမ်း(၂)နှစ်
- ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို အငြင်းပွားသူတစ်ဖက်ဖက်မှ ကျေနပ်မှုမရှိသဖြင့် ခုံသမာဓိကောင်စီသို့ လျောက်ထားလာသည့် အငြင်းပွားမှုအား
- ခုံသမာဓိကောင်စီဝင်များထဲမှ ဝန်ကြီးဌာန၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် (၁)ဦးစီပါဝင်သော(၃)ဦးပါ ခုံအဖွဲ့မှ ဆုံးဖြတ်ပေးမည် ဆုံးဖြတ်ချက်
နည်း၂၅။ ခုံသမာဓိအဖွဲ့(သို့) ခုံအဖွဲ့သည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် တည်ဆဲအလုပ်သမား ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆုံးဖြတ်ချက်နှင့် သာဓကများကို အကိုးအကားပြု၍ အလုပ်ရှင်၊အလုပ်သမား နှစ်ဖက်မျှတစေရန် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။
- အလုပ်ရှင်မှ အလုပ်သမား၏ မူလရာထူး (သို့)အခြားသင့်လျော်သော ရာထူးတစ်ခုခုကို ပြန်လည်ခန့်အပ်စေရန်
- အလုပ်ပြန်လည်ခန့်အပ်စေရန် ဆုံးဖြတ်သည့်ကိစ္စနှင့်စပ်လျဉ်း၍ သင့်လျော်သော အခြား ကာလအတွက် နစ်နာကြေးပေးစေရန်
- အလုပ်သမားများရရရှိသည့် လုပ်ခလစာအပါဝင် ငွေကြေးခံစားခွင့်များ ရရှိခံစား နိုင်စေရန်
- ဆုံးဖြတ်ချက်(သို့)စုပေါင်းသဘောတူညီချက်တစ်ခု၏ အကျိုးသက်ရောက်မှုကာလကို သတ်မှတ်ထည့်သွင်းရန်
ဆုံးဖြတ်ချက်အား အရေးယူဆောင်ရွက်ခြင်း
နည်း၂၆။ ဆုံးဖြတ်ချက်တွင် အလုပ်ရှင်က အလုပ်သမားအား ပေးရန်ရှိသော အလုပ်ရပ်စဲမှု နစ်နာကြေး (သို့) အလုပ်ထုတ်နစ်နာကြေး (သို့) အလုပ်ပိတ်နစ်နာကြေး ပမာဏနှင့် နည်းလမ်းတို့ကိုဖော်ပြပြီး အဆိုပါငွေကြေးခံစားခွင့်များကို ဆုံးဖြတ်ချက်ချမှတ်သည့် နေ့ရက်မှ စ၍ ရက်ပေါင်း(၃၀)အတွင်း အလုပ်ရှင်၏အလုပ်သမားအား ပေးရမည်။
နည်း၂၇။ အငြင်းပွားသူများသည် ဆုံးဖြတ်ချက်ပါ အကြောင်းအရာများနှင့် သက်ဆိုင်သည့် မရှင်းလင်းသောအချက်များအား ခုံသမာဓိအဖွဲ့(သို့)ခုံအဖွဲ့ထံသို့ ဆုံးဖြတ်ချက်ချမှတ်သော နေ့ရက်မှ (၇)ရက်အတွင်း ပြန်လည်ရှင်းလင်းပေးပါရန် လျှေက်ထားတောင်းခံနိုင်သည်။ အဆိုပါရှင်းလင်းချက်သည် ဆုံးဖြတ်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်၍ ဆုံးဖြတ်ချက်တွင် ပူးတွဲထားရှိရမည်။
၆။ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် အလုပ်ရှင် ၊အလုပ်သမားများအကြား ပေါ်ပေါက်လာသော အငြင်းပွားမှုများအား အမြန်ဆုံးပြေလည် အောင် ဖြေရှင်းနိုင်ရန်အတွက် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ(၂၀၁၂)၊ နည်းဥပဒေနှင့်အညီ၊ ခုံသမာဓိအဖွဲ့လုပ်ငန်းတာဝန်များအရ ရုံးချုပ်မှညွှန်ကြားချက်များကို လိုက်နာ၍ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ လမ်းညွှန်မှုများနှင့်တကွ ပဲခူးတိုင်း ဒေသ ကြီးအတွင်း၌ ဖြစ်ပေါ်သော အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို ကြားနာစစ်ဆေး၍ ဥပဒေ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။