Home / သမဝါယမဦးစီးဌာန

သမဝါယမဦးစီးဌာန

သမ

ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၏

မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်၊ ကျင့်ဝတ်၊ လုပ်ငန်းစဉ်များ

မြန်မာ့သမဝါယမမျှော်မှန်းချက်

နိုင်ငံတော်၏အမျိုးသားရေး၊ စီးပွားရေးတည်ဆောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ညီညွတ်မျှတသည့် လူမှုစီးပွားတည်ဆောက်မှု သမဝါယမ ရုပ်ပုံလွှာကို ထိန်းသိမ်းကာကွယ်ရင်း ဖွံ့ဖြိုးတိုးတက်စေရန်။

မြန်မာ့သမဝါယမ ရည်မှန်းချက်

သမဝါယမသည် လူသားများ ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်၍ အောက်ပါရည်မှန်းချက်များကို တာဝန်ယူဆောင်ရွက်ကြရန် –

  • သမဝါယမအတွေးအခေါ်၊ ကျင့်ဝတ်နှင့် အခြေခံမူများကို လိုက်နာဆောင်ရွက်ရန်၊
  • သမဝါယမအသင်းများသည် ခေတ်မီသောအသိရှိရေး၊ တိုးတက်သော အတတ်ပညာ တတ်မြောက်ရေးနှင့် အဆင့်မြင့်သော နည်းပညာများကို သိရှိနေအောင် အားထုတ် ဆောင်ရွက်ရန်၊
  • နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သမဝါယမနည်းလမ်းများအရ တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းဆောင်ရွက်ရန်၊

လုပ်ငန်းတာဝန်

  • သမဝါယမဥပဒေပါ ပြဌာန်းချက်များကို ထိန်းသိမ်းစောင့်ရှောက်ရေး၊
  • နိုင်ငံတော်ကို အထောက်အကူပြုသည့် သမဝါယမစီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ် စေရေး၊
  • ပြည်သူများအကြား သမဝါယမစိတ်ဓါတ်နှင့် သမဝါယမသဘောတရား၊ သမဝါယမ အသိပညာများ ပြန့်ပွားလာရေး၊
  • အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့စည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ လူမှုစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးကို ဆောင်ရွက်ပေးရေး၊

အနှစ်သာရ (VALUES)

  • ကိုယ့်အားကိုယ်ကိုးခြင်း
  • ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း
  • အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း
  • တန်းတူညီမျှခြင်း
  • တရားမျှတခြင်း
  • စည်းလုံးညီညွတ်ခြင်း

ကျင့်ဝတ် (ETHICS)

  • ရိုးသားခြင်း
  • ပွင့်လင်းခြင်း
  • လူမှုရေးစိတ်ဓါတ်ရှိခြင်း
  • အများအကျိုးကို အလေးထားခြင်း

ဦးတည်ချက်(၃)ရပ်

  • ကျေးလက်ပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်၊
  • တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်သမဝါယမ စီးပွားရေး လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်တကယ် အထောက်အကူပြု ဆောင်ရွက် ပေးရန်၊
  • သမဝါယမလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) အဆင့်ရောက်ရှိစေရန်၊

လုပ်ငန်းစဉ်(၅)ရပ်

  • အခြေခံသမဝါယမအသင်းများ ဖွဲ့စည်းပြီး ပြည်သူများ လိုအပ်နေသော အရင်းအနှီး ရရှိစေရေးအတွက် အသေးစားအရင်းအနှီးချေးငွေ Micro Capital Loan လုပ်ငန်း ဆောင်ရွက်ပေးခြင်း၊
  • Micro Capital Loan လုပ်ငန်းအတွက် လိုအပ်သော အရင်းအနှီး ငွေကြေး ရရှိအောင် နိုင်ငံတကာမှ Aid, Grant နှင့် Concessional Loan များရရှိ အောင် ဆောင်ရွက်ခြင်း၊
  • လူမှုစီးပွားဘဝမြင့်မားစေရေးအတွက် အထောက်အကူပြုရန်နှင့် တိုင်းပြည်စီးပွားရေး ကို ထိရောက်စွာ အထောက်အကူပြုနိုင်ရန် အတွက် သမဝါယမအသင်းများကို ကုန်ထုတ်လုပ်မှု၊ကုန်သွယ်မှု၊ ဝန်ဆောင်မှု ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော သမဝါယမအသင်းများအဖြစ် အဆင့်မြှင့်တင်ခြင်း၊
  • သမဝါယမတက္ကသိုလ်/ကောလိပ်များမှ အမျိုးသားရေးစိတ်ဓါတ်နှင့်လူမှုရေးစိတ်ဓါတ် အခြေခံပြည့်ဝတဲ့ သမဝါယမစီးပွားရေး ပညာတတ် များ မွေးထုတ်ခြင်း၊
  • သမဝါယမသင်တန်းကျောင်းများမှ အမျိုးသားရေး စိတ်ဓါတ်နှင့် လူမှုရေး စိတ်ဓါတ် အခြေခံပြည့်ဝတဲ့ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ခြင်း၊

Action Plan (၁၀)ရပ်

  • အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း၊
  • လယ်ယာသုံး၊ လုပ်ငန်းသုံးနှင့် ရေလုပ်ငန်းသုံး စက်ပစ္စည်းများ အရစ်ကျငွေချေ စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၊
  • သမဝါယမအသင်းများအဆင့်မြှင့်တင်ရန်၊
  • အသက်မွေးဝမ်းကျောင်းပညာများတိုးမြှင့်သင်ကြားခြင်း၊
  • အသေးစားငွေကြေးဘဏ်လုပ်ငန်းတိုးတက်ခိုင်မာအောင်ဆောင်ရွက်ရန်၊
  • ငွေကြေးအရင်းအမြစ် (Financial Network) တည်ဆောက်ခြင်း၊
  • နည်းပညာ၊ သွင်းအားစုနှင့် သတင်းအချက်အလက်အရင်းအမြစ် (Technology, Material and Information Network) တည်ဆောက်ခြင်း၊
  • ကုန်ထုတ်ခြင်း၊ အရည်အသွေး စစ်ဆေးထုတ်ပိုးခြင်း၊ ထိုက်တန် သော ဈေးရရှိအောင် ဈေးကွက် တည်ဆောက်ခြင်း၊ ဈေးကွက်သို့တင်ပို့ ရောင်းချခြင်း လုပ်ငန်းစဉ် (Production, Quality Grading, Packaging, Marketing and Selling Network) ကိုတည်ဆောက်ခြင်း၊
  • ဆုံးရှုံးမှု (သို့မဟုတ်) စွန့်စားမှုကို အကာအကွယ် ပေးနိုင်မည့် (Risk Management) စနစ်တည်ဆောက်ခြင်း၊
  • အခြားဆက်စပ်သောကဏ္ဍ(Component) များတည်ဆောက်ခြင်း၊

ပဲခူးတိုင်းအတွင်း သမဝါယမဦးစီးဌာန၏ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များ

(၁)  အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း၊

(၂)  လယ်ယာသုံး၊ လုပ်ငန်းသုံးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ အရစ်ကျငွေချေ စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၊

(၃)  ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊

(၄)  သမဝါယမအသင်းများကို နှစ်ချုပ်စာရင်းစစ်ဆေးခြင်း၊

          (၅)  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဝန်ထမ်းများ၊ အသင်း အမှုဆောင်နှင့် အသင်းဝန်ထမ်းများအား         စွမ်းဆောင်ရည်မြှင့်တင်ရေး (Capacity Building) သင်တန်းများပေးခြင်း၊

          (၆)  သမဝါယမအသင်းများ၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးများကျင်းပခြင်း၊

(၇)  အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနား ကျင်းပပြုလုပ်ခြင်း၊