Home / လက်ပံတန်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

လက်ပံတန်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

တည်နေရာ နှင့်အကျယ်အဝန်း

LPD(a)

၁။        လက်ပံတန်းမြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၄၅မိနစ် ၁၂ စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ်၊ ၄၅ စက္ကန့်နှင့် ၉၅ ဒီဂရီ ၅၇ မိနစ်၊ ၅၄ စက္ကန့် အကြားတွင် တည်ရှိပါသည်။  လက်ပံတန်းမြို့နယ်နှင့် လက်ပံတန်းမြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် စတုရန်းမိုင် မြို့ စတုရန်းမိုင်
လက်ပံတန်း ၅၇၄.၀၈၃ လက်ပံတန်း ၁.၂၁
မြို့နယ်ချုပ် ၅၇၄.၀၈၃ ၁.၂၁

မြေမျက်နှာသွင်ပြင်

၂။       လက်ပံတန်းမြို့နယ်အနေဖြင့် အရှေ့ဘက်တွင် ပဲခူးရိုးမ၊ အနောက် ဘက်တွင် ဧရာဝတီမြစ်ဝှမ်းဒေသ တည်ရှိပါသည်။ မြို့နယ်၏ အရှေ့ဘက် ခြမ်းတွင် ပေ(၁၅၀၀)ထိ မြင့်မားသော တောင်တန်း၊ အနောက်ဘက်ခြမ်း သည် ချိုင့်ဝှမ်းပိုင်းဖြစ်၍ ချောင်း၊ အင်း၊ အိုင်များ ပေါများပါသည်။ အရှေ့ဘက်မှ အနောက်ဘက်သို့ ဆင်ခြေလျော ပုံသဏ္ဍန်တည်ရှိပါသည်။ မြို့နယ်တစ်ခုလုံးအနေဖြင့် ကုန်းမြင့်ပိုင်း (၄၇%)ရှိပြီး၊ သစ်တော၊ ဝါးတောများ ထူထပ်စွာပေါက်ရောက်လျက်ရှိပါသည်။ မြေပြန့်လွင်ပြင် အနေဖြင့် (၁၁%)၊ မြေနိမ့်ပိုင်း(၄၂%)ခန့်ရှိပါသည်။

လက်ပံတန်းမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၃၈ HC)၊ အနိမ့်ဆုံးအပူချိန်မှာ (၂၀ HC)ဖြစ်ပါသည်။ မိုးရွာသွန်းမှုအနေဖြင့် (၂၀၁၅)ခုနှစ်တွင် မိုးရွာရက်(၈၉)ရက်ရှိပြီး မိုးရေချိန်မှာ (၇၃.၃၆)လက်မဖြစ်၍ (၂၀၁၆)ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့အထိ မိုးရွာသွန်းရက် (၇၅)ရက်ရှိပြီး မိုးရေချိန်လက်မမှာ (၆၉.၆၇)လက်မဖြစ်ပါသည်။

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၃။      လက်ပံတန်းမြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းမှုမှာ အောက်ပါအတိုင်း  ဖြစ်ပါသည်-

(က)     အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည် –

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
လက်ပံတန်း ၄၉ ၃၁၀

(ခ)     လက်ပံတန်းမြို့နယ်၏မြို့နယ်၊မြို့နှင့်ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါ အတိုင်း ဖြစ်ပါ သည်-

စဉ် မြို့နယ်

အုပ်ချုပ်ရေးမှူး

အမည်

မြို့နယ် ရုံး မြို့ရုံး ရပ်ကွက်

ရုံး

ကျေးရွာ

အုပ်စု

ရုံး

ဦးဇော်မိုးအောင်

(ပ/၄၁၁၁)

၂၉

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်

၄။        လက်ပံတန်းမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး စီးပွားရေးအချက်အခြာကျသော မြို့ဖြစ်ပါသည်။ လက်ပံတန်းမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများမှ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ လက်ပံတန်း မြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းဆုံရာ မြို့ဖြစ်ပြီးလမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါးနှင့် မတ်ပဲသီးနှံများဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးသို့ တင်ပို့ရောင်းချပါသည်။

လူမှုရေး (အသင်းအဖွဲ့များဖွဲ့စည်းမှု)

၅။        လက်ပံတန်းမြို့နယ်အနေဖြင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ (၂)ခုရှိပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး

၆။      လက်ပံတန်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အုတ်တွင်း ကျေးရွာအုပ်စု မြင်တော်သာကျေးရွာမှ ရေကန်ကျေးရွာအုပ်စုသို့ ဆက်သွယ်သော  ဂဝံလမ်းပေတွင် အရှည် (၃၉)ပေ၊ အကျယ်(၁၅)ပေ၊ အမြင့်(၁၂)ပေရှိ ၀က်လှချောင်းရိုး တံတားတစ်စင်း တည်ဆောက်ပေးရန် အဆိုပြုတင်ပြထားပါသည်။

ယဉ်ကျေးမှုနယ်မြေ

၇။        လက်ပံတန်းမြို့နယ်အတွင်း ယဉ်ကျေးမှုနယ်မြေ မရှိပါ။

ဒေသသမိုင်းအကျဉ်း

၈။        လက်ပံတန်းမြို့နယ်သည် ဘူတာရုံအဆင်း(ယခု ၁ လမ်းဟု ခေါ်တွင်သည့် နေရာ)တွင် လက်ပံပင် (၂၁)ပင် တောင်မြောက်တန်း ပေါက်ရောက်နေသည်ကိုအကြောင်းပြု၍ လက်ပံတန်းဟု ခေါ်တွင် ခဲ့ပါသည်။ ရှေးအခါက ကုန်သည်များ တကောင်းခေတ္တရာသို့ ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင်   လှည်းများစခန်းချရပ်နား ခဲ့သည့်နေရာကို ရှမ်းဘာသာစကားဖြင့် “လောမန်” လှည်းစခန်းဟု ခေါ်တွင်ခဲ့ရာမှ လက်ပံတန်းဟု အမည်တွင်ခဲ့ကြောင်း ဆရာကြီးသင်္ခါ၏ မှတ်တမ်းတွင် တွေ့ရှိရပါသည်။ လက်ပံတန်းမြို့နယ် အဖြစ် တရားဝင် အသိအမှတ်ပြုသည့် ခုနှစ်ကို အတိအကျ မသိရသော်လည်း သာယာဝတီခရိုင် (Gazetter)ပါ အချက်အလက်များအရ ၁၈၅၄ ခုနှစ်၊ ၁၈၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိခဲ့ရပါသည်။ ၁၈၈၄ ခုနှစ်တွင် လက်ပံတန်းစာတိုက်ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၈၉၄ခုနှစ် တွင် မြူနီစပါယ်မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၅.၃.၁၉၇၃)ရက်စွဲပါစာအမှတ်၊ ၁၀၃/၅၈/ စိတ်(၁)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

မြို့နယ်တစ်ခုချင်းအလိုက် ပွဲတော်များ

၉။        လက်ပံတန်းမြို့နယ်အတွင်း အထင်ကရပွဲတော်များ ကျင်းပခြင်း မရှိပါ။

မြေမျက်နှာသွင်ပြင်

၂။       လက်ပံတန်းမြို့နယ်အနေဖြင့် အရှေ့ဘက်တွင် ပဲခူးရိုးမ၊ အနောက် ဘက်တွင် ဧရာဝတီမြစ်ဝှမ်းဒေသ တည်ရှိပါသည်။ မြို့နယ်၏ အရှေ့ဘက် ခြမ်းတွင် ပေ(၁၅၀၀)ထိ မြင့်မားသော တောင်တန်း၊ အနောက်ဘက်ခြမ်း သည် ချိုင့်ဝှမ်းပိုင်းဖြစ်၍ ချောင်း၊ အင်း၊ အိုင်များ ပေါများပါသည်။ အရှေ့ဘက်မှ အနောက်ဘက်သို့ ဆင်ခြေလျော ပုံသဏ္ဍန်တည်ရှိပါသည်။ မြို့နယ်တစ်ခုလုံးအနေဖြင့် ကုန်းမြင့်ပိုင်း (၄၇%)ရှိပြီး၊ သစ်တော၊ ဝါးတောများ ထူထပ်စွာပေါက်ရောက်လျက်ရှိပါသည်။ မြေပြန့်လွင်ပြင် အနေဖြင့် (၁၁%)၊ မြေနိမ့်ပိုင်း(၄၂%)ခန့်ရှိပါသည်။

လက်ပံတန်းမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၃၈ HC)၊ အနိမ့်ဆုံးအပူချိန်မှာ (၂၀ HC)ဖြစ်ပါသည်။ မိုးရွာသွန်းမှုအနေဖြင့် (၂၀၁၅)ခုနှစ်တွင် မိုးရွာရက်(၈၉)ရက်ရှိပြီး မိုးရေချိန်မှာ (၇၃.၃၆)လက်မဖြစ်၍ (၂၀၁၆)ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့အထိ မိုးရွာသွန်းရက် (၇၅)ရက်ရှိပြီး မိုးရေချိန်လက်မမှာ (၆၉.၆၇)လက်မဖြစ်ပါသည်။

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၃။      လက်ပံတန်းမြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းမှုမှာ အောက်ပါအတိုင်း  ဖြစ်ပါသည်-

(က)     အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည် –

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
လက်ပံတန်း ၄၉ ၃၁၀

(ခ)     လက်ပံတန်းမြို့နယ်၏မြို့နယ်၊မြို့နှင့်ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါ အတိုင်း ဖြစ်ပါ သည်-

စဉ် မြို့နယ်

အုပ်ချုပ်ရေးမှူး

အမည်

မြို့နယ် ရုံး မြို့ရုံး ရပ်ကွက်

ရုံး

ကျေးရွာ

အုပ်စု

ရုံး

ဦးဇော်မိုးအောင်

(ပ/၄၁၁၁)

၂၉

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်

၄။        လက်ပံတန်းမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး စီးပွားရေးအချက်အခြာကျသော မြို့ဖြစ်ပါသည်။ လက်ပံတန်းမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများမှ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ လက်ပံတန်း မြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းဆုံရာ မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါးနှင့် မတ်ပဲသီးနှံများဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးသို့ တင်ပို့ရောင်းချပါသည်။