Home / ပေါက်ခေါင်းမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ပေါက်ခေါင်းမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

 ပေါက်ခေါင်းမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

 

နိဒါန်း

A4-1

၁။      အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိဌာန တစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး ဟူသောရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်လျှက်ရှိပါသည်။  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့်သော အရာထမ်း၊အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေရပ်ကွက်/ ကျေးရွာ အုပ်စုအဆင့်အထိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးအသီးသီးတွင် တာဝန် ထမ်းဆောင်ကြရပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တယား ချောမွေ့စွာလည်ပတ်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ၊ အခြားဝန်ကြီးဌာနမှပေးအပ်သောတာဝန်များနှင့်ဒေသဆိုင်ရာအစိုးရအဖွဲ့များမှပေးအပ် သောလုပ်ငန်းတာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာအချက် အလက်များ ပြုစုထားရှိခြင်းသည် များစွာအရေးပါလာပါသည်။ ဒေသဆိုင်ရာအချက်အလက်များ ပြုစုခြင်းဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ရာတွင်အထောက်အကူပြု သကဲ့သို့ အကြီးအကဲများ နယ်မြေသို့ ကွင်းဆင်းရာတွင်နယ်မြေ၏အချက်အလက်များကိုလွယ်ကူစွာသိရှိနိုင်မည်ဖြစ်ပါသည်။ ဤစာအုပ် သည် ပေါက်ခေါင်းမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ(၂၀၁၆ ခုနှစ်၊စက်တင်ဘာလကုန်ထိအခြေအနေ)ကို သက်ဆိုင်ရာဌာန အသီးသီးမှပေးပို့သောကိန်းဂဏန်းများနှင့်အညီ ပြုစုတင်ပြထားခြင်းဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

၂။      ပေါက်ခေါင်းမြို့နယ်သည် သရေခေတ္တရာခေတ်တွင် မြို့နယ်ကြီး (၇)မြို့နယ်တွင် ပါဝင်သော ရဗိန်းမြို့မြို့နယ် တစ်မြို့နယ်ဖြစ်ပါ သည်။ ထိုစဉ်ကပိုးမွေးပြီးပိုးချည်ယက်လုပ်၍ ရဗိန်းပိုးဟုထင်ရှားခဲ့ပါသည်။ကိုလိုနီခေတ် ၁၈၅၅ခုနှစ် နောက်ပိုင်းတွင် ယခုစျေးနေရာ၌ မြို့ပိုင်ရုံးနှင့် ရဲစခန်းတည်ဆောက်ပြီး အုပ်ချုပ်ခဲ့ပါသည်။ ယခုအမှတ် (၄) ရပ်ကွက်ရှိ အ.ထ.က ကျောင်းတောင်ဘက် တွင် ရှိခဲ့သော ပေါက်ပင်ကြီး၏ အခေါင်းကို အစွဲပြု၍ “ ပေါက်ခေါင်း’’ ဟုခေါ်တွင်ခဲ့ကြောင်း သိရှိရပါသည် ။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၃၀.၈.၁၉၇၂) ရက်စွဲ ပါစာအမှတ်၊ ၁၀၃/ ၂၄ – စိတ် ၁ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရပေါက်ခေါင်းမြို့အား ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကျေးရွာအုပ်စုများကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန(၂၅.၅.၁၉၇၃) ရက်စွဲပါစာအမှတ်၊၃ / ၁၅၀ /အထ ၂ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့် ( ၂၁.၉.၁၉၈၄)ရက်စွဲပါစာအမှတ်၊ ၃ / ၁၅၀ /အထ ၂ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတို့အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ( ၃.၆.၂၀၀၄ ) ရက်စွဲပါစာအမှတ်၊ ၁၀၀/ ၂၃ – ၉၉ / ဦး၁ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ကျေးရွာအုပ်စု (၁၇)အုပ်စုအား ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၊ ယခုအခါပြည်ထဲရေးဝန်ကြီးဌာန၏       (၂၁.၁.၂၀၁၃)ရက်စွဲပါစာအမှတ်၊၂၀၀/၂၃-၁၁၆/ဦး၁ဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာ အုပ်စု အတွင်းရှိ ရွှေတောင်ငွေတောင်ကျေးရွာ၊ ခပေါင်းကျေးရွာ၊ ဘော်ဒါကျေးရွာအား ပေါက်ခေါင်းမြို့နယ် အတွင်းသို့ တိုးချဲ့ဖွဲ့စည်းပေး ခဲ့ပါသည်။ သို့ဖြစ်၍ပေါက်ခေါင်းမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၃)အုပ်စု၊ကျေးရွာပေါင်း ( ၂၂၉ ) ရွာတို့ဖြင့်ဖွဲ့စည်း ထားရှိပါသည်။တော်လှန်ရေးကောင်စီခေတ် ၁၉၆၂ – ၁၉၇၃ ခုနှစ် ပြည်သူ့အုပ်ချုပ်ရေးစနစ်ကာ ၁၉၇၄ – ၁၉၈၈တို့တွင် ပေါက်ခေါင်းမြို့၊ အမှတ် ( ၅ ) ရပ်ကွက် မြို့နယ်စည်ပင်သာယာရေး စျေးကြီးအနီးတွင်အုပ်ချုပ်ရေးရုံး ဖွင့်လှစ်၍လည်းကောင်း၊ တပ်မတော်အစိုးရ လက်ထက် ၁၉၈၉မှယနေ့အထိအမှတ်(၄)ရပ်ကွက်၊ပြည် – တောင်ငူ လမ်းအနီး ရုံးစိုက်၍လည်းကောင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါသည်။

ပထဝီဝင်အနေအထား

တည်နေရာအကျယ်အဝန်း

၃။      ပေါက်ခေါင်းမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် တည်ရှိပါသည်။ပေါက်ခေါင်းမြို့နယ်သည်  မြောက်လတ္တီတွဒ်၁၈ ဒီဂရီ ၄၀ မိနစ်နှင့် ၁၉ ဒီဂရီ ၁၅မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၀၅မိနစ်နှင့် ၉၅ဒီဂရီ ၅၀မိနစ် အကြားတွင်တည်ရှိပြီး အကျယ်အဝန်းမှာ (၇၅၁.၄၉) စတုရန်းမိုင် ကျယ်ဝန်းပါသည်။အရှေ့မှအနောက်သို့ (၄၃ မိုင် ၂ဖာလုံ) ရှိပြီး တောင်မှမြောက်သို့ (၄၀ မိုင် ၁ ဖာလုံ) ရှည်လျားပါသည်။

နယ်နိမိတ်

၄။      ပေါက်ခေါင်းမြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့နယ်၊ရေတာရှည်မြို့၊တောင်ငူမြို့နယ်၊ ဖြူးမြို့နယ်၊ နတ်တလင်းမြို့နယ် အနောက်ဘက်တွင်ပြည်မြို့နယ်၊ တောင်ဘက်တွင်ပေါင်းတည်နှင့် သဲကုန်းမြို့နယ်၊ မြောက်ဘက်တွင် မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ်တို့နှင့်နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိ ပါ သည်။

မြေမျက်နှာသွင်ပြင်

၅။      ပေါက်ခေါင်းမြို့နယ်၏ မြေမျက်နှာ သွင်ပြင် အနေအထားမှာ အရှေ့ဘက်တွင် တောင်စဉ်တောင်တန်းများ၌ မြောက်နဝင်း၊ အလယ်နဝင်း၊ တောင်နဝင်း ၊ သစ်တောကြိုးဝိုင်းများ တည်ရှိသည်၊၊ အနောက်ဘက်တွင်မြို့နှင့် (၃)မိုင်ခန့်အကွာ၌ တောင်ဇင်းဝ တောင်တန်းငယ်တစ်ခုသည် တောင်မှမြောက်သို့သွယ်တန်းလျှက်ရှိသည်၊၊ မြို့နယ်တောင်ဘက်တွင် တောင်ကုန်းငယ်များ ထူထပ်ပြီး ရှားပြင်သစ်တော ကြိုးဝိုင်းတည်ရှိသည်။ မြို့နယ်၏မြောက်ဘက်တွင် တောင်ကုန်းတောင်တန်းငယ်များ တည်ရှိပြီး အိုးလည်ဆွဲ၊ ချောင်းစောက်နှင့် ကြပ်ခုံ သစ်တောကြိုးဝိုင်းများတည်ရှိသည်။ တစ်မြို့နယ်လုံးတွင် ညီညာပြန့်ပြူးသော မြေဧရိယာအနည်းငယ်သာရှိပြီး တောင်ကုန်း၊ တောင်စွယ် တောင်တန်းများ အများဆုံး တည်ရှိပါသည်။

ရေဆင်း

၆။      ပေါက်ခေါင်းမြို့နယ်တွင် မြစ်ချောင်းများ နည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည်မြောက်မှ တောင်သို့ စီးဆင်းလျှက်ရှိပါသည်၊ထင်ရှားသော ချောင်းများမှာ မြောက်နဝင်းချောင်းနှင့်တောင်နဝင်းချောင်း တို့ဖြစ်ပြီး အဆိုပါချောင်းများမှာ ယခင်က ပြည်မြို့အနီးရှိ ဧရာဝတီမြစ်အတွင်းသို့စီးဝင်ပါသည်။ ယခုအခါ တောင်နဝင်းပင်မရေလှောင်တမံ တည်ဆောက်လိုက် သည့်အခါတောင်နဝင်းချောင်းမှာ ၄င်းရေလှောင်တမံအတွင်းသို့စီးဝင်ခဲ့ပါသည်။မြို့နယ်အတွင်းရှိ ရေအရင်းအမြစ် အများစုမှာ ရေချိုများဖြစ်၍ သောက်သုံးရေ၊စိုက်ပျိုးရေများအတွက် အသုံးဝင်ပါသည်။

 ပင်လယ် ရေမျက်နှာပြင် အထက်အမြင့်

၇။     ပေါက်ခေါင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်ပျှမ်းမျှအမြင့်၂၄၁.၀၆ ပေအကြားတွင် တည်ရှိပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

၈။      ပေါက်ခေါင်းမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံးအပူချိန် (၃၁ဒီဂရီc) နှင့် အနိမ့်ဆုံးအပူချိန်မှာ(၁၄ဒီဂရီc) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ၂၀၁၆ခုနှစ်အတွင်းမိုးရွာရက်မှာ (၄၇) ရက်ဖြစ်ပြီး၊ စုစုပေါင်းမိုးရေချိန်မှာ (၂၈.၀၄) လက္မဖြစ်ပါသည်။

 

သဘာဝပေါက်ပင်များ

၉။      ပေါက်ခေါင်းမြို့နယ်အတွင်းပေါက်ရောက်သည့် သဘာဝ ပေါက်ပင်များမှာကျွန်းပျဉ်းကတိုး၊ ပိတောက်၊သင်းဝင်၊ တမလန်း၊ ရှားပင်၊ သစ်ရာ၊ အင်ကြင်း၊ ဝါးပင်များပေါက်ရောက်ပါသည်။

တောရိုင်းတိရိစ္ဆာန်များ

၁၀။    ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောရိုင်းတိရိစ္ဆာန်များမှာ တောဆင်၊ ပြောင်၊ဆိုင်၊ ဆတ်၊ သမင်၊ ဒရယ်၊ဂျီ၊ ယုန်၊ တောင်ဆိတ်၊ တောဝက်၊ ခွေးအာ၊ မျောက်၊ ဒေါင်း၊တောကြောင်၊ သင်းခွေချပ်နှင့် ငှက်မျိုးစုံတို့အပြင်စပါးကြီးမြွေ၊ ငန်းမြွေ၊ စပါးအုံးမြွေ၊မြွေပွေး၊ မြွေဟောက်၊ လိပ်၊ ဖွတ်၊ ပုတတ်တို့ကို တွေ့ရှိရပါသည်။ ရေသတ္တဝါများမှာငါးကြင်း၊ ငါးရံ့တို့ တွေ့ရှိရပါသည်။

သဘာဝပတ်ဝန်းကျင် လက်ရှိအခြေအနေ

၁၁။    ပေါက်ခေါင်းမြို့နယ်၏ လက်ရှိသဘာဝပတ်ဝန်းကျင် အခြေအနေမှာ တောတောင်ထူထပ်ပြီးချောင်းမကြီးအနေဖြင့် မြောက်နဝင်းချောင်းမကြီးနှင့် တောင်နဝင်းချောင်းမကြီးတို့ နှစ်ခုရှိပြီးနွေရာသီတွင်ရေအနည်းငယ်သာ စိမ့်စမ်းရေများမှ စီးဆင်းပါသည်။ ယခုအခါ ညောင်ဝန်းအုပ်စုအတွင်းတွင် ဖြိုးစည်သူကျွန်းစိုက်ခင်း၊ ရွှေတောင်ငွေတောင်အုပ်စုအတွင်းတွင် မြင်းကိုးကောင် ကျွန်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်သဖြင့် ချောင်း၊ အင်း၊ အိုင်များ ပျက်စီးမှုမရှိပါ။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ

၁၂။    ပေါက်ခေါင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအနေဖြင့် တစ်ပိုင်တစ်နိုင်ကျေးရွာသုံးထင်းစိုက်ခင်း (၂၈၄၄) ဧက၊ ညောင်ဝန်းအုပ်စုအတွင်း(၁၂၀၀) ဧကတွင် ဖြိုးစည်သူ ကျွန်းစိုက်ခင်း၊ ရွှေတောင်ငွေတောင်အုပ်စုအတွင်း (၄၅၀)ဧကတွင် မြင်းကိုးကောင် ကျွန်းစိုက်ခင်းများစိုက်ပျိုးထားရှိခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိပါသည်။

သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှု

၁၃။    ပေါက်ခေါင်းမြို့နယ်သည် ကုန်းတွင်းပိုင်းတွင်ကျရောက်ပြီး ပင်လယ်၊ သမုဒ္ဒရာ၊မြစ်များနှင့်ဝေးကွာသည့် မြို့တစ်မြို့ဖြစ်သည့် အတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုအခြေအနေမှာ ၁.၅.၂၀၁၆ ရက်နေ့နှင့် ၃.၅.၂၀၁၆ ၏၇က်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင်း ရပ်ကွက်နှင့် ကျေးရွာ (၄၉) ရွာမှ နေအိမ် (၂၂၄) လုံးအမိုးလန်ပြီး၊ နေအိမ် (၂၇)ပြိုလဲကာ၊ ဘုန်းတော်ကြီးကျောင်း (၉) ကျောင်း၊စာသင်ကျောင်း (၅) ကျောင်းအမိုးလန်ခြင်း၊ ဓါတ်အားလိုင်းမီးတိုင် (၁၂) လုံး လဲကျခြင်းတို့ဖြစ် ပေါ်ခဲ့ပါသည်။

 

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၁၄။    ပေါက်ခေါင်းမြို့၏ အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းမှုမှာ မြို့ (၁) ခု၊ရပ်ကွက် (၅) ခု၊ ကျေးရွာအုပ်စု (၅၃)အုပ်စု၊ ကျေးရွာပေါင်း (၂၂၉) ရွာတို့ဖြင့်ဖွဲ့စည်းထားရှိပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ဦးကျော်ဌေးဖြစ်ပြီးရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၅၈) ဦး၊ စာရေးဝန်ထမ်း (၅၈) ဦးရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် မြို့နေလူဦးရေမှာ မြို့ပေါ် (၅) ရပ်ကွက်တွင် ကျား (၆၈၆၉) ဦး၊ မ (၇၅၃၂)ဦး စုစုပေါင်း (၁၄၄၀၁) ဦးနှင့်အိမ်ခြေ (၃၃၆၀) လုံး၊ အိမ်ထောင်စု (၃၃၉၂) စုတို့ရှိပါသည်။ ကျေးလက်နေလူဦးရေမှာ ကျား (၅၃၄၁၄) ဦး၊ မ(၅၅၂၁၀)ဦး စုစုပေါင်း (၁၀၈၆၂၄) ဦးနှင့်အိမ်ခြေ (၂၈၉၀၃) လုံး၊ အိမ်ထောင်စု (၂၉၇၂၇) စုတို့ရှိပါသည်။မြို့နယ်ရှိစုစုပေါင်း လူဦးရေမှာ ကျား (၆၀၂၈၃) ဦး၊ မ (၆၂၇၄၂) ဦးစုစုပေါင်း (၁၂၃၀၂၅) ဦးတို့ရှိပါသည်။ကိုးကွယိသည့်ဘာသာအလိုက် လူဦးရေမှာ ဗုဒ္ဓဘာသာဝင် (၁၁၅၈၃၀) ဦး၊ ခရစ်ယာန်ဘာသာဝင် (၆၈၇၆) ဦး၊ဟိန္ဒူဘာသာဝင် (၂၂) ဦး၊ အစ္စလာမ်ဘာသာဝင် (၂၉၇) ဦးတို့ဖြစ်ပါသည်။ နိုင်ငံခြားသားနေထိုင်မှုအနေဖြင့်တရုတ်လူမျိုး (၁၀၀) ဦး၊ အိန္ဒိယလူမျိုး (၂၄၅) ဦး၊ အခြား (၂၇) ဦးတို့နေထိုင်ကြပါသည်။

 ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအင်အားစာရင်း

၁၅။    ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းအင်အားစာရင်း အောက်ပါအတိုင်း ဖြစ်ပါသည်-

 

စဉ် ဌာနဆိုင်ရာအမည် ခွင့် ပြု ခန့်ထား လစ်လပ်
အရာရှိ အဆင့် အခြား အဆင့် ပေါင်း အရာရှိ အဆင့် အခြား အဆင့် ပေါင်း အရာ ရှိ

အဆင့်

အခြား အဆင့် ပေါင်း
မြို့နယ်ထွေ/အုပ်ဌာန ၈၉ ၉၁ ၈၉ ၉၁
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၂၀ ၉၄ ၁၁၄ ၁၃ ၇၄ ၈၇ ၂၀ ၂၇
မီးသတ်ဦးစီးဌာန ၃၄ ၃၇ ၁၇ ၁၈ ၁၇ ၁၉
စည်ပင်သာယာရေးအဖွဲ့ ၇၈ ၈၀ ၁၂ ၁၃ ၆၆ ၆၇
သ/မဦးစီးဌာန ၄၆ ၅၁ ၁၂ ၃၉ ၃၉
စိုက်ပျိုးရေးလုပ်ငန်း ၄၁ ၄၂ ၁၆ ၁၇ ၂၅ ၂၅
ဆည်မြောင်း ၅၄ ၅၅ ၅၄ ၅၅
လယ်စီအင်း ၃၀ ၃၀ ၂၂ ၂၂
စက်မှုလယ်ယာ ၈၄ ၈၅ ၃၆ ၃၇ ၄၈ ၄၈
၁၀ တိုင်းရင်းဆေး
၁၁ မျိုးသန့်ခြံ
၁၂ တိ/မွေး/ကု ၁၀
၁၃ ဆက်သွယ်ရေး
၁၄ သစ်တော ၄၅ ၄၆ ၃၉ ၄၀
၁၅ မြန်မာ့လျှပ်စစ်လုပ်ငန်း ၁၄ ၁၅ ၁၂ ၁၃
၁၆ လဝက ၁၁ ၁၂
၁၇ စီမံကိန်း
၁၈ အား / ကာ
၁၉ ပညာရေး ၁၃ ၁၂၇၉ ၁၂၉၂ ၁၀ ၁၁၁၄ ၁၁၂၄ ၁၆၅ ၁၆၈
၂၀ ကျန်းမာရေး ၂၂၆ ၂၂၇ ၁၅၄ ၁၅၅ ၇၂ ၇၂
၂၁ တရားရုံး ၁၀ ၁၂
၂၂ ဥပဒေ
၂၃ စာရင်းရုံး ၁၃ ၁၄ ၁၃ ၁၄
၂၄ အခွန်ဦးစီးဌာန
၂၅ မြန်မာ့စီးဘဏ် ၁၇ ၁၈ ၁၇ ၁၈
၂၆ လမ်းဦးစီး ၂၀ ၂၁ ၁၂ ၁၂
၂၇ ပြန်/ဆက်
၂၈ ကုန်သွယ်/မြှင့်တင်
၂၉ ကျေးလက်ဦးစီး ၂၆ ၂၇ ၁၅ ၁၆ ၁၁ ၁၁
စုစုပေါင်း ၇၁ ၂၂၆၁ ၂၃၃၂ ၅၄ ၁၇၄၆ ၁၈၀၀ ၁၇ ၅၁၅ ၅၃၂

 

တရားစီရင်ရေး

၁၆။    ပေါက်ခေါင်းမြို့နယ်၏ တရားစီရင်ရေး ဆောင်ရွက်မှုအခြေအနေမှာ ၂၀၁၆ ခုနှစ်သြဂုတ်လ ကုန်အထိအမှုကြီးဖြစ်ပွားမှုမှာ (၃) မှုရှီပြီးတရားစွဲဆိုမှု (၂) မှု၊ လက်ကျန်အမှုမှာ (၁)မှုဖြစ်ပါသည်။ အခြားအမှု (၁၀) မျိုးဖြစ်ပွားမှုမှာ (၇၅) မှုရှိပြီး တရားစွဲဆိုမှု (၄၄) မှု၊ ပိတ်သိမ်းမှု (၁) မှု၊ လက်ကျန်အမှုမှာ (၃၀)မှုဖြစ်ပါသည်။ကြိုတင်ကာကွယ်မှု (၁၁) မျိုး ဖြစ်ပွားမှုမှာ (၅၉၇) မှု ဖြစ်ပွားခဲ့ပြီး (၅၉၇) မှုတရားစွဲဆိုနိုင်ခဲ့ပါသည်။

ကာကွယ်ရေးနှင့် လုံခြုံရေး

၁၇။    ပေါက်ခေါင်းမြို့နယ်၏ ကာကွယ်ရေးနှင့်လုံခြုံရေးဖြန့်ချထားရှိမှုအခြေအနေမှာ တပ်ရင်းတပ်ဖွဲ့အနေဖြင့် ရပ်သစ်အုပ်စု၊အုတ်ပုံကျေးရွာတွင် အမှတ်(၅၃) ခြေလျင်တပ်ရင်းတစ်ရင်းရှိပါသည်။ ရဲတပ်ဖွဲ့တပ်ဖြန့်အင်အားမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ ကံကျင်းနယ်မြေရဲကင်းစခန်း၊ ရဲကင်း  (၅) ခုရှိပြီးအရာရှိ (၁၇) ဦး၊ အခြားအဆင့် (၈၈) ဦး၊ စုစုပေါင်း (၁၀၅) ဦးရှိပါသည်။ ရဲတပ်ဖွဲ့နှင့်လူဦးရေအချိုးမှာ  (၁ : ၁၁၇၂) ဦးဖြစ်ပါသည်။ မီးသတ်အင်အားနှင့်မီးသတ်ယာဉ်စခန်းအရေအတွက်မှာ စခန်း (၁) ခု၊ သန္ဓေအင်အား(၁၈) ဦး၊ စုစုပေါင်း (၇၉၄) ဦးရှိပြီးမီးသတ်ယာဉ် (၇) စီး၊ ရေသယ်ယာဉ် (၂)စီးနှင့်အပေါ့စားမီးသတ်စက် (၃၈၅) လုံးရှိပါသည်။

 

နိုင်ငံရေးပါတီများ

၁၈။    ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံရေးပါတီ(၆)ခုရှိပြီးယင်းတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီတို့ဖြစ်ကြပါသည်။ ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ မှာ ဒေါ်နီနီဒွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဦးသက်မင်းဇော် တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းနိုင် တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဖြစ်ကြပါ သည်။

စီးပွားရေးဆိုင်ရာအချက်အလက်

၁၉။    ပေါက်ခေါင်းမြိုနယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတည်ရှိပြီး စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုရှိသောမြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိဒေသခံပြည်သူလူထုသည်စိုက်ပျိုးရေးလုပ်ငန်းအဓိက လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ထို့အပြင်ကူးသန်းရောင်း၀ယ်ရေး လုပ်ငန်းများကိုလည်းစီးပွားဖြစ်လုပ်ကိုင်ကြပါသည်။ပေါက်ခေါင်းမြို့နယ်သည် ပြည်- ပေါက်ခေါင်း – တောင်ငူလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်၊ စပါး ၊ နှမ်း၊ မြေပဲ၊ ဝါဖြစ်ပြီး ပြည်မြို့နယ်သို့အများဆုံး တင်ပို့ရောင်းချပါသည်။ ပေါက်ခေါင်းမြို့နယ်သည်ပြည်မြို့နယ်မှကုန်ပစ္စည်းများကိုအဓိကတင်သွင်းရပါသည်။

မြေအသုံးချမှု

၂၀။    ပေါက်ခေါင်းမြို့နယ်၏ မြေအမျိုး အစားအလိုက် မြေအသုံးချမှုမှာ အသားတင်စိုက်ပျိုးမြေဧရိယာပေါင်း( ၉၇၄၇၈) ဧကလယ်မြေ ဧရိယာ (၄၁၅၅၉)ဧက၊ယာမြေ (၅၄၄၁၄) ဧက၊ကိုင်း/ကျွန်းမြေ(၁၄၅၈ )ဧက၊ ဥယျာဉ်မြေ (၄၇) ဧက၊စက်မှုလုပ်ငန်းသုံးမြေ (၃၉၈၉၇) ဧက၊ မြို့မြေ (၅၇၂) ဧက၊ရွာမြေ (၃၄၁၃ )ဧက၊ အခြားမြေ (၇၉၀၅၉) ဧက၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်‌တောဧရိယာ (၁၄၇၅၃၅) ဧက၊ တောရိုင်း( ၁၉၆၃၆) ဧက၊ မြေရိုင်း (၅၁၃၉၀) ဧက၊ စိုက်ပျိုးခြင်းမပြုနိုင်သောဧရိယာ (၃၂၃၉၀) ဧကစုစုပေါင်း(၄၇၁၃၇၀) ဧကရှိပါသည်။

 

ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက်ဧရိယာ

၂၁။    ပေါက်ခေါင်းမြို့နယ်ရှိ ဆည်မြောင်းတာတမံများနှင့်ဆည်ရေသောက် ဧရိယာမှာ တောင်န၀င်းရေလှောင်တမံရှိပြီး တမံအလျားပေမှာ (၁၆၆၇၄) ပေရှိပါသည်။ ရေဝင်ဆံ့မှုမှာ ၂၈၇၀၀၀ ကုဗပေဖြစ်ပြီး အကျိုးပြုဧကမှာ ၆၂၅၀၀ ဧကကိုဆည်ရေပေးဝေနိုင်ပါသည်။ တောင်နဝင်းရေထိန်းတမံမှာ ၂၁၀၀၀ကုဗပေ ရေဝင်ဆံ့ပါသည်။

စိုက်ပျိုးရေးလုပ်ငန်း

၂၂။     ပေါက်ခေါင်းမြို့နယ်၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) အဓိကသီးနှံ (၁၀) မျိုး စိုက်ပျိုးထုတ်လုပ်မှု

စဉ် သီးနှံအမည် ၂၀၁၆-၂၀၁၇ လျာထားဧက ၂၀၁၆-၂၀၁၇ ခုနှစ်
စိုက် ရိတ် နှုန်း အထွက်(တင်း)
စပါးပေါင်း နွေ ၆၆၉၇ ၆၆၉၉ ၆၆၉၉ ၈၃ . ၀၃ ၅၅၆၂၅၀
မိုး ၄၆၇၄၁ ၄၆၇၄၅
‌မြေပဲပေါင်း မိုး ၆၂၄၄ ၆၂၄၃
ဆောင်း ၄၂၅၃ ၄၂၅၆ ၄၂၅၆ ၆၀ . ၉၁ ၂၅၉၂၃၃
နှမ်း မိုး ၄၂၉၆၂ ၄၃၀၃၀
ဆောင်း ၄၆၃၆ ၄၆၄၁ ၄၆၄၁ ၁၁.၀၈ ၅၁၃၂၉
နေကြာ ၅၀
မတ်ပဲ ၁၈၈၅၁ ၁၉၃၅၈ ၁၉၃၅၈ ၁၉.၁၈ ၃၆၉၉၃၁
ပဲတီစိမ်း မိုး ၁၁၃၀ ၁၁၃၂
ဆောင်း ၈၇၅၉ ၈၇၅၉ ၈၇၅၉ ၁၇.၀၃ ၁၄၉၁၆၆
ပဲစဉ်းငုံ ၉၂၈၄ ၉၄၄၁
ဝါ ၉၆၇၄ ၉၆၇၇
ကြံ ၁၄၇၄၈ ၁၅၂၈၂
၁၀ အစေ့ထုတ်ပြောင်း

 

 (ခ) အခြားစျေးကွက်ဝင်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု

စဉ် သီးနှံအမည် စိုက်ဧရိယာ ရိတ် နှုန်း ထွက်
ကြက်သွန်နီ ၂၄၁ ၂၄၁ ၄၀၆၅ ၉၇၉၈၄၅
ဖူးစားပြောင်း(မိုး) ၃၄၄၂ ၃၄၄၂ ၂၃၅၄၉ ၈၁၀၅၆၁၃၉
ဖူးစားပြောင်း(ဆောင်း) ၃၅၂ ၃၅၂ ၂၃၃၆၈ ၈၂၂၅၅၃၆
ဝါကြီး ၉၆၀၅ ၉၆၀၅ ၁၀၆ ၁၀၂၆၅၈၂
ပဲပုတ် ၇၈၄ ၇၈၄ ၁၆.၈၈ ၁၃၂၃၄
ကုလားပဲ ၃၅၁၉ ၃၅၁၉ ၁၇.၉၉ ၆၃၃၀၇
ပဲကြီး ၂၃၇၉ ၂၃၇၉ ၁၆.၂၀ ၃၈၅၃၉
ပဲနောက် ၇၁၄၈ ၇၁၄၈ ၁၆.၁၄ ၁၁၅၃၆၉
ငြုတ်စို ၁၀၈ ၁၀၈ ၁၄၄၆.၁၀ ၁၅၆၁၇၉
၁၀ ငြုတ်ခြောက် ၄၈ ၄၈ ၃၂၄ ၁၅၅၈၅
၁၁ ဟင်းရွက်(မိုး) ၁၄၆၂ ၁၄၆၂ ၂၂၈၅ ၃၃၄၀၆၇၁
၁၂ ဟင်းရွက်(ဆောင်း) ၂၅၄၆ ၂၅၄၆ ၂၀၉၂ ၅၃၂၇၁၉၉
မြို့နယ်ချုပ် ၃၁၆၃၄ ၃၁၆၃၄

(ဂ)    လယ်ယာသုံးစက်ကိရိယာ သုံးစွဲမှုအခြေအနေ

                ပေါက်ခေါင်းမြို့နယ်အတွင်း လယ်ယာသုံးစက်ကိရိယာ သုံးစွဲမှုအခြေအနေ မှာ အစိုးရ ပိုင်ထွန်စက်ကြီး (၂၀) စီး၊ ရိတ်သိမ်းချွေလှေ့စက် (၁) စီး၊ ပုဂ္ဂလိကပိုင် ထွန်စက်ကြီး (၃၅၀) စီး လက်တွန်းထွန်စက် (၃၀၀) စီး၊ ရိတ်သိမ်းချွေလှေ့စက် (၅) စီး၊ ရေစုပ်စက် (၁၁၃၀) လုံး၊ ချွေ လှေ့စက် (၅၁၃) စီး၊လယ်ယာသုံးထယ် (၁၄၅၈၆) စင်း၊ ထွန် (၁၃၇၃၂) စင်း၊ ကျွဲကောင်ရေ(၅၂၈၄) ကောင်၊ ခိုင်းနွားကောင်ရေ (၃၉၇၄၅) ကောင်တို့ရှိပါသည်။

 

(ဃ)   ဒေသတွင်း ဆန်ဖူလုံမှုရာခိုင်နှုန်း  

စဉ် အကြောင်းအရာ ရေတွက်ပုံ ၂၀၁၅-၁၆အမှန် ၂၀၁၆-၁၇လျာထား မှတ်ချက်
လူဦးရေ ဦး ၁၂၂၈၆၉ ၁၂၃၀၂၅
လူတစ်ဦးတစ်နှစ်စားသုံးမှု တင်း
ကျေးလက်နေ တင်း ၁၆၂၇၂၆၀ ၁၆၂၉၃၆၀
မြို့နေ တင်း ၁၇၂၆၂၀ ၁၇၂၈၁၂
ဝမ်းစာလိုအပ်ချက် တင်း ၁၇၉၉၈၈၀ ၁၈၀၂၁၇၂
စပါးစိုက်ဧကပေါင်း ဧက ၅၃၄၄၀ ၅၈၁၂၀
အထွက်နှုန်း တင်း ၇၇ . ၅၆ ၇၈ . ၅၀
အထွက်တင်း တင်း ၄၁၄၄၆၆၂ ၄၅၆၂၄၉၅
လမည့်နှစ်စပါးစိုက်ဧက ဧက ၅၃၄၄၀ ၅၈၁၂၀
ချန်လှပ်ရမည့်တင်း တင်း ၁၀၆၈၈၀ ၁၁၆၂၄၀
အသုံးပြုတင်း တင်း ၂၄၅၂၃၆၂ ၂၄၉၂၁၄၃
ပိုလျှံမှု/လိုအပ်မှု တင်း ၁၆၉၂၃၀၀ ၂၀၇၀၃၅၂
ဝမ်းစာကျန်ရှိမှု တင်း ၁၆၉၂၃၀၀ ၂၀၇၀၃၅၂
၁၀ ဖူလုံမှု ရာခိုင်နှုန်း ၁၆၉ . ၀၁ ၁၈၃ . ၀၈

(င)    ဒေသတွင်းဆီဖူလုံမှုရာခိုင်နှုန်း

စဉ် အကြောင်းအရာ ရေတွက်ပုံ ၂၀၁၅-၁၆အမှန် ၂၀၁၆-၁၇လျာထား မှတ်ချက်
လူဦးရေ ဦး ၁၂၂၈၆၉ ၁၂၃၀၂၅  
လူတစ်ဦးတစ်နှစ်စားသုံးမှု ပိဿာ  
  ဝမ်းစာလိုအပ်ချက် မက်/တန် ၁၂၀၄ ၁၂၀၅ . ၃၆  
  ဆီထွက်မှု မက်/တန် ၆၁၄၄.၄၄ ၆၂၉၉ . ၅၅  
အလေအလွင့်နှင့်အခြား တင်း ၉၉၅၀၀ ၁၀၄၉၇၃  
ချန်လှပ်ရမည့်တင်း(နှမ်း)၊မြေပဲ တင်း ၆၈၉၇၁ ၇၂၇၆၉  
  အသုံးပြုမှု မက်/တန် ၈၁၄.၉၉ ၈၄၅ . ၆၅  
  လိုအပ်မှု မက်/တန် ၁၂၀၄ ၁၂၀၅ . ၃၅  
ဖူလုံမှု ရာခိုင်နှုန်း ၅၁၀.၄၁ ၅၂၂ . ၆၃  

 

မွေးမြူရေးလုပ်ငန်းများ

၂၃။    ၂၀၁၆ – ၂၀၁၇ ခုနှစ်ပေါက်ခေါင်းမြို့နယ်၏ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုများမှာ ကျွဲ (၈၃၉၉)ကောင်၊ နွား (၆၃၄၂၀) ကောင်၊ ဝက် (၃၅၉၆၃) ကောင်၊ ဆိတ် (၂၉၅၁) ကောင်၊ ကြက် (၁၄၆၉၃၂၆) ကောင်၊ဘဲ (၃၃၆၉၅) ကောင် မွေးမြူနိုင်ခဲ့ပါသည်။ အသားထုတ်လုပ်မှုအနေဖြင့် အမဲသား (၉၉၁၆၇၉) ပိသာ၊ ဝက်သား(၃၂၆၂၆၁၅) ပိသာ၊ ဆိတ်သား (၁၈၀၂၃) ပိသာ၊ ကြက်သား (၅၁၀၄၂၄၅) ပိသာ၊ ဘဲသား (၂၆၂၃၀၆) ပိသာထုတ်လုပ်နိုင်ခဲ့ပါသည်။ ဥထုတ်လုပ်မှုအနေဖြင့် ကြက်ဥ( ၅၄၂၉၀၂၄၀ ) လုံး၊ ဘဲဥ ( ၂၄၁၂၉၇၅ ) လုံး ထုတ်လုပ်နိုင်ခဲ့ပါသည်။ နို့ထွက်ပစ္စည်းထုတ်လုပ်မှုအနေဖြင့် နို့စားနွား ( ၅၃ )ကောင်ရှိပြီး( ၇၆၃၂၀ )ပိဿာထုတ်လုပ်

နိုင်ခဲ့ပါသည်။

စက်မှုလက်မှုလုပ်ငန်းများ

၂၄။    ၂၀၁၆ – ၂၀၁၇ ခုနှစ်ပေါက်ခေါင်းမြို့နယ်၏ စက်မှုလက်မှု လုပ်ငန်းများ တည်ရှိမှုမှာ ပုဂ္ဂလိကပိုင်အင်ငါးခွသကြားစက်ရုံ ( ၁ )ရုံရှိပြီး လုပ်သားအင်အား ( ၃၆၂ )ဦးရှိပါသည်။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများအနေဖြင့် ပန်းပဲလုပ်ငန်း(  ၅ )ခုတွင် လုပ်သားအင်အား ( ၃၀ )ဦး၊ ပန်တိမ်လုပ်ငန်း( ၅)ခုတွင်လုပ်သားအင်အား( ၂၀ )ဦး၊ မုန့်လုပ်ငန်း ( ၁၆ )ခုတွင် လုပ်သားအင်အား( ၆၈ )ဦး၊ စက်ချုပ်လုပ်ငန်း( ၂၂ )ခုတွင် လုပ်သားအင်အား( ၁၁၆ )ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်နေပါသည်။

သစ်တောလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

၂၅။    ၂၀၁၆ – ၂၀၁၇ ခုနှစ်ပေါက်ခေါင်းမြို့နယ်၏ သစ်တောလုပ်ငန်း ဆောင်ရွက်မှုအခြေအနေမှာ ကြိုးဝိုင်းကာကွယ်တော( ၁၅၆၂၁၅ ) ဧကရှိပြီး ကျွန်းနှင့် အခြားသစ်မာအပင်များ မျိုးစုံပေါက်ရောက်ပါသည်။ စီးပွားဖြစ်သစ်တောစိုက်ခင်းအနေဖြင့် နိုင်ငံပိုင်အဖြစ် အလယ်နဝင်းကြိုးဝိုင်းတွင်( ၁၅၀ )ဧက ရှိပြီး ကျွန်းပင်( ၁၅၁၂၀၀ )ပင်နှင့် ပုဂ္ဂလိကပိုင် အနေဖြင့် တောင်နဝင်းကြိုးဝိုင်းတွင်( ၂၀၀ )ဧကရှိပြီး ကျွန်းပင်( ၁၁၈၈၀၀ )ပင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။

စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ

၂၆။    ၂၀၁၆ – ၂၀၁၇ ခုနှစ်ပေါက်ခေါင်းမြို့နယ်တွင် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍအနေဖြင့် ပုဂ္ဂလိကပိုင် ဓါတ်ဆီနှင့် ဒီဇယ်ဆီအရောင်းဆိုင်( ၁ )ဆိုင်ရှိပြီး တစ်နှစ်ရောင်းချရမှုစည်ပေါင်းမှာ ဓါတ်ဆီ( ၃၉၉ )စည်၊ ဒီဇယ်ဆီ( ၅၀၈ )စည်တို့ဖြစ်ပါသည်။ ထရန်စဖော်မာအရေအတွက်အနေဖြင့်( ၂၄ )ခုရှိပြီး ဖြန့်ဖြူးသည့်ဓါတ်အားပမာဏမှာ( ၁၂၀၀၀ )ကီလိုဝပ်ဖြစ်ပြီး သုံးစွဲမှုမှာလည်း ( ၁၂၀၀၀ )ကီလိုဝပ်ဖြစ်ပါသည်။

 

ဆက်သွယ်ရေး

၂၇။    ၂၀၁၆ – ၂၀၁၇ ခုနှစ်ပေါက်ခေါင်းမြို့နယ်တွင် ဆက်သွယ်ရေးကဏ္ဍအနေဖြင့် စာတိုက်နှင့် ကြေးနန်းရုံး( ၁ )ခု၊ အော်တိုတယ်လီဖုန်း( ၅၇၇ )လုံး၊ မိုဘိုင်းဖုန်း( ၅၂၁၄၅ )လုံး တပ်ဆင်သုံးစွဲပြီး အင်တာနက်လက်ခံသုံးစွဲသူဦးရေမှာ( ၁၃၄၅၉ )ဦး ရှိပါသည်။

ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး

၂၈။    ၂၀၁၆ – ၂၀၁၇ ခုနှစ်ပေါက်ခေါင်းမြို့နယ်တွင် ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ပြည်-ပေါက်ခေါင်း- အုတ်တွင်း ကားလမ်းနှင့် ခရိုင်ချင်းဆက်လမ်းတို့ ဖြတ်သန်းဖောက်လုပ်ထားပါသည်။ ယာဉ်လိုင်းများအနေဖြင့် ပြည်-ပေါက်ခေါင်း ကားလေး အမြန်ယဉ်လိုင်း၊ ပေါက်ခေါင်း-ပြည်-ရန်ကုန် ဘုန်းမြတ်ပိုင်နှင့်မျိုးဆက်သစ် မော်တော်ယာဉ်လိုင်း၊ ပြည်-ပေါက်ခေါင်း-အုတ်တွင်း-တောင်ငူ ပျူမင်းသားမော်တော်ယဉ်လိုင်း၊တောင်လည်-ပေါက်ခေါင်း-ပြည် တောင်ပေါ်သား ကားလေးအမြန်ယာဉ်လိုင်းတို့ရှိပြီး တောင်နဝင်းဆည်တွင်းရှိကျေးရွာများသို့ ဆက်သွယ်ရန် စစ်တပ်ရေယာဉ်( ၂၀ )စီးတို့ဖြင့် ပို့ဆောင်ပေးလျက်ရှိပါသည်။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း

၂၉။    ၂၀၁၆ – ၂၀၁၇ ခုနှစ်ပေါက်ခေါင်းမြို့နယ်တွင် လမ်းပိုင်းများအနေဖြင့် ပေါက်ခေါင်း-ပြည် မော်တော်ကားလမ်းအနေဖြင့် မြို့နယ်အတွင်း မိုင် ၉/၀ မှ ၅၉/၀ ထိ ၅၀ မိုင်၊ ပြည်- ပေါက်ခေါင်း-အုတ်တွင်းကတ္တရာလမ်းအရှည်( ၁၂၅)မိုင် ရှိပါသည်။ ပေ( ၁၈၀ )အထက်တွင်ကွန်ကရစ်တံတား ( ၂ )စင်းနှင့် ဘေလီတံတား( ၁ )စင်း၊ စုစုပေါင်း ( ၃ )စင်းရှိပါသည်။ပေ( ၁၈၀ )အောက်တွင် ကွန်ကရစ် တံတား ( ၁ )စင်းနှင့် ဘေလီတံတား(၃)စင်း၊ စုစုပေါင်း ( ၄ )စင်း ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း

၃၀။    ပေါက်ခေါင်းမြို့နယ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမရှိပါ။

သမဝါယမအသင်းများ

၃၁။    ပေါက်ခေါင်းမြို့နယ်တွင် သမဝါယမအသင်းစု(၁)စုရှိပြီး သမဝါယမအသင်းပေါင်း ( ၁၄၆ )သင်းရှိ

ပါသည်။

စီးပွားရေးဆိုင်ရာအခြေခံအဆောက်အဦများ

၃၂။    ပေါက်ခေါင်းမြို့နယ်တွင် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများအနေဖြင့် ပွဲရုံ(၁၅)ရုံရှိပြီး ဒေသထွက်သီးနှံ များနှင့်အခြားလူသုံးကုန်ပစ္စည်းများရောင်းဝယ်ပါသည်။ မြို့မစျေး (၁)စျေးရှိပြီး ဆိုင်ခန်း(၄၉၇)ခန်းရှိပါသည်။ မြန်မာ့စီးပွားရေး ဘဏ်ရုံး(၁)ရုံးတည်ရှိပြီး စတိုးဆိုင်နှင့်အရောင်းဆိုင်များ(၅၀)ခန့်ရှိပါသည်။

ပုံနှိပ်လုပ်ငန်းနှင့်မီဒီယာလုပ်ငန်းများ

၃၃။    ပေါက်ခေါင်းမြို့နယ်တွင် ကွန်ပြူတာလုပ်ငန်း (၈)ခု၊မိတ္တူလုပ်ငန်း(၈)ခု၊ ဗီဒီယိုလုပ်ငန်း(၂၃)ခုရှိပါသည်။ သတင်းစာဖြန့်ဝေမှု အနေဖြင့် မြန်မာ့အလင်းနှင့်ကြေးမှုံ (၂)မျိုးရှိပြီး တစ်လထုတ်ဆောင်ရေမှာ (၆၂)စောင်ဖြစ်ပြီး ဂျာနယ်ဖြန့်ဝေမှုအနေဖြင့် တို့ကျေးရွာဂျာနယ်အား တစ်လလျှင် (၂၉၀)စောင်ဖြန့်ဝေနိုင်ပါသည်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး

၃၄။    ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပေါက်ခေါင်းမြို့နယ်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးကို အောက်ပါအတိုင်း ဖေါ်ပြအပ်ပါသည်-

                                                                                                          ကျပ်သန်းပေါင်း

စဉ် အကြောင်းအရာ ၂၀၁၅-၂၀၁၆

ရည်မှန်းချက်

တန်ဘိုး

၂၀၁၆-၂၀၁၇

ရည်မှန်းချက်

တန်ဘိုး

၂၀၁၆-၂၀၁၇ခုနှစ်ဇွန်လအထိ
တန်ဘိုး အကောင်

အတည်

ဖော်နိုင်မှု

တိုးတက်မှု

ရာခိုင်နှုန်း

ထုန်လုပ်မှုတန်ဘိုး ၉၉၇၄၅.၄ ၁၁၆၆၂၉.၂ ၈၃၇၁ .၃ ၇.၂ ၈ . ၁
ဝန်ဆောင်မှု ၁၈၆၁၅.၇ ၃၁၀၆၇ .၆ ၇၃၀၃.၁ ၂၃ . ၅ ၂၃ . ၉
ကုန်သွယ်မှုတန်ဘိုး ၂၉၇၉၃.၉ ၃၂၁၇၆.၂ ၂၈၉၉.၂ ၉ .၀ ၃ .၄
အသားတင်ထုတ်လုပ်မှုနှင့်

ဝန်ဆောင်မှုတန်ဘိုး

၁၄၀၀၄၅.၀ ၁၇၉၈၇၃ .၀ ၁၈၅၇၃.၆ ၅.၄ ၁၃ .၂

လူတစ်ဦးချင်းဝင်ငွေ

၃၅။    ပေါက်ခေါင်းမြို့နယ်၏ လူတစ်ဦးချင်းဝင်ငွေမှာ ၁၂၈၃၂၂၆ ကျပ်ဖြစ်ပါသည်။

 

လူမှုရေးဆိုင်ရာအချက်အလက်များ

ပညာရေးကဏ္ဍ

၃၆။    ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပေါက်ခေါင်းမြို့နယ်၏ ပညာရေးကဏ္ဍအနေဖြင့် အ.ထ.က(၈)ကျောင်း၊ဆရာ/ဆရာမဦးရေ (၂၄၀)ဦး၊ ကျောင်းသား/သူဦးရေ ( ၄၈၇၀) ဦး ၊ အ .လ.က (၁၃)ကျောင်း၊ ဆရာ/ဆရာမဦးရေ ( ၁၃၁)ဦး၊ ကျောင်းသား/သူဦးရေ ( ၂၀၅၅ )ဦး၊ အ .မ.က (၁၇၄)ကျောင်း၊ ဆရာ/ ဆရာမ(၆၂၁)ဦး၊ကျောင်းသား / သူဦးရေ (၉၈၃၈)ဦးနှင့် မူလတန်းကြိုကျောင်း(၅၀) ၊ ဆရာ/ဆရာမဦးရေ (၇၃)ဦးနှင့်ကျောင်းသား/သူ(၈၅၆)ဦးရှိပါသည်။ စာကြည့်တိုက်ဖွင့်လှစ်နိုင်မှုအနေဖြင့် အုပ်ချုပ်ရေး၊ ပညာရေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ ဘုန်းတော်ကြီးကျောင်းနှင့် အခြားကဏ္ဍများမှဖွင့်လှစ်ထားသည့် စာကြည့်တိုက် ( ၄၅ ) ခုရှိပါသည်။

ကျန်းမာရေးကဏ္ဍ

၃၇။    ကျန်းမာရေးကဏ္ဍအနေဖြင့် ပေါက်ခေါင်းမြို့နယ်၊ အမှတ် (၁)ရပ်ကွက်တွင် (၂၅)ကုတင်ဆံ့ဆေးရုံ(၁)ရုံ၊တောင်လည်အုပ်စု၊ တောင်လည်ကျေးရွာတွင် (၁၆)ကုတင်ဆံ့ဆေးရုံ (၁)ရုံ၊ ကံကျင်းအုပ်စု၊ကံကျင်းကျေးရွာတွင်(၁၆)ကုတင်ဆံ့ဆေးရုံ (၁)ရုံ စုစုပေါင်း(၃)ရုံ ရှိပြီး ဆေးပေးခန်း (၅)ခန်းရှိပါသည်။ကျေးလက်ကျန်းမာရေးဌာနခွဲ(၈)ခု ၊ ဌာနခွဲ (၃၆)ခုရှိပြီး ဆရာဝန် (၇) ဦး၊ သူနာပြု (၂၀)ဦး၊ လက်ထောက်ကျန်းမာရေးမှူး(၈)ဦးရှိကာ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆရာဝန်တစ်ဦးလျှင် (၁၇၅၇၅) ဦး ၊ သူနာပြုတစ်ဦးလျှင်( ၆၁၅၁) ဦး၊ လက်ထောက်ကျန်းမာရေးမှူးတစ်ဦးလျှင် ( ၁၅၃၇၈ )ဦး စောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည်။

လူမှုရေးအသင်းအဖွဲ့များ

၃၈။    ပေါက်ခေါင်းမြို့နယ်တွင် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် အမျိုးသမီးရေးရာအဖွဲ့ဝင်( ၁၆၀၇၃)ဦး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင် (၁၂၆၈၉)ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၁၇၃)ဦး၊ကြက်ခြေနီတပ်ဖွဲ့ဝင် ( ၅၅၆)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ( ၇၇၆)ဦးစုစုပေါင်း(၃၀၂၆၇)ဦး ရှိပါသည်။အသင်းအဖွဲ့များအနေဖြင့်နာရေးကူညီမှုအသင်း၊ အစိမ်းရောင်အနာဂတ်အသင်း၊ ချောင်းကောင်း ကျေးရွာဖွံ့ဖြိုးရေးအသင်း ၊ စုစုပေါင်း(၃)သင်းရှိပြီး တရားဝင်မှတ်ပုံတင်ရရှိရေးဆောင်ရွက်လျက်ရှိပါသည်။

 

အားကစားနှင့်ဖျော်ဖြေရေးလုပ်ငန်းများ

၃၉။    ပေါက်ခေါင်းမြို့နယ်တွင် အားကစားနှင့်ဖျော်ဖြေရေးလုပ်ငန်းအနေဖြင့် မြို့မအားကစားကွင်း (၁)ကွင်းသာရှိပါသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးရေး

၄၀။    ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းမှာ အရာတော်ကျေးရွာအုပ်စု၊ ဗြူဂေါင်းကျေးရွာတွင်ဆောင်ရွက်မည့် ဗြူဂေါင်း- သရက်တပင်ကျေးရွာ ချင်းဆက်လမ်း ( ၆၀၃၀’ X  ၁၀’ X  ၄” )  ရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်မှ ခွင့်ပြုငွေ ကျပ်သိန်း(၅၀) နှင့်ပြည်သူ ထည့်ဝင်ငွေကျပ်သိန်း(၅၀) ၊စုစုပေါင်းကျပ်သိန်း (၁၀၀) တို့ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

ယဉ်ကျေးမှုနယ်မြေများ

၄၁။    ပေါက်ခေါင်းမြို့နယ်တွင် ယဉ်ကျေးမှုနယ်မြေအဖြစ် နိုင်ငံတော်မှ သတ်မှတ်ထားသည့် နေရာမရှိသော်လည်း ဘုရားပုထိုးများ၏ ရှိရာနေရာများ၊ ဘုန်းတော်ကြီးကျောင်းများတည်ရှိရာနေရာများတွင်ယဉ်ကျေးမှုနှင့်သက်ဆိုင်သောအခမ်းအနားများပြုလုပ်ကြပါသည်။

မြို့နယ်အလိုက်ပွဲတော်များ

၄၂။    မြို့နယ်အတွင်းပွဲတော်များကျင်းပမှုအခြေအနေအား အောက်ပါအတိုင်းတင်ပြအပ်ပါသည်-

          (က)    အထင်ကရပွဲတော်များနှင့်ကျင်းပသည့်အချိန်

                   ပေါက်ခေါင်းမြို့နယ်တွင် အထင်ကရပွဲတော်အနေဖြင့် အမှတ် (၃)ရပ်ကွက်ရှိလေးမျက်နှာစေတီဗုဒ္ဓပူဇနိယပွဲတော်ကိုနှစ်စဉ် ဇန်နဝါရီလတွင်စည်ကားသိုက်မြိုက်စွာပူဇော်ကျင်းပခဲ့ပါသည်။ အပူဇော်ခံပွဲကို ပြာသိုလပြည့်နေ့မှစ၍ (၇)ရက်တိုင်တိုင်ကျင်းပ လေ့ရှိပါ သည်။

 

          (ခ)     သမိုင်းကြောင်း

သာဿနာသက္ကရာဇ် ( ၁၀၁ )ခုနှစ်တွင် ဒွတ္တပေါင်မင်းကြီးသည် တိုင်းပြည်အုပ်ချုပ် တော်မူရေးနှင့် သာဿနာရေးအဝဝတို့အတွက် ကာသင်္ကာမြို့နယ်ကြီး၊ ရွှေလေးမြို့နယ်ကြီး၊ဒုရင်္ဂဗိုလ်မြို့နယ်ကြီး၊ မဟာသမိုင်းမြို့နယ်ကြီးတို့ကို ဖွဲ့စည်းတည်ထောင်ပြီး အုပ်ချုပ်လျှက်ရှိ သောအခါ ဒွတ္တပေါင်မင်းကြီး၏ သားတော်အိမ်ရှေ့မင်းသားသည် အခြံအရံများနှင့်အတူ တောစခန်းထွက်ခဲ့ရာ ယခုသီရိခေတ္တရာမြို့၏ အရှေ့မြောက်ဘက်( ၂ )ယူဇနာကွာဝေးသောတောတွင်းသို့ရောက်ရှိစဉ် အင်းမတိုက်နယ်မှ တောလိုက်မုဆိုးများသည် စိုင်ဖြူကြီး တစ်ကောင်အား တွေ့၍လေးဖြင့် ပစ်ရန် လိုက်လာကြစဉ် စိုင်ဖြူကြီးသည်စိုင်ပစ်အင်းရွာနီးရှိအင်းကွက်အတွင်းဆင်း၍ရေသောက်ချိန်တွင် မုဆိုးများပစ်လိုက်သော အဆိပ်လူးမြှားထိပြီး နာကြင်ကြောက်လန့်၍ပြေးလာခဲ့ရာမှ ယခုလေးမျက်နှာစေတီတော် တည်ထားသည့် သာယာသောကုန်းထိပ်ပေါ်အရောက်တွင် ခဏရပ်တန့်၍ ဟိုဒီလှည့်လည်ကာ ရန်သူရှိမရှိကြည့်ပြီး မြောက်အရပ်သို့ ထွက်ပြေးသွားခဲ့ပါ သည်။ ထိုအချင်းအရာကို မြင်တွေ့ရသော ဒွတ္တပေါင်မင်းကြီး၏ သားတော်အိမ်ရှေ့မင်းသားသည် မမြင်စဖူး ထူးဆန်းသော စိုင်ဖြူကြီး ရပ်နေသည်ကိုမြင်ရသဖြင့် စိတ်တွင် ကြည်နူး နှစ်သက်မှု ပီတိဖြစ်ပေါ်လာ၍ ဘုရားရှင်၏ ဂုဏ်တော်များသည် စိတ်အစဉ်တွင် ထင်မြင် လာသဖြင့် စိုင်ဖြူကြီးရပ်သော တောင်ကုန်းထိပ်၌ ဉာဏ်တော်လေးတောင်ရှိသော စေတီငယ်တစ်ဆူကို တည်ထားခဲ့ပါသည်။ နောင်ကာလ အတန်ကြာသောအခါ ဒွတ္တပေါင်မင်းကြီး၏ ပိင်္ဂလအမည်ရှိ စစ်သူကြီးသည် သရေခေတ္တရာမြို့၏ အရှေ့မြောက်ဘက်သို့ လှည့်လည်လာရာ ( ၂ ) ယူဇနာခန့် ဝေးကွာသော တောတောင်အတွင်းရှိ ယခုစမ်းကလေးကျေးရွာအနီး ဒေါင့်ကြီးကုန်းဟုခေါ်သော ပြန့်ပြူးသည့် နေရာကိုရှင်းလင်း၍ ပိင်္ဂလမြို့နယ်ကိုတည်ထောင်ပြီး ပိင်္ဂမြို့၏ အနောက်ဘက်ရှိ စိုင်ဖြူကြီးရပ်တော်မူခဲ့ရာ တောင်ကုန်းထိပ်ရှိ ဉာဏ်တော်လေးတောင်ရှိသော စေတီတော်အား ကာလရှည်တည်တံ့စေရန် အပေါ်မှငုံ၍ လေးဘက်မုခ်ပေါက်ထားကာ လှိုင်ဂူစေတီ တည်ထားခဲ့ပြီး လှိုင်ဂူအတွင်း အလည်ဗဟို၍ ကကုသန္ဒ၊ ကောဏာဂမန၊ကသဖ၊ ဂေါတမ ဘုရားရှင်လေးဆူ၏ ကိုယ်တော်စား ရုပ်ပွားတော် ဆင်းတုလေးဆူ ကျောချင်း ကပ်လျက် တည်ထားခဲ့ပါသည်။ ထိုမှတဆင့် ခေတ်ကာလ အတန်ကြာလာပြီးနောက်ပိုင်းတွင် ပေါက်ခေါင်းမြို့ ၊ ကျောက်စရစ်ကုန်းကျောင်းဆရာတော် ဦးမုနိန္ဒနှင့်မြို့အုပ်ကြီးဦးထွန်းခိုင်တို့ကြီးမှူးသော မြို့သူမြို့သား ဒါယကာ ဒါယိကာမများသည် ဟောင်းနွမ်းပြိုပျက်နေသောလေးမျက်နှာလိုဏ်ဂူစေ         တီတော်ကို အသစ်ပြုပြင်တည်ထားလိုကြသဖြင့် သာသနာ တော်နှစ်၂၄၅၁ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၆၉ ခုနှစ်၊တပေါင်းလဆန်း ( ၁၅ ) ရက်၊ တနင်္လာနေ့တွင်လေးမျက်နှာ လိုဏ်ဂူစေတီတော်၏ ပတ်ဝန်းကျင် ကုန်းတော်မြေပြင်ကိုသန့်စင်ညီညာအောင်မြေညှိပြုပြင်၍ သံဃာတော်များပင့်ဖိတ်ပြီးပရိတ်ရွတ် ကမ္မဝါဖတ်လျက် ကုန်းတော်မြေပြင်တူရူအရပ်လေးမျက်နှာ၌ သောမဂြိုလ်ပွား အမျိုးသားလေးယောက်စီထား၍ လက်အုပ်ချီကာရွှေအုပ်လေးချပ်စီ၊ ငွေအုပ်လေးချပ်စီ အုတ်မြစ်စတင်စီပြီး နံလျား(၄၅)တောင်သတ်မှတ်၍ဘိနပ်တော်ခင်းပြီး အမြင့် (၆၃)တောင် တည်ထားခဲ့ကြပါသည်။

၄၃။    ပေါက်ခေါင်းမြို့နယ်၏ ဒေသဆိုင်ရာ အချက် အလက်များကို ဌာနဆိုင်ရာများမှ ပေးပို့သော  အချက်အလက်များ၊ ဒေသဆိုင်ရာ အချက်အလက် စာစောင်များ၊မှတ်တမ်းများအပေါ်တွင် အခြေခံလျက် အကျဉ်းချုံးပြုစုထားခြင်း ဖြစ်ပါသည်။ ဒေသဆိုင်ရာ အချက်အလက်များအား မှတ်တမ်းတင် စုစည်းတင်ပြခြင်းအားဖြင့်ပေါက်ခေါင်းမြို့နယ် တစ်ခုလုံး၏ အချက်အလက်နှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လေ့လာသိရှိနိုင်ပြီးမိမိတို့ ၏လုပ်ငန်းများကိုအထောက်အကူပြုမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။