Home / 2017

Yearly Archives: 2017

တိုင်းရင်းသားတို့၏ စာပေနှင့် ရိုးရာအမွေအနှစ်ပြပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၂ (ပဲခူး) ================================= ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှူးရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ တို့ပူးပေါင်းပြီး တိုင်းရင်းသားတို့၏စာပေနှင့် ရိုးရာအမွေအနှစ်ပြပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးတင်ဆန်းဦး၊ မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ နိုင်စိုးသိမ်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးတင်ဆန်းဦးက အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်က ပြပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးလေ့လာကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြပွဲအား ညောင်လေးပင်၊ သာယာဝတီ၊ ပဲခူးတို့တွင် ကျင်းပပြုလုပ်ပြီးဖြစ်ပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ တောင်ငူစသည့် …

Read More »

ဒေသဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှုနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးရန် UNDP မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

FI

ဒီဇင်ဘာ ၁၁ (ပဲခူး) ==================================        ဒီဇင်ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှုနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးရန် UNDP တာဝန်ရှိသူများ လာရောက်တွေ့ဆုံ သည်။         ရှေးဦးစွာ Ms. Anki Dellnas က ပဲခူးတိုင်းဒေသကြီးအား ဗဟိုပြုပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲခြင်းကိစ္စရပ်များ၊ ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ပေးမှု ဆိုင်ရာကိစ္စရပ်များ၊ ကျေးလက်ဒေသ ဦးစားပေးလိုအပ်ချက်များ၊ ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာကိစ္စရပ်များ စသည်တို့အား အစိုးရနှင့် လွှတ်တော်တို့၏ သဘောထားအမြင်များအား သိရှိလိုပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့ပဲခူးတိုင်းဒေသကြီးအတွက်  ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်တွေ့ဆုံခြင်းအပေါ် ဝမ်းမြောက်မိကြောင်း၊ အဓိကအားဖြင့် မြို့ပြနှင့် ကျေးလက် ကွာဟချက်လျော့နည်းစေရန်အတွက် လမ်းပန်းဆက်သွယ် …

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၁၇)ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၁ (ပဲခူး) ==================================        ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၁၇) ပထမနေ့အား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ အစည်းအဝေးမတက်ရောက်နိုင်သော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်းများ ဆောင်ရွက်ပြီး တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်လောင်း(၆)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ တွင် လက်မှတ်ရေးထိုးကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော သဝဏ်လွှာများအား တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း ပြုလုပ်သည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော်အထူးအစည်းအဝေး သည် ၂၀၁၇ – ၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် မူလ လျာထားငွေဖြင့် လုံလောက်မှုမရှိသည့် ဌာန(၁၉)ခုမှ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် မြို့ပြနှင့် ကျေးလက် မျှတစွာ …

Read More »

အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ သရုပ်ပြခြင်းနှင့် ဆုချီးမြှင့်ခြင်းကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၀ (ပဲခူး) ================================== ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားခန်းမ၌ ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား (၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုဗစ်)ပြိုင်ပွဲ၊ သရုပ်ပြခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆုရပြိုင်ပွဲဝင်အသင်းများက အကြီးတန်း(၉)ယောက်တွဲ၊ အဆင့်မြင့်(၃)ယောက်တွဲနှင့် တစ်ဦးချင်းစွမ်းရည်ပြ သရုပ်ပြကစားကြသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ လာရောက်ကူညီပေးသော ဒိုင်ချုပ်များအား ဂုဏ်ပြုငွေပေးအပ်ချီးမြင့်ပြီး အကြီးတန်း(၉)ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် တိယရရှိသော ပြည်ခရိုင်အသင်း၊ ဒုတိယရရှိသော တောင်ငူခရိုင်အသင်း၊ ပထမရရှိသော ပဲခူးခရိုင်အသင်း၊ အဆင့်မြင့်(၃)ယောက်တွဲပြိုင်ပွဲတွင် တတိယရရှိသော တောင်ငူခရိုင်အသင်း၊ ဒုတိယရရှိသော သာယာဝတီခရိုင်အသင်း၊ ပထမရရှိသော ပြည်ခရိုင်အသင်း၊ တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ တတိယရရှိသော ပြည်ခရိုင်မှ မစုဒါလီဖူး၊ ဒုတိယရရှိသော သာယာဝတီခရိုင်မှ မမေသင်္ကြန်၊ ပထမရရှိသော ပဲခူးခရိုင်မှ မဇာခြည်မိုးတို့အား ဆုတံဆိပ်နှင့် ငွေသားဆုတို့ကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ …

Read More »

ဒီဇင်​ဘာလ စတုတ္ထအပတ်​ လူထုအားကစားလ စု​ပေါင်းလမ်း​လျှောက်​ပွဲကျင်းပ

FI

ဒီဇင်ဘာ ၉(ပဲခူး) ========================== ဒီဇင်ဘာလ ၉ ရက်နေ့၊ နံနက် ၅:၃၀ အချိန်က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(စတုတ္ထအပတ်)ကို ကျင်းပပြုလုပ်သည်။ အဆိုပါလမ်းလျောက်ပွဲကို ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ ဥပဒေချုပ် ဦးအုန်းမြင့်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ဆရာဆရာမများနှင့် ပြည်သူလူထု (၃၅၇၈၅) ဦးပါဝင်လမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁+၂)တို့အား ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Read More »

ရေတာရှည်မြို့၊ လျောင်းတော်မူအာရုံခံ သာသနာ့ဗိမာန်၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၈ (ပဲခူး) ================================= ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ (၂)ရပ်ကွက်ရှိ လျောင်းတော်မူ အာရုံခံသာသနာ့ဗိမာန်တော်ကြီး၌ ဒီဇင်ဘာလ(၈)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်ဦးသိန်းက ရေတာရှည်ဒေသအတွက် လိုအပ်နေသည့်ကိစ္စရပ်များ ပွင့်လင်းစွာတင်ပြပေးရန်၊ တင်ပြချက်များအား ချက်ချင်းဖြေရှင်းလို့ရသည့် ကိစ္စရပ်များကို ဖြေရှင်းပေးသွားဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ တိုင်းဒေသကြီးတွင်းရှိ မြို့နယ်အသီးသီးတွင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ် ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေများနှင့် ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများကို ရှင်းလင်းပြောကြားပြီး အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်းက နှုတ်ခွန်းဆက်စကားနှင့် လွှတ်တော်များတွင် ဆောင်ရွက်နေသည့် ကိစ္စရပ်များအား ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်အသီးသီးမှ ကိုယ်စားလှယ်များက လျှပ်စစ်မီးလင်းရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လမ်းတံတားများ အဆင့်မြင့်တင်ပေးရေး၊ ရေစီးရေလာကောင်းမွန်စေရန် ရေနှုတ်မြောင်းများ စနစ်တကျ တူးဖော်ဆောင်ရွက်ပေးရေး၊ မော်တောယာဉ်အသင်းပိုင် မြေပိုင်ဆိုင်မှု …

Read More »

ပဲခူးတိုင်းဝန်ကြီးချုပ် ရေတာရှည်-ကရင်ချောင်း-လိပ်သို ကားလမ်းတိုးချဲ့ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၈ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာလ(၈)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ရေတာရှည်မြို့၊ ရေတာရှည်-ကရင်ချောင်း-လိပ်သို ကားလမ်း တိုးချဲ့ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက လမ်းတိုးချဲ့ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းတင်ပြသည်။ အဆိုပါလမ်းသည် ရေတာရှည်မြို့မှ လိပ်သိုမြို့အထိ ဆက်သွယ်သွားလာနိုင်သော အရှည်(၁၁.၇)မိုင်ရှည်လျားသည့် လမ်းဖြစ်ပြီး ယခုအခါ ၂၀၁၇-၁၈ခု ဘဏ္ဍာနှစ် တိုင်းဒေသကြီး သဘာဝဘေးဒဏ်ရန်ပုံငွေ ကျပ်သန်း(၁၁၅.၇၁)သန်းဖြင့် ရေတာရှည်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူကာ အရှည်(၉၆၀)ပေအား ကတ္တရာနှစ်လမ်းသွားအဖြစ် တိုးချဲ့ဆောင်ရွက်ခြင်းဖြစ်သည်။ ပြီးစီးသွားပါက ရေတာရှည်မြို့မှ ကရင်ပြည်၊ ကယားပြည်နယ်တို့ကို လွယ်လင့်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယက မြို့နယ်သံဃနာယအဖွဲ့ ဥက္ကဌဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဇောတနှင့် မဟာဝိဇယာရာမကျောင်းတိုက် ဆရာတော်တို့အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ပစ္စည်းများ …

Read More »

ရေတာရှည်မြို့နယ်လုံးဆိုင်ရာ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၈(ပဲခူး) ================================== ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ရေတာရှည်မြို့၊ အားကစားကွင်းမျက်နှာစာ၌ ရေတာရှည်မြို့နယ်လုံးဆိုင်ရာ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တက်ရောက်လာကြသူများက နိုင်ငံတော်အလံကိုအလေးပြုကြပြီး ဗိုလ်ချုပ်ကြေးရုပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်တို့က စည်တော်ယွန်း၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အဖွင့်အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှတ်တရစကားကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဦးအောင်စိုးမှ ဗိုလ်ချုပ်နှင့် ငြိမ်းချမ်းရေး အကြောင်းအရာများကိုလည်းကောင်း အသီးသီးပြောကြားကြသည်။ ရေတာရှည်မြို့နယ်လုံးဆိုင်ရာ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်တို့မှ ဦးဆောင်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီမြို့များရှိ မြို့မိမြို့ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်သောအဖွဲ့များဖြင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး …

Read More »

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

FI

ဒီဇင်ဘာ ၇ (ပဲခူး) ================================== ဒီဇင်ဘာလ(၇)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ မြို့လယ်ကံကြီးဘုန်တော်ကြီးကျောင်း၊ ကန်ကြီးဣစ္ဆာသယဗိမာန်တော်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကာလှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိနှင့်အဖွဲ့သည် သာဂရနယ်ဒေသအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသခံများကလည်း မိမိတို့ဒေသအတွက် လိုအပ်နေသော ဖွံ့ဖြိုးရေးကိစ္စရပ်များအား ပွင့်လင်းစွာတင်ပြပေးရန်နှင့် တာဝန်ရှိဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ဒေသဖွံ့ဖြိုးရန်အတွက် ပြည်သူများက စည်းကမ်းရှိစွာ၊ စည်းစနစ်ရှိစွာဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ယင်းနောက် တက်ရောက်လာကြသော ကြာအင်းကုန်း၊ ဒေါင့်အင်းကုန်း၊ ဝဲဒေါင့်၊ ကျိပ္ပတီး၊ မြို့လှ၊ ကက္ကူ …

Read More »

ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းတံတား တည်ဆောက်နေမှုနှင့် တောင်ငူမြို့ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၇ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ စစ်တောင်းတံတား တည်ဆောက်နေမှုလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-နေပြည်တော်အမြန်လမ်းနှင့် ဆက်သွယ်သော အရှည်(၂)မိုင်(၂)ဖာလုံရှိ မြေစီးရွာသစ်-သိုးကြီးကရင်လမ်းနှင့် အရှည်(၂)မိုင် (၂.၅)ဖာလုံရှိ ကျွဲပွဲ-မြို့စိုးလမ်း၊ အရှည်(၁၂)မိုင် (၄)ဖာလုံရှိ ဝဲဒေါင့်-ရေလောင်း ကျောက်ချောလမ်းတို့အား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းနှင့် တံတားအထူးအဖွဲ့(၁၀) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဝင်းတို့က စစ်တောင်းတံတား တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးဂရုစိုက်လုပ်ဆောင်ကြရန်၊ ဒေသခံပြည်သူများနှင့် နိုင်ငံတော်၊ တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည့် …

Read More »