Home / 2017 / July

Monthly Archives: July 2017

ပဲခူးတိုင်းဒေသကြီး သစ်အခြေခံစက်မှုလက်မှုလုပ်ငန်း နည်းပညာစင်တာဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇူလိုင် ၃၀ (ပဲခူး) ==================================== ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ(၃)လမ်း၌ ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သစ်အခြေခံ စက်မှုလက်မှုလုပ်ငန်း နည်းပညာစင်တာဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းနှင့် Asia Crafts Link i-NGOအဖွဲ့ ဥက္ကဌ မစ္စတာစိုင်းတိုးရှုးအိချိတို့မှ ပဲခူးတိုင်းဒေသကြီး သစ်အခြေခံ စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ပရောဂျက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ACLနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ MoUရေးထိုးပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျှက်ရှိသည့် Wood Handicraft Project၏အဓိကရည်ရွက်သည်Wood Handicraftများကို ဂျပန်စျေးကွက်သို့ တင်ပို့ရန်ဖြစ်သည့်အတွက် ACLအနေဖြင့် Projectမှထွက်ရှိသော ပစ္စည်းများကို Export ပြုလုပ်ခြင်းအပြင် Fair Trade ပြုလုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း Wood Handicraft Projectကို ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်း လက်မှုလုပ်ငန်းများ …

Read More »

လက်တွေ့အသုံးချ အင်ဂျင်နီယာနည်းပညာသင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်

brcca(1)

ဇူလိုင် ၂၇ (ပဲခူး) ======================================= ဇူလိုင်လ (၂၉)ရက်နှင့် (၃၀)ရက်များတွင် ပဲခူးမြို့၊ အထက(၁)ခန်းမ၌ ပထမအကြိမ် လက်တွေ့အသုံးချ အင်ဂျင်နီယာနည်းပညာသင်တန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား အောက်ပါတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်- အပြည့်အစုံ ကြည့်ရှုရန်-

Read More »

ပြင်းထန်အဆုပ်ရောင်ရောဂါ A(H1N1)နှင့်ပတ်သက်သည့် အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၇ (ပဲခူး) ================================================           ဇူလိုင်လ(၂၇)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊  တော်ဝင်ဟံသာခန်းမ၌ ပြင်းထန်အဆုပ်ရောင်ရောဂါ A(H1N1)နှင့်ပတ်သက်သည့် အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က လပတ်အစည်းအဝေးများ၌ ရာသီအလိုက် သဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီးခြင်းနှင့် ရာသီတုပ်ကွေးရောဂါများ၏ နောက်ဆက်တွဲ ဖြစ်စဉ်များ မဖြစ်ပွားရေး၊ ကြိုတင်ကာကွယ်ရေးတို့ ဆောင်ရွက်ထားရန် မှာကြားခဲ့ပြီးလည်းဖြစ်ကြောင်း၊ မကြာမီကာလမှ ဖြစ်ပေါ်ခဲ့သည့် A(H1N1) ရောဂါပိုးသည် ပြည်နယ်/တိုင်းဒေသကြီး အချို့မှာဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း ဖြစ်ပွားနေကြောင်း၊ ရောဂါဖြစ်ပွားမှုများနှင့်ပတ်သက်၍ မဖြစ်ပွား သေးသည့် ဒေသများ၊ မြို့များသို့ ပြန့်ပွားမှုမရှိစေရန်၊ ဖြစ်ပွားရာဒေသများကိုလည်း ထိန်းချုပ်ကာကွယ် သွားမည့်နည်းလမ်းများ၊ ရောဂါဖြစ်ပွားခဲ့သည့် ကျန်ရှိသူမိသားစုများကို စောင့်ကြည့်ခြင်းစသည့် ဆောင်ရွက်ချက်များကို အဖွဲ့စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေး  ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ လိုအပ်သည်များကို တင်ပြပေးရန် ပြောကြားသည်။           …

Read More »

ကျောင်းပြင်ပမူလတန်း ပညာရေးသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇူလိုင် ၂၇ ================================== ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်သော်ခန်းမ၌ ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ကျောင်းပြင်ပမူလတန်းပညာရေး (NFPE)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုညှိနှိုင်းရေးမှုကော်မတီ ဆရာကြီးဦးအေးကြိုင်က ကျောင်းပြင်ပ မူလတန်းပညာရေး သင်တန်းများ ဖွင့်လှစ်သင်ကြားနေသည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းက တိုင်းဒေသကြီးအတွင်းရှိ ကျောင်းပြင်ပ မူလတန်းပညာရေး သင်တန်များဖွင့်လှစ်သင်ကြားမည့် အခြေအနေများကို ရှင်းလင်းတင်ပြီး တိုင်းဒေသကြီး ကျောင်းပြင်ပ မူလတန်းပညာရေးကြီးကြပ်ရေး ဥက္ကဌကိုယ်စား ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ကျောင်းပြင်ပ မူလတန်းပညာရေးကြီးကြပ်မှု မြို့နယ်ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်လွှာများ ပေးအပ်သည်။ ယင်းနောက် ၂၀၁၆-၂၀၁၇ခု ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး ဒုတိယဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း ထူးချွန်သင်တန်းသား ပထမ၊ …

Read More »

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၇ (ပဲခူး) ================================================ ၂၇.၇.၂၀၁၇ ရက်နေ့(၀၈:ဝဝ)အချိန်က ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနခန်းမ၌ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီ (ပဲခူးတိုင်းဒေသကြီး) အသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊၀န်ကြီး ဦးညွန့်ရွှေ ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေး၊ စီးပွားရေးပညာရှင် Dr.ဇော်ဦး ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် Dr.ကျော်ကျော်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံမှ တာဝန်ခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး၊ အလုပ်သမား အခွင့်အရေး၊ လုပ်ငန်းချိန်များ၊ လုပ်အားခသတ်မှတ်ချက်များနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ တင်စိုး(ပဲခူး)

Read More »

သဘာဝဘေးအန္တရာယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

3

ဇူလိုင် ၂၆ (ပဲခူး) ==================================================           ဇူလိုင်လ (၂၆)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမ၌ Group Chairman CIBTC & Grand Royal Co., Ltd မှ ဦးအောင်ကျော်မိုး ဦးဆောင်သော ဒါရိုက်တာအဖွဲ့ဝင်များ၊ ကုမ္ပဏီဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုများ ကူညီထောက်ပံ့ရန်အတွက် အလှူငွေကျပ်သိန်း(၅၀) တိတိအား လာရောက်လှူဒါန်းခဲ့ရာ၊ ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။           အဆိုပါလှူဒါန်းပွဲသို့ ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြောင်း သိရသည်။  

Read More »

သဘာဝဘေးအန္တရာယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

FI

ဇူလိုင် ၂၆ (ပဲခူး) ==================================================           ဇူလိုင်လ (၂၆)ရက်နေ့၊ ညနေ(၄)နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ရုံးခန်း၌ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေနှင့် တရားရေးဌာန ဝန်ထမ်း များမှ ပဲခူးတိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုများ ကူညီထောက်ပံ့ရန်အတွက် အလှူငွေကျပ်သိန်း(၁၀) တိတိအား လာရောက်လှူဒါန်းခဲ့သည်။           အဆိုပါလှူဒါန်းပွဲသို့ ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့ တက်ရောက်ကြောင်း သိရသည်။     တင်စိုး(ပဲခူး)

Read More »