Home / 2017 / August

Monthly Archives: August 2017

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

သြဂုတ် ၃၁ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ သြဂုတ်လ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၇)ပထမနေ့ အစည်းအဝေးကျင်းပပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၇၁)ဦးတက်ရောက်ကြသည်။ ရှေးဦးစွာ အစည်းအဝေး မတက်ရောက်နိုင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ခွင့်ပန်ကြားခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော နှစ်(၅၀)ပြည့် ရွှေရတုနှစ်ပတ်လည် အာဆီယံနေ့ သဝဏ်လွှာအား မှတ်တမ်းတင်သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့အစည်းအဝေးသည် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ တောင်းခံနိုင်ရေးအတွက် တိုင်းဒေသကြီး လွှတ်တော်သို့ အစိုးရမှ ဆောင်ရွက်လျှက်ရှိသည့် စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သော ဖြည့်စွက်ငွေကို ပဏာမဆွေးနွေး အတည်ပြုနိုင်ရေး အထူးအစည်းအဝေး တစ်ရပ်ဖြစ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကာလ …

Read More »

e-Government လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လာရောက်အကြံပြုဆွေးနွေး

FI

သြဂုတ် ၃၀ (ပဲခူး) ================================================ သြဂုတ်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့  e-Government လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ G3 Group Limited မှ ဦးအောင်စိုးမိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဦးအောင်စိုးမိုးက e-Government လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် စတင်ရန်လိုအပ်နေပြီဖြစ်ပါကြောင်း၊ ဒီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းအားဖြင့်  နိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အစိုးရ၏ ဆောင်ရွက်မှုများကို ICT ဖြင့် ပြောင်းလဲလုပ်ဆောင်ပေးနိုင်ခြင်း၊ အစိုးရ၏ ဝန်ဆောင်မှုနှင့် အပြန်အလှန်ဆက်ဆံမှုများကို နိုင်ငံသားများ အလွယ်တကူ ရရှိနိုင်ခြင်း၊ အစိုးရလုပ်ငန်းများ ထိရောက်မှု၊ မြန်ဆန်မှုရှိခြင်းနှင့် အစိုးရမှ လိုက်လျောတုံ့ပြန်မှုချက်များအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် စသည့်အကျိုး ကျေးဇူးများရရှိနိုင်ပါကြောင်း အကြုံပြုဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မိမိတို့အစိုးရသည် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား …

Read More »

ပဲခူးမြို့တွင် ကျန်းမာပျော်ရွှင် ကြက်ဥ၊ ကြက်သားစားပွဲတော် ကျင်းပပြုလုပ်

FI

သြဂုတ် ၃၀ (ပဲခူး) ==================================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ(၃၀)ရက်နေ့၊ မွန်းလွှဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မွေးမြူရေးကုမ္ပဏီများ ပူးပေါင်းပြီး ကျန်းမာပျော်ရွှင် ကြက်ဥ၊ ကြက်သားစားပွဲတော် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အမှာစကားပြောကြားရာတွင် “ကြက်ငှက်တုပ်ကွေးရောဂါကြောင့် မွေးမြူထားတဲ့ ကြက်၊ ငှက်၊ ဘဲငန်း၊ မန်ဒါလီ အစရှိသည့် အသားထုတ်လုပ်မှုကဏ္ဍမှ တိရစ္ဆာန်များ ရောဂါကူးစက်မဖြစ်ပွားစေရန် အရေးကြီးကြောင်း၊ နိုင်ငံတော်၏ အသားကဏ္ဍမှာ ကြက်၊ ဘဲမွေးမြူရေးထွက် ပစ္စည်းများမှာလည်း အဓိကအရေးပါကြောင်း၊ နိုင်ငံတော်၏ လူဦးရေ တိုးတက်လာ နေတာနှင့်အညီ အသားစားသုံးမှုနှုန်းမှာလည်း မြင့်တက်လာမှာဖြစ်ကြောင်း၊ အသားကဏ္ဍ မလျော့စေဖို့အတွက် မွေးမြူရေး ကြက်၊ဘဲများ ရောဂါမကူးစက်နိုင်ရေး အစီအမံများ အရေးတကြီး စီမံဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကြက်ငှက်တွေမှာ ရောဂါဖြစ်ပွားရင် ကြက်သား၊ ကြက်ဥစတဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုကို လျော့ပါးစေခြင်း၊ မွေးမြူသူရဲ့ စီးပွားရေး၊ လူမှုရေးကို …

Read More »

စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နိုင်ရန် လာရောက်တွေ့ဆုံ

FI

သြဂုတ် ၃၀ (ပဲခူး) ================================================ သြဂုတ်လ(၃၀)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ရန်အတွက် AIO PARTNERS Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဦးအောင်မျိုးမင်းက  မိမိတို့ကုမ္ပဏီနှင့် မိတ်ဖက်ဖြစ်သော ဂျပန်နိုင်ငံအခြေစိုက် CARBOM FREE CONSULTING Co., Ltd တို့ ပူးပေါင်းဆောင်ရွက်ကာ ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသည့် ဖွဲနုအား ဓာတ်မြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်သည့် နည်းပညာဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါ ကြောင်း၊ ယင်းဓာတ်မြေသြဇာအား အသုံးပြုခြင်းအားဖြင့် ပြည်ပနိုင်ငံမှ ဓာတ်မြေသြဇာ တင်သွင်းသည့် ကိစ္စရပ်အား လျော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထွက်ရှိလာသည့် သီးနှံများအား မိမိတို့ကုမ္ပဏီမှလည်း ပြည်ပဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး …

Read More »

ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး တရုတ်နိုင်ငံအခြေစိုက် အထည်ချုပ်စက်ရုံတည်ဆောက်နိုင်ရန် လာရောက်တွေ့ဆုံ

FI

သြဂုတ် ၃၀ (ပဲခူး) ================================================ သြဂုတ်လ(၃၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး တရုတ်နိုင်ငံအခြေစိုက် Nann Yar Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်သက်သက်မွန်ဦးဆောင်သော အဖွဲ့မှ လာရောက် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဒေါ်သက်သက်မွန်က မိမိတို့ကုမ္ပဏီသည် ယခင် ၂၀၀၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံ ၌  လာရောက်ရင်းနှီးမြှုပ်နှံခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှုများကြောင့် အခြားပြည်ပနိုင်ငံများသို့ သွားရောက်ရင်းနှီးမြှုပ်နှံခဲ့ရပါကြောင်း၊ ယခုအခါ  မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ နိုင်ငံတကာမှ စီးပွားရေး ဖိအားပေးခြင်းများမရှိတော့သဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရခြင်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မည်သည့်မြို့နယ်၌မဆို ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုရင်းနှီးမြှုပ်နှံမှုသည် မိမိတို့ကုမ္ပဏီအနေဖြင့် အကြီးမားဆုံးအထည်ချုပ်စက်ရုံများ တည်ထောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြေဧရိယာ(၁၀၀/၁၅၀) ဧကခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ စက်ရုံ၌ ဒေသခံပြည်သူ(၁၂၀၀၀)ဦးအား အလုပ်အကိုင်အခွင့် အလမ်းများ …

Read More »

Digital System ဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံ

FI

သြဂုတ် ၃၀ (ပဲခူး) ================================================ သြဂုတ်လ(၃၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ရုံးခန်းသို့ Digital System ဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် Digital Economy Development Committee မှ မန်နေးဂျင်းဒါရိုက်တာ ဦးမြမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ ဦးမြမိုးအောင်က Digital System ဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင် ရန်လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ပြည်သူတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် မြေယာ ကိစ္စရပ်များ အငြင်းပွားမှုစသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပဲခူး တိုင်းဒေသကြီးအတွင်း Pilot Project အဖြစ် မည်သည့်လုပ်ငန်းကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုပေးနိုင်ပါရန် တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ၌ Digital System များ အသုံးပြုနေပြီဖြစ်ကြောင်း၊ အစိုးရ၏ …

Read More »

နေပြည်တော်၌ ကျင်းပပြုလုပ်သော လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ (၂/၂ဝ၁၇) အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

သြဂုတ် ၂၉ (နေပြည်တော်) ================================================ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၏ (၂/၂ဝ၁၇) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူနှင့် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချိုနှင့် ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း ၍ ၂ဝ၁၇ခုနှစ် …

Read More »

လူမှုရေးပင်စင်ထောက်ပံ့မှုဆိုင်ရာ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

သြဂုတ် ၂၉ (ပဲခူး) ==================================== သြဂုတ်လ(၂၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အသက်(၉၀)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့မှုဆိုင်ရာ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင် အဖွင့်အမှာစကား ပြောကြားရာတွင် “အသက်(၉၀)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ရာတွင် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ဘိုး/ဘွားများ လက်ဝယ်ရောက်ရှိအောင် သေချာစွာဆောင်ရွက်ပေးရန်၊ ကဏ္ဍအလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးကြရန်၊ အခက်အခဲများ၊ မရှင်းလင်းသည်များရှိပါက ဌာနဆိုင်ရာ အချင်းချင်း ညှိနှိုင်းပူးပေါင်းဖြေရှင်းကြရန်၊ ဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဆောင်ရွက်မှာဖြစ်သည့်အတွက် မိမိတို့ တိုင်းဒေသကြီးအတွင်းမှာလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်” ပြောကြားသည်။ ထို့နောက် လူမှုရေးပင်စင်ဆိုင်ရာ အကြောင်းအရာများ၊ သင်တန်းခေါ်ယူရခြင်း၏ ရည်ရွယ်ချက်၊ လူမှုရေးပင်စင် ပေးအပ်ရာတွင် …

Read More »

မော်တော်ယာဉ်အချက်ပြ Bill Board စိုက်ထူပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

သြဂုတ် ၂၉ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ်လ(၂၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ရန်ကုန်မှ ပဲခူးမြို့အဝင် Toll Gate အနီး၌ မော်တော်ယာဉ်အချက်ပြ မီးမှန်ကန်စွာအချက်ပြနိုင်ရန် “အမှားကြာလျှင်အမှန်ထင်အမြန်ပြင်စေချင်” Bill Board စိုက်ထူပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက Bill Boardအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကာ တက်ရောက်လာသူများနှင့် မော်တော်ယာဉ် မောင်းနှင်သွားလာသူ များအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။ အဆိုပါBill Boardတွင် ‘နောက်မှယာဉ်ကို ကျော်တက်နိုင်ကြောင်း မိမိယာဉ်၏ လက်ယာမီးဖြင့် အချက်ပြရမည်”။ “နောက်မှ ယာဉ်ကိုကျော်တက်နိုင်ကြောင်း မိမိယာဉ်၏ လက်ဝဲဘက်မီးဖြင့် အချက်မပြရ” စသည်တို့ရေးသားထားရှိပြီး အဆိုပါအချက်ပြ စနစ်သည် နိုင်ငံတကာတွင် ကျင့်သုံးနေသောစနစ်ဖြင့်ပြီး မြန်မာနိုင်ငံတွင် မြို့တွင်းလမ်း/ မြို့ပြင်လမ်း/ အဝေးပြေးလမ်း/ …

Read More »