Home / 2017 / August / 01

Daily Archives: August 1, 2017

Internation KLM Co., Ltd မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

FI

သြဂုတ် ၁(ပဲခူး) ================================================ သြဂုတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ကိုရီးယားနိုင်ငံအခြေစိုက် Hyundai Motor Company(HMC) မှ Director, Mr.Kan Hyun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Mr.Kan Hyun က မိမိတို့ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ် မှုများ ဆောင်ရွက်လျက်ရှိသော Hyundai Motor Company(HMC)ဖြစ်ပါကြောင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများတွင်လည်း ထုတ်လုပ်ဖြန့်ဖြူးရန် ဆောင်ရွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံ၊ ပဲခူးမြို့နယ်အတွင်း၌လည်း အကြီးစားကားထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လိုခြင်းကြောင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ စက်ရုံတည်ဆောက်ရန်အတွက် မြေဧရိယာ(၅၀)ဧကခန့် လိုအပ်ပြီး၊ ဒေသခံပြည်သူ စက်ရုံလုပ်သားအဖြစ်(၁၀၀၀)ဦးရေ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ စက်ရုံဧရိယာအတွင်း စက်မှုသင်တန်းကျောင်းများလည်း ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယာဉ်အမျိုးအစား (၁၁)မျိုး ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။ …

Read More »

ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံ

FI

သြဂုတ် ၁ (ပဲခူး) ================================================ သြဂုတ်လ(၁)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်က ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ပေး နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းပြည်၏ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ပေးခြင်းသည် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ကြောင်း၊ ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ များအား ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ အထိုက်အလျောက် လုပ်ပိုင်ခွင့်များ ခွင့်ပြုပေး ထားပြီးဖြစ်၍ ရဲရဲဝင့်ဝင့်လုပ်ကိုင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းပြည်၏ အပြောင်း အလဲ ဆောင်ရွက်ရာတွင် စီးပွားရေးအရ စိန်ခေါ်မှုများရှိနေကြောင်း၊ အခွန်ယဉ်ကျေးမှုတစ်ရပ် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ဂရုပြုဆောင်ရွက်နေရကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်ပလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်မှသာ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် နည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်၍ အခက်အခဲများရှိလာနိုင်သည့်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် အထူးဂရုပြုဆောင်ရွက်သွားရန် …

Read More »