Home / 2017 / August / 02

Daily Archives: August 2, 2017

ဘာသာပေါင်းစုံ တွေဆုံညှိနှိုင်းပွဲ ကျင်းပပြုလုပ်

2

သြဂုတ် ၂ (ပဲခူး) ================================================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သြဂုတ်လ(၂)ရက်နေ့၊ မွန်လွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဘာသာပေါင်းစုံ တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့သည် လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခမှတစ်ဆင့် နိုင်ငံရေး ပဋိပက္ခအဆင့်ထိ ရောက်ရှိသွားခဲ့သည့် သာဓကများရှိကြောင်း၊ ဒါကြောင့် ဘာသာရေးအင်အားကြီးမားသည့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာ တို့မှ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးကမ်းလက်အဖွဲ့မှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ပြီး ညှိနှိုင်းတွေ့ဆုံပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ အနေဖြင့်လည်း မိမိတို့ရပ်ကွက်/ကျေးရွာများ၊ မြို့နယ်များတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရေး သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ် ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မတူကွဲပြားမှုများကို လက်ခံပြီး ယုံကြည်မှုတည်ဆောက်ကာ အေးချမ်းသာယာသော လုံခြုံသည့်လူမှုဘဝဖြစ်ရန် အတူတကွနေထိုင်မှသာ ဖွံ့ဖြိုးတိုးတက်သော …

Read More »

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် UNDP ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

FI

သြဂုတ် ၂ (ပဲခူး) ================================================ သြဂုတ်လ(၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် UNDP မှ Mr. Nasantuya Chuluun ဦးဆောင်သော ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Mr. Nasantuya Chuluun က ၂၀၁၈ ခုနှစ်အတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အဓိကအားဖြင့် စီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ ကိန်းဂဏန်းအချက်အလက် မှန်ကန်ရေး၊ မူဝါဒချမှတ်ခြင်း၊ အစိုးရမှ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား သိရှိလို ပါကြောင်း တင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်း/တံတားသာမက ဒေသအတွင်း အလုပ်အကိုင်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အခြေခံ အချက်အလက်များကို လည်း ဖြည့်ဆည်းပေးစေလိုကြောင်း၊ စီမံကိန်းနှင့် …

Read More »