Home / 2017 / August / 04

Daily Archives: August 4, 2017

သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် မြို့တော်သစ်တစ်ခု တည်ဆောက်ရန် လာရောက်ဆွေးနွေး

FI

သြဂုတ် ၄ (ပဲခူး) ================================================ သြဂုတ်လ(၄)ရက်နေ့၊ မွန်းလွဲ(၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ဂျပန်နိုင်ငံအခြေစိုက် F.A.P(Japan)Co., Ltd မှMr.Hiroyoshi Kawahara ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Mr.Hiroyoshi Kawahara က ပဲခူးမြို့ပေါ်ရှိ လမ်းမီးတိုင်များအား ဆိုလာစနစ်ဖြင့် တပ်ဆင်အသုံးပြုနိုင်ရေးနှင့် Smart City အသစ် တည်ဆောက်ရန်တို့အတွက် လာရောက်တွေ့ဆုံရ ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တည်ဆောက်မည့် Smart City တွင် ကျောင်းများ၊ စက်ရုံ/အလုပ်ရုံများ၊ ဆေးရုံ/ဆေးခန်းများ၊ အဆင့်မီဈေးဝယ်စင်တာများ၊ လူနေအိမ်ရာများ၊ အပန်းဖြေပန်းခြံများ စသည်တို့ပါဝင်မည်ဖြစ်ပြီး အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် မြို့တော်ဖြစ်ရန် ရည်ရွယ်ထားပါကြောင်း တင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ပဲခူးဒေသတွင်  ပြည်တွင်း/ပြည်ပ တက္ကသိုလ်များ၊ လုပ်ငန်းခွင်ဝင် သင်တန်းကျောင်းများ စုစည်းဖွင့်လှစ်မည့် ပညာရေးဇုန်၌ လျှပ်စစ်မီးအတွက် ဆိုလာစနစ်များ ပါဝင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် …

Read More »

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုနှင့် စာရင်းအင်းအချက်အလက် မှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

FI

သြဂုတ် ၄ (ပဲခူး) ================================================   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၄)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင်အထည်ဖော်ရေး၊ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၇) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(SDGs) အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် မြန်မာနိုင်ငံအတွက် အဓိက ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် အမျိုးသား စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမူဝါဒဖြစ်သည့် အခြေခံအဆောက် အအုံ၊ စိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါမှုတိုက်ဖျက်ရေး မြှင့်တင်ဆောင်ရွက်မှုအပါအဝင် SDGs ရည်မှန်းချက်ပန်းတိုင်းများကို ဖြည့်ဆည်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကဏ္ဍများ၊ နေရာများ၊ ဦးစားပေးလုပ်ငန်းများ ဖော်ထုတ်ရာတွင် စာရင်းအင်းသည် မရှိမဖြစ် အရေးပါ ကြောင်း၊ စာရင်းအင်းကိန်းဂဏန်းများ တိကျမှန်ကန်ရေးအတွက် လူမှုစီးပွားအချက်အလက်များ ပြည့်စုံ အောင်ဆောင်ရွက်ရာတွင် …

Read More »