Home / 2017 / August / 07

Daily Archives: August 7, 2017

စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

FI

သြဂုတ် ၇ (ပဲခူး) ================================================ သြဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး ကျင်းပပြလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ၂၀၁၇ ခုနှစ်၊ မတ်လ(၃)ရက်နေ့တွင် နိုင်ငံအဆင့် ပင်လယ် ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ကြောင်း၊ အဓိကအားဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ပါဝင်ခဲ့ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသအား ခေတ်အဆက်ဆက် ထိန်းချုပ် နိုင်မှု အားနည်းခဲ့ကြောင်း၊ စစ်တောင်းမြစ်သည် မြန်မာနိုင်ငံ၏ အထင်ကရမြစ်များတွင် တစ်စင်းအပါ အဝင်ဖြစ်ပြီး စုစုပေါင်း(၄၂၈)ကီလိုမီတာခန့်ရှည်လျားပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှ မြစ်ဖျားခံကာ အရှေ့ဘက်မှ ပေါင်းလောင်းချောင်း၊ သောက်ရေခပ်ချောင်း၊ ကျောက်ကြီးချောင်းနှင့် ရွှေကျင်ချောင်း၊ နောက်ဘက်မှ ဆင်သေချောင်း၊ ရုံးပင်ချောင်း၊ ဆွာချောင်း၊ ခပေါင်းချောင်း၊ …

Read More »