Home / 2017 / August / 11

Daily Archives: August 11, 2017

ညွတ်ကွင်းမြို့၊ အထက(၁)နှင့် အထက(၂)ကျောင်းများသို့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

 သြဂုတ် ၁၁ (ဖြူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၁)ရက်နေ့ မွန်းလွဲ(၁၂:၃၀)နာရီအချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်နွယ်နီမြင့်၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ အမှတ်(၁)နှင့် (၂)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးများမှ အောင်ချက်မြင့်မားရေးအတွက် သင်ကြားရေးအပိုင်း ဆောင်ရွက်နေမှု အခြေအနေ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၏ အခြေအနေ၊ ကျောင်း၏ လိုအပ်ချက်များအား တင်ပြရာ ဝန်ကြီးချုပ်မှ ပညာရေးစနစ် ပြုပြင်ပြောင်းလဲနေပြီဖြစ်သောကြောင့် ကျောင်းသား/သူများ အရည်အချင်း အဘက်ဘက်မှ ပြည့်ဝလာအောင် သင်ကြားပေးကြရန်၊ မိမိတို့ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းအကျိုးတော်ဆောင်များနှင့်အတူ ကျောင်းတာဝန်ရှိသူ ဆရာ/မများက လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ကျောင်း၏ အခြားလိုအပ်ချက်နှင့် ဝန်ထမ်းလိုအပ်ချက်ကိုလည်း ပညာရေးဌာန တာဝန်ရှိသူနှင့် ညှိနိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ ကျောင်းဆောင်များ၊ စာသင်ခန်းများနှင့် ကျောင်းသား/သူများ စာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် …

Read More »

ဌာနဆိုင်ရာ ယာဉ်၊ ဆိုင်ကယ်နှင့် ရုံးသုံးစက်ပစ္စည်းများ ပြင်ဆင်ရေးစိစစ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

FI

သြဂုတ် ၁၁ (ပဲခူး) ===================================== သြဂုတ်လ ၁၁ ရက်နေ့၊ မွန်းလွဲ(၁)အချိန်က ပဲခူးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ ယာဉ်၊ ဆိုင်ကယ်နှင့် ရုံးသုံးစက်ပစ္စည်းများ ပြင်ဆင်ရေးစိစစ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ အစည်းအဝေး၌ ဌာနဆိုင်ရာ ယာဉ်၊ ဆိုင်ကယ်နှင့် ရုံးသုံးစက်ပစ္စည်းများ ပြင်ဆင်ရေးစိစစ်မှုအဖွဲ့မှ  ‎၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်အတွင်းခွင့်ပြုထားသော အသုံးစရိတ်ဖြင့် ဌာနဆိုင်ရာအလိုက် လျာထားသတ်မှတ်ထားသည့် ရန်ပုံငွေထက်မပိုဘဲ တင်ပြတောင်းခံလာမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးခဲ့ကြပြီး၊ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး  ဦးညွန့်ရွှေ၊ ကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Read More »

အခြေခံအိမ်တွင်းမှုနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

FI

သြဂုတ် ၁၁ (ဖြူး) ==================================== ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ သြဂုတ်လ (၁၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၃)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေတို့က သင်တန်းဆင်းအမှာစကား ပြောကြားပြီး အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသင်းက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ထူးချွန်ဆုရရှိသူများအား ဝန်ကြီးချုပ်မှ ဆုများပေးအပ်ချီးမြှင့်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၃)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃)တို့အား မေလ(၈)ရက်နေ့မှ သြဂုတ်လ(၁၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံအိမ်တွင်းမှု သက်တန်းတွင် …

Read More »