Home / 2017 / August / 14

Daily Archives: August 14, 2017

အစိုးရရုံးလုပ်ငန်းများအား အိုင်တီနည်းပညာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် လာရောက်ဆွေးနွေး

FI

သြဂုတ် ၁၄ (ပဲခူး) ================================================ သြဂုတ်လ(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ e-Parliament လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ထံသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အိုင်တီနည်းပညာရှင် ဦးကျော်သီဟ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဦးကျော်သီဟက နိုင်ငံတော်အဆင့်မှ e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို အထောက်အကူဖြစ်စေရန် e-Parliament စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အဓိကအားဖြင့် လွှတ်တော်များ၏ သတင်းအချက်အလက်များ တိကျ မှန်ကန်စွာဖြင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လွှတ်တော်အတွင်းရှိ အဖွဲ့အစည်းများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များကို တစ်စုတစ်ပေါင်း တည်း စုစည်းဖော်ပြနိုင်ရန်၊ လွှတ်တော်နှင့် ပြည်သူအကြား အပြန်အလှန် နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ယုံကြည်မှုများ ပိုမိုမြှင့်တင်လာနိုင်စေရန်၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိပြီး လွတ်လပ်ပွင့်လင်း မြင်သာသော လွှတ်တော်များ ဖြစ်ပေါ်လာစေရန်နှင့် …

Read More »