Home / 2017 / August / 15

Daily Archives: August 15, 2017

လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကျိုးတူဆောင်ရွက်နိုင်ရန် လာရောက်ဆွေးနွေး

FI

သြဂုတ် ၁၅ (ပဲခူး) ================================================ သြဂုတ်လ(၁၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးဒေသ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကျိုးတူဆောင်ရွက်နိုင်ရန် ဖင်လန်နိုင်ငံ အခြေစိုက် Trimble Solutions Corporation မှ Mr.Pekka Hamalainen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Mr.Pekka Hamalainen က ပဲခူးဒေသအတွင်း သွယ်တန်းထားသည့် လျှပ်စစ် ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ရန်နှင့် မြို့သစ်များ၊ စက်မှုဇုန်များအတွက် အဆင့်မြင့်နည်းပညာသုံး မြေပေါ်/မြေအောက် လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရန်အတွက် လာရောက်ဆွေးနွေးရ ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ကုမ္ပဏီမှ အသုံးပြုသည့် ပစ္စည်းများသည် နိုင်ငံတကာအဆင့်မီ လျှပ်စစ် ပစ္စည်းများကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး၊ လက်ရှိဖြစ်ပေါ်နေသည့် ဓာတ်အားပျောက်ဆုံးမှုကို လျော့ချပေးနိုင်မှာဖြစ်ပါကြောင်း၊ လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပါက ဖင်လန်နိုင်ငံမှ ချေးငွေစနစ်ဖြင့်သာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကုန်ကျငွေ၏ တစ်ဝက်ကိုသာ မြန်မာနိုင်ငံအစိုးရဘက်မှ ပေးချေရမည် ဖြစ်ကြောင်း၊ …

Read More »

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

FI

သြဂုတ် ၁၅(နေပြည်တော်) ==================================== သြဂုတ်လ ၁၅ ရက်နေ့၊ နံနက်(၉)နာရီ အချိန်က နေပြည်တော်၊ ရုံးအမှတ်(၁)၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၁၇) ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

မြေယာဥပဒေဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

သြဂုတ် ၁၅ (ပဲခူး) =================================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ(၁၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်နှင့် Landesaအဖွဲ့တို့ ပူးပေါင်းပြီး မြေယာဥပဒေဆိုင်ရာနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က အဖွင့်အမှာစကား ပြောကြားပြီး Landesaမှ စိုက်ပျိုးရေးပညာရှင် ဦးသန်းဌေးက Landesa လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးပညာရှင် ဦးလေးညွန့်က မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်များ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစည်သူအောင်က ဧရာဝတီတိုင်းအတွင်း မြေယာဝေခြမ်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်ခဲ့မှုများနှင့် အတွေ့အကြုံများကို လည်းကောင်း၊ ဥပဒေသုတေသီ ဦးမောင်မောင်ညွန့်နှင့် လယ်ယာမြေ ဥပဒေပညာရှင် ဦးဇော်မင်းတို့က ခေတ်အဆက်ဆက် လယ်ယာမြေ ဥပဒေများ အကြောင်းကိုလည်းကောင်း …

Read More »