Home / 2017 / September

Monthly Archives: September 2017

နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ထပ်မံဆောင်ရွက်နိုင်ရန် ရပ်ဆိုင်းထားရှိသော အေးသုခ ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံအား သွားရောက်ကြည့်ရှု့စစ်ဆေး

FI

စက်တင်ဘာ ၂၉ (ဒိုက်ဦး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ စက်တင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ အေးသုခကျေးရွာရှိ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရှိသော ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံ၊ သဘာဝမြေသြဇာစက်ရုံနှင့် ကြက်/ ဝက်/ ဘဲမွေးမြူရေးခြံများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံ ရှင်းလင်းဆောင်၌ စက်ရုံးမှုးဦးမြင့်လွင်က အေးသုခကျေးရွာ ပရဝဏ်အတွင်းရှိ မြေသြဇာစက်ရုံ၊ အစာစပ်စက်ရုံနှင့် ကြက်/ဝက်မွေးမြူရေးခြံများ၏ နောက်ခံသမိုင်းကြောင်း၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က စက်ရုံပရဝဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံသည် ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ(အနောက်အုပ်စု)အတွင်း၊ ရန်ကုန်-မန္တလေးကားလမ်း ဟောင်း မိုင်တိုင်(၇၂) အနောက်ဘက်(၃)မိုင်အကွာတွင် တည်ရှိပြီး ခြံမြေအကျယ်အဝန်း (၁၀၉.၂၂)ဧကရှိသည်။ အဆိုပါစက်ရုံ၏ လက်အောက်တွင် လုပ်ကိုင်နေသော သဘာဝမြေသြဇာစက်ရုံနှင့် ဝက်မွေးမြူရေးလုပ်ငန်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၈ (ပဲခူး) ========================== ပဲခူးမြို့၊ ရွှေဝါထွန်းဟိုတယ်၌ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဦးဆောင်၍ စက်တင်ဘာလ (၂၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာမြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (ဥက္ကဌကိုယ်စား) ဒုတိယဥက္ကဌ(၁) ဦးအောင်လှထွန်းက ဒီမိုကရေစီလူ့ဘောင်သစ်တစ်ခုမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တို့၏ လုပ်ဆောင်မှုများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန် စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာသည် အမှန်တကယ် လိုအပ်ကြောင်း၊ သတင်းတစ်ပုဒ်တွင် မှန်ကန်ခြင်း၊ မြန်ဆန်ခြင်း၊ တိကျခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ ပြည်သူ့ကိုမျက်နှာမူခြင်း၊ တာဝန်ယူ၊တာဝန်ခံမှုစသည့် အချက်အလက်များ ပြည့်စုံရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက သတင်းမီဒီယာသည် ဒီမိုကရက်တစ်နိုင်ငံအတွက် အလွန်ရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်လူ့အသိုင်းအဝန်းတစ်ခု အသွင်ကူးပြောင်းနေစဉ်  သတင်းမီဒီယာလွတ်လပ်ခွင့်လည်း လိုအပ်မည်ဖြစ် ကြောင်း၊ ဘယ်အစိုးရတက်တက် မီဒီယာသည် ပြည်သူ့ကိုဗဟိုပြုပြီး မှန်ကန်သော သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ …

Read More »

ရေတာရှည်ပြည်သူ့ဆေးရုံသို့ ဝန်ကြီးချုပ်သွားရောက်ကြည့်ရှုစစ်ဆေး

FI

စက်တင်ဘာ ၂၇ (ရေတာရှည်) ====================================== စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်(၀၈:၁၈)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရေတာရှည်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး မြို့နယ်ဆရာဝန်များနှင့် တွေ့ဆုံခဲ့ပြီး၊ ဆေးရုံအတွင်းဘက်နှင့် အပြင်ဘက်များသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး ဆေးရုံတက်လူနာများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

Read More »

သစ်မွှေးစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချခြင်းနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၆ (ပဲခူး) ========================== စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာကျော်ဟိုတယ်၌ သစ်မွှေးစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက အဖွင့် အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြသူများမှ သစ်မွှေးစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချခြင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးရုံးချုပ်နှင့် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်မှ  အရာထမ်းများ၊ သစ်မွှေးလုပ်ငန်းရှင်များ ၊ စိတ်ပါဝင် စားသူများ စုစုပေါင်း (၂၂)ဦး တက်ရောက်ကြသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် သစ်မွှေးပင်စိုက် ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ရာ တွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံတကာမှ သတ်မှတ်ထားသည့် …

Read More »

ပဲခူး-ဟံသာဝတီ-ရန်ကုန်အနောက်တောင်ပိုင်း လမ်းကွန်ယက်နှင့် မြို့ပြစီမံကိန်း အသစ်များ အကောင်အထည်ဖော်ရေးဆွဲပြီးစီးမှုအား KOICAမှ လာရောက်တင်ပြ

FI

စက်တင်ဘာ ၂၅ (ပဲခူး) ============================ စက်တင်ဘာလ ၂၅ ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူး-ဟံသာဝတီ-ရန်ကုန်အနောက်တောင်ပိုင်း လမ်းကွန်ယက် နှင့် မြို့ပြစီမံကိန်းအသစ်များ အကောင်အထည်ဖော်ရေးဆွဲပြီးစီးမှုအား ကိုရီးယားနိုင်ငံ KOICA မှ Mr. Arm ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြသည်။ ရှေးဦးစွာ Mr. Arm က စီမံကိန်းရေးဆွဲထားရှိမှုနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ဦးစားပေးကဏ္ဍများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စသည်တို့ကို တင်ပြပေးသွား မည်ဖြစ်ပါကြောင်း၊ ပဲခူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲရာတွင် ၂၀၄၀ တွင်ဖြစ်ပေါ် လာမည့် လူဦးရေ၊ စက်မှု/လက်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုကဏ္ဍများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး စသည့် အခြေခံအချက်အလက်များကို ထည့်သွင်းရေးဆွဲရပါကြောင်း၊ ပဲခူးတိုင်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအရ လမ်းဆုံမြို့နေရာဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် ဆက်စပ်လျက်ရှိပါ ကြောင်း၊ ဒီစီမံကိန်းအား Y ပုံစံဖြင့် ရန်ကုန်တောင်ပိုင်း၊ …

Read More »

ပိုင်ရှင်မဲ့သစ် ဖမ်းဆီးရရှိမှု

25-9-2017(2)

စက်တင်ဘာ ၂၅ (ပဲခူး) ========================= ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ – ဦးကျော်ဆန်းမိုး ဦးဆောင်ပြီး သစ်တောဝန်ထမ်း(၄)ဦး၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်(၆)ဦး တို့သည် (၂၅-၉-၂၀၁၇) ရက်နေ့ သာဂရမြို့ ငါးခုံးမချောင်းရပ်ကွက်အတွင်း သတင်းအရ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ (၀၁:၀၀) နာရီအချိန်တွင် ငါးခုံးမချောင်းရပ်ကွက်၊ အရှေ့ဘက်ကျောင်းဆောင်ပေါ်တွင် တရားမဝင် ကျွန်းခွဲသား (၅၄)ချောင်း၊ (၁.၇၀၆၂)တန်၊ လုံးပတ်(၃)ပေအောက် ကျွန်းသစ်လုံး(၁.၁၂)တန် စုစုပေါင်း (၁.၈၂၈၂) တန်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Read More »

ပိုင်ရှင်မဲ့ သစ်ဖမ်းဆီးရရှိမှု

24-9-2017(1)

စက်တင်ဘာ ၂၄ (ရေတာရှည်) ====================== ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ-ဦးကျော်ဆန်းမိုး ဦးဆောင်သော သစ်တောဝန်ထမ်း(၄)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်(၄)ဦးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၂၄ – ၉-၂၀၁၇) ရက်နေ့တွင် ကိုးပင် – သာဂရလမ်းတစ်လျှောက် ရှောင်တခင် စစ်ဆေးရာ(၂၁:၀၀)နာရီ အချိန်တွင် (၁၃)မိုင် ပတ်ဝန်းကျင်တွင် ကျွန်းခွဲသား(၁၅)ချောင်း၊ (၀.၄၃၈၈)တန် တင်ဆောင်ထားသော ဆိုင်ကယ်(၂)စီးအားပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Read More »

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ရည်မှန်းချက်များအနက် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးရည်မှန်းချက်အား ပဲခူးတိုင်းဒေသကြီး ထွေ/အုပ်ဝန်ထမ်းများ အကောင်အထည်ဖော်ဆောင်ရွက်

FI

စက်တင်ဘာ ၂၃ (ပဲခူး) =================================== စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၇)နာရီအချိန်မှစတင်ကာ ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ တပ်မ(၇၇)အနီးရှိ ဂဝံသံပတ်စေတီတော်ကြီး ပြန်လည်တည်ထားရာတွင် ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများစုပေါင်းကာ တစ်နေ့တာလုပ်အားဒါန ပေးလှူကြသည်။ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း ဦးဆောင်သော တိုင်းဒေသကြီးရုံးမှ ဝန်ထမ်းများ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ဦးဆောင်သော ပဲခူးခရိုင်ရုံးမှ ဝန်ထမ်းများ၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် ဦးဆောင်သော မြို့နယ်ရုံးမှ ဝန်ထမ်းများ ပေါင်း(၁၅၀)ဦး၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ တိုင်း/ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ အင်အား(၁၅၀)ဦး စုစုပေါင်း(၃၀၀)ဦးတို့သည် စုစုပေါင်းကာ ဂဝံသံပတ်စေတီတော်ကြီး ပြန်လည်တည်ထားရာတွင် အုတ်/ကျောက်/ဘိလပ်မြေ သယ်ယူခြင်း၊ ဘုရားပရဝဏ်အတွင်း မြက်များ၊ အမှိုက်သရိုက်များ ရှင်းလင်းပေးခြင်းတို့ဖြင့် တစ်နေ့တာလုပ်အားဒါန ပေးလှူကြကြောင်းသိရသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်(၄)ချက်ဖြစ်သော တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်များအနက် …

Read More »