Daily Archives: September 2, 2017

(၁၁၇)ကြိမ်မြောက် (၁၂၀)နှစ်ပြည့် ပေါင်းတည်မြို့၊ ဗုဒ္ဓမြတ်စွယ်တော်ကြီးဖွင့်ပွဲနှင့် အပူဇော်ခံရာ ရွှေကျောင်းဆောင် ရွှေပလ္လင်တော်ပေါ်သို့ ပင့်ဆောင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာလ ၂ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ ရွှေကျောင်းကြီးတိုက်၊ ဗုဒ္ဓမြတ်စွယ်တော် အာရုံခံတန်ဆောင်းအတွင်း၌ စက်တင်ဘာလ(၂)ရက်နေ့၊ ညနေ(၄:၃၀)နာရီအချိန်က (၁၁၇)ကြိမ်မြောက်၊ (၁၂၀)နှစ်ပြည့် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်ပွဲနှင့် အပူဇော်ခံရာ ရွှေကျောင်းဆောင် ပလ္လင်ပေါ်သို့ ပင့်ဆောင်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဝန်ကြီးချုပ်အမှုးပြု၍ တက်ရောက်လာသော ဧည့်ပရိတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ သြဝါဒစရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဗုဒ္ဓမြတ်စွယ်တော်၏ အတ္ထုပ္ပတ္တိကို အခမ်းအနားစီစဉ်မှူး တွဲဘက်အတွင်းရေးမှူး ဦးမြတ်စိုးက ဖတ်ကြားပြီး ဗုဒ္ဓမြတ်စွယ်တော် ရတနာအား တစ်နှစ်တာ ကိန်းဝပ်စံပါယ်တော်မူရာ ဂန္ဓကုဋီရွှေတိုက်တော်အတွင်းမှ အပူဇော်ခံရာ ရွှေကျောင်းဆောင် ရွှေပလ္လင်တော်ထက်သို့ ကြွမြန်းတော်မူရန် ဦးရွှေတိုးနှင့် ဒေါ်မြင့်စိုးတို့က ဂါထာတော်/ အဘိတ္တဝိတပူဇနမင်္ဂလာရတုကဗျာ /ဦးညွှတ်ရိုသေ တောင်းဆုချွေရာ ပတ္တနာတေးထပ်တို့ဖြင့် ရွတ်ဆိုပူဇော်ကြသည်။ ယင်းနောက် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ပြန်လည်အပ်နှံသည့် ကိုင်းမြေအခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံ

FI

စက်တင်ဘာ ၂ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂)ရက်နေ့၊ နံက်(၉)နာရီအချိန်က ဝန်ကြီးများ၊ ဌာနဆိုင်ရာများ နှင့်အတူ ကြို့ပင်ကောက်မြို့နယ် ရှားပင်ထကျေးရွာအုပ်စု ကွင်းအမှတ်(၅၂၆/၅၂၉)ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတော်သို့ ပြန်လည်အပ်နှံသည့် ကိုင်းမြေဧရိယာ(၂၂၈)နှင့် ပတ်သက်ပြီး မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ကြို့ပင်ကောက်မြို့နယ်၊ ရွာသစ်ရွာအခြေခံပညာမူလတန်းကျောင်း၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ယခုစွန့်လွှတ်မြေများနှင့် ပတ်သက်ပြီး ပြန်လည်ခွဲဝေပေးရာတွင် အဆင်ပြေမှုရှိ/မရှိ သိရှိနိုင်ရန်နှင့် လုပ်ငန်းပြန်လည်လုပ်ဆောင်ရာတွင်လည်း အဆင်ပြေချောမွေ့မှု ရှိ/မရှိသိရှိနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်ရရှိမြေများကို မိမိတို့အကျိုး၊ နိုင်ငံအကျိုး၊ ဒေသအကျိုး ဖြစ်ထွန်းအောင်ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းသိန်းက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကြို့ပင်ကောက်မြို့နယ် အုပ်ချုပ်ရေးမှူး …

Read More »