Daily Archives: September 3, 2017

အုတ်တွင်း-ပေါက်ခေါင်း လမ်းပေါ်ရှိ စင်ချောင်းတံတား ဆောက်လုပ်ပြီးစီး

FI

စက်တင်ဘာ ၄ (ပဲခူး) =================================== ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းလမ်းပေါ်ရှိ စင်ချောင်းတံတား ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အဆိုပါတံတား ဆောက်လုပ်ပြီးစီးမှုအား စက်တင်ဘာလ(၄)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်က သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းတို့နှင့် သွားရောက်ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ တံတားရေရှည်တည်တံ့ ခိုင်ခန့်ရေးအတွက် ဝန်တင်ကားများ ခွင့်ပြုတန်ချိန်ထက် ပို၍တင်ဆောင်ကာဖ ြတ်သန်းမောင်းနှင် မသွားစေရေး တံတားဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံများ ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါတံတားသည် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၉၀၀)ဖြင့် …

Read More »

ပြည်ခရိုင်အတွင်းရှိ မြစ်ကျောက်စရစ် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

FI

စက်တင်ဘာ ၃ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြစ်ကျောက်စရစ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြစ်ကျောက်စရစ်ထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင် မြစ်ချောင်းအင်းအိုင်များကို ထိခိုက်မှုမရှိအောင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်ပေးကြရန်၊ လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင်လည်း သက်ဆိုင်ရာဌာနများက သေချာစွာလေ့လာစီစစ်ပြီး သတ်မှတ်ထားသော ဥပဒေ/ နည်းဥပဒေ/ စည်းမျဉ်း/စည်းကမ်းများအတိုင်း ထုတ်ပေးရန်၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့တွေ့ရှိရသည့် လုပ်ငန်းအခက်အခဲများကို တင်ပြပေးရန် ပြောကြားသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန် ထုတ်ယူခွင့်သတ်မှတ်ထားသော အရေအတွက်အတိုင်း နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိအောင် မှန်ကန်စွာထုတ်ယူစေရန်၊ ကျောက်လုပ်ကွက် လိုင်စင်ထုတ်ပေးရာတွင် မျှတမှုရှိအောင် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးရန်၊ လုပ်ကိုင်ခွင့်မရရှိသေးခင် လုပ်ငန်းရှင်များအနေဖြင့် ငွေကြေးကုန်ကျမှုများရှိနေခြင်းကြောင့် မည်သည့်အတွက် ကုန်ကျမှုရှိနေသည်ကို သက်ဆိုင်ရာဌာနများက ရှင်းလင်းပေးရန်၊ …

Read More »

အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၃ (ပဲခူး) ================-========-=-========= ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အားကစားကွင်း၌ စက်တင်ဘာလ(၃)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ၂၀၁၇ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြိုင်ပွဲဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးသူများအား ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော အသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးဝင်းမြင့်ချစ် ကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်  ပြိုင်ပွဲတွင် ဒုတိယရရှိသော သာယာဝတီခရိုင်သင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စိုးစိုးကြည်က လည်းကောင်း …

Read More »