Daily Archives: September 4, 2017

ပုဂ္ဂလိကကျွန်းစိုက်ခင်းအား ကြည့်ရှုလေ့လာပြီး အမှတ်တရသစ်ပင် စိုက်ပျိုးခဲ့

FI

စက်တင်ဘာ ၄ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ (၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့နှင့်အတူ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမ အုတ်တွင်း-ပေါက်ခေါင်းလမ်းဘေးရှိ ဖြိုးစည်သူ ပုဂ္ဂလိက ကျွန်းစိုက်ခင်းသို့ သွားရောက်လေ့လာ ကြည့်ရှုပြီး အမှတ်တရ သစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့အား ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် သစ်တောလုပ်ငန်းများ၊ ပြုစုပျိုးထောင် ထိန်းသိမ်းကာကွယ်မှုလုပ်ငန်းများ၊ ဘဏ္ဍာနှစ်အလိုက် သစ်ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဖြိုးစည်သူ ထရေးဒင်းကုမ္ပဏီလီမိတက် အုက်ချုပ်မှုဒါရိုက်တာ ဦးရန်နိုင်လွင်က ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်မှုအခြေအနေ၊ သဘာဝတော ထိန်းသိမ်းခြင်း၊ ငှက်မျိုးစိတ်များ ကာကွယ်စောင့်ရှောက်ထားခြင်း၊ အပန်းဖြေစခန်းထားရှိခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ …

Read More »