Daily Archives: September 5, 2017

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၅ (ပဲခူး) ================================================ စက်တင်ဘာလ(၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း(Community Forestry) အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းညှိနှိင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းသည် လူနှင့် လူ့ပတ်ဝန်းကျင် အတွက် အလွန်အရေးပါကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ပေး ခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သစ်တော စိုက်ခင်းများ ခွင့်ပြုပေးရာတွင်လည်း နိုင်ငံရေး၊ စီးပွားရေးအမြင်များဖြင့် ချိန်ထိုးစဉ်းစားပေးစေလို ကြောင်း၊ သစ်တောစိုက်ခင်းများသည် နှစ်ကာလရှည်ကြာစွာ စောင့်ရှောက်ရသည့် လုပ်ငန်းဖြစ်၍ ၎င်းဧရိယာအတွင်း ပရဆေးပင်များ၊ ငှက်ပျောပင်များ၊ အခြားသီးနှံပင်များ ကြားညှပ်စိုက်ခြင်းအားဖြင့် တစ်ဘက်တစ်လှမ်း ဝင်ငွေရရှိနိုင်မှာဖြစ်ကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့သစ်တောစိုက်ခင်း တည်ထောင်လုပ်ကိုင်ခြင်းသည် စည်းလုံးညီညွှတ်ခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေခြင်း စသည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရရှိစေနိုင်သလို နိုင်ငံရေးအနှစ်သာရများ ပါဝင်နေ၍ ဌာနဆိုင်ရာများက မဖြစ်မနေ အကောင်အထည်ဖော် …

Read More »

ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေးသန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၅ (ပဲခူး) ================================== စက်တင်ဘာလ ၅ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရွှေဝါထွန်းဟိုတယ်၊ ကမ္ဘောဇသာဒီ ခန်းမ၌ ကျေးလက်ဒေသများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးပေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ယူနီဆက် ကိုယ်စားလှယ် ဒေါက်တာမြသန်းထွန်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စီမံကိန်းရေးဆွဲရေးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစိန်လှိုင်မှ ဘတ်ဂျက်များ လျာထားတွက်ချက်ရာတွင် အခြေခံသင့်သည့် အချက်များကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းလွင်က ရေပေးဝေရေးလုပ်ငန်းများအတွက် ဘတ်ဂျက်လျာထား တွက်ချက်ရာတွင် အခြေခံသင့်သည့်အချက်များကိုလည်းကောင်း၊ အခြေခံပညာ ဦးစီးဌာန(နေပြည်တော်)၊ တည်းဖြတ်/အကဲဖြတ် ဦးစီးအရာရှိ ဒေါ်အေးအေးသန်းက စာသင်ကျောင်းများ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများအတွက် …

Read More »