Daily Archives: September 6, 2017

ပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အင်တာနက်သုံးစွဲနိုင်ရေး Fron Tiir Co., Ltd မှ လာရောက်တွေ့ဆုံ

FI

စက်တင်ဘာ ၆ (ပဲခူး) ========================= စက်တင်ဘာလ ၆ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်းသို့ ပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အင်တာနက်သုံးစွဲနိုင်ရေး Fron Tiir Co., Ltd မှ ဒါရိုက်တာ ဦးနေလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ သည်။ ရှေးဦးစွာ ဦးနေလင်းက မြန်မာနိုင်ငံတွင် အင်တာနက် ဝန်ဆောင်မှုများသည် ပြင်ပနိုင်ငံများ ထက် ဈေးနှုန်းများပြားနေသဖြင့် အသက်သာဆုံး နှုန်းထားဖြင့် လူတိုင်းအင်တာနက် သုံးစွဲနိုင်စေရန် အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အင်တာနက်ဖြန့်ဝေပေးရာတွင် WiFi စနစ်ဖြင့် အသုံးပြုသွားမည်ဖြစ်ပြီး အများသုံးဧရိယာများဖြစ်သည့် ဘုရားများ၊ ပန်းခြံများ၊ စာသင်ကျောင်း များ၊ ဈေးများ၊ ကားဂိတ်များ စသည့်တို့တွင် Free WiFi Zone ပြုလုပ်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ကုမ္ပဏီသည် Internet Gateway လိုင်စင်ရရှိထားပြီးဖြစ်၍ သက်သာသော …

Read More »

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၆ (ပဲခူး) ============================================ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှစ၍ အလုပ်သမား (၁၅)ထက်ရှိသော အလုပ်ရုံများ၌ လုပ်ခလစာ တစ်ရက်(၃၆၀ဝိ/-)သတ်မှတ်ခဲ့သည်မှာ ၂၀၁၇ ခုနှစ်တွင် (၂)နှစ် ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်ပ၅(ဇ)အရ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့်အညီ (၂)နှစ် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမှာဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး အတွက် ကော်မတီဝင်(၂၁)ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ မြို့နယ်များအလိုက် အလုပ်ရှင်၊ အလုပ်သမား သိရှိနားလည်နိုင်စေရန် အနည်းဆုံးအခကြေးငွေဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် …

Read More »

(၃၃/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

စက်တင်ဘာ ၆(ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်၊ ဒိုက်ဦးလမ်း၊ ဆည်မြောင်းရှင်းလင်းဆောင်၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံက်(၉:၃၀)နာရီအချိန်က (၃၃/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးတို့က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးလှထွန်းက ဓာတ်အားခွဲရုံ တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်နှင့် ဒေသခံတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ၃၃/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ထရန်စမော်မာအား ဓာတ်အားရယူရန်အတွက် စက်ခလုတ်အားလည်းကောင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက ၁၁ကေဗွီ Incoming panel ၏ စက်ခလုတ်အားလည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ၁၁ကေဗွီ မြစ်ကျိုးဖီဒါ၏ စက်ခလုတ်အားလည်းကောင်း အသီးသီး ဖွင့်လှစ်ပေးကြသည်။ …

Read More »

အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုဆိယဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

FI

စက်တင်ဘာ ၆ (ပဲခူး) ==================================== စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၇ခုနှစ် အခြေခံပညာ ကျောင်းပေါင်းစုံ တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယဆုရရှိခဲ့သည့် အားကစားသမားများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမဒေါ်မာမာချိုက ပြိုင်ပွဲနှင့်ပတ်သက်သည့် အခြေအနေအတွေ့ကြုံခဲ့မှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဆုရရှိခဲ့သည့် အားကစားသမားများ(၁၈)ဦးအား ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဂုဏ်ပြုဆုငွေ (၁၈)သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ပြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အုပ်ချုပ်/နည်းပြဆရာ/ဆရာမ(၆)ဦးအား ချီးမြှင့်ငွေကျပ် (၆)သိန်းအား ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဆုရအားကစားသမားများကိုယ်စား ရှေ့တန်းအကောင်းဆုံးဆုရ အထက(ခွဲ)လ-၁ တောင်ငူမှ မောင်ချမ်းမြေ့ဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးင်းက အားကစားပစ္စည်း ဘောလုံးများပေးအပ်ကာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အုပ်ချုပ်/နည်းပြများနှင့် …

Read More »