Daily Archives: September 7, 2017

ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာနှင့် လယ်ပြင်မကျေးရွာ ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၇ (ပဲခူး) ==================================== စက်တင်ဘာလ (၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) မဟာ ဓာတ်အားလိုင်းပြင်ပ (Off Gride) ကျေးလက်မီးလင်းရေး အစီအစဉ်ဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်ပြီးစီးခဲ့သော ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာ၊ လယ်ပြင်မကျေးရွာ မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးလှကျော်တို့က အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က (NEP) စီမံကိန်း၊ Solar Mini Gride ဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ဒေသဖွံ့ဖြိုးရေး နှင့် စပ်လျဉ်းပြီး ဆောင်ရွက်နေမှုများအားလည်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Talent & …

Read More »

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းဖွင့်ပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေ တက်ရောက်

FI

စက်တင်ဘာ ၇ (ပဲခူး) ==================================== စက်တင်ဘာလ (၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ကဝမြို့၊ မြို့နယ်ခန်းမ၌ ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းဖွင့်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ အခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေသည်နှင့်အညီ ဒေသအလိုက် စီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုကို အခြေခံသည် စနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ဆိုလျှင် ကဝမြို့နယ်အတွင်း UNDP မှ ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသည် (၂)ကြိမ်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ဒေသလိုအပ်ချက်ကို ဒေသခံပြည်သူတို့မှ စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် UNDP မှ ကိုယ်စားလှယ်တစ်ဦးက ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း၏ သဘောသတရားများ၊ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ UNDP မှ ဦးဆောင်၍ …

Read More »

ပဲခူးတိုင်းဒေသကြီး ကုန်တင်ကုန်ချလုပ်ငန်း ကြီးကြပ်ရေးကော်မတီရုံး တည်ဆောက်ရန် ပန္နက်တင် အခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၇ (ပဲခူး) ==================================== စက်တင်ဘာလ (၇)ရက်နေ့၊ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၆)၊ မြေကွက်အမှတ်(သီးသန့်-၁၂)၊၌ ပဲခူးတိုင်းဒေသကြီး ကုန်တင်ကုန်ချလုပ်ငန်း ကြီးကြပ်ရေးကော်မတီရုံး တည်ဆောက်ရန် ပန္နက်တင် အခမ်းအနား ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။ အခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ရုံးအဆောက်အဦ ဆောက်လုပ်မည့် နေရာအား ပန္နက်တင်ခြင်း၊ အမွေးနံ့သာရည်များ ပတ်ဖြန်းပေးခြင်းများအား အသီးသီးပြုလုပ် ကြသည်။ ပဲခူးတိုင်းဒေသကြီး ကုန်တင်ကုန်ချလုပ်ငန်း ကြီးကြပ်ရေးကော်မတီရုံး အာစီ(၂)ထပ် အဆောက်အဦဖြစ်ပြီး တိုင်းဒေသကြီးဘတ်ဂျက် ကျပ်(၈၂၀)သိန်းဖြင့် ဇေယျာနန်းဆောက်လုပ်ရေးမှ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More »