Daily Archives: September 9, 2017

ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း အိမ်ကွင်းဖွင့်ပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၉ (ပဲခူး) ==================================== ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနှင့် ဟင်္သာလမ်းထောင့်ရှိ ယခင်တိုင်းဒေသကြီး ဘောလုံးအားကစားကွင်းနေရာ၌ စက်တင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်း Grand Royal Stadium ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးရဲ့ မြို့တော်ပဲခူးမြို့မှာ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေ လက်ခံကျင်းပနိုင်သည်အထိ အဆင့်မြင့်ပြင်ဆင်ပြီး အိမ်ကွင်းအဖြစ် ဆောင်ရွက်ခွင့်ရအောင် အဘက်ဘက်မှ ကြိုးစားဆောင်ရွက်သူအားလုံးကို ကျေးဇူးတင်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် တစ်ချိန်က မြန်မာ့ဘောလုံးအားကစားကို များစွာအထောက်အကူပြုတဲ့ သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း၊ မြန်မာ့ဘောလုံးရွှေခေတ်ကို ဦးဆောင်ကစားခဲ့တဲ့ အာရှလက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင်ဂိုးသမား တင်အောင်အပါအဝင် နာမည်ကျော် အားကစားသမားကြီးများဖြစ်တဲ့ ရဲညွန့်၊ ဆပ်သီး(ခေါ်)သန်းစိုး၊ တင်စိန်၊ စံအေးတို့လို နိုင်ငံဂုဏ်ဆောင် ဘောလုံးသူရဲကောင်းကြီးများသည် ပဲခူးတိုင်းဒေသကြီး မှမွေးထုတ်ပေါ်ထွန်းခဲ့သူတွေ ဖြစ်ခဲ့ကြသလို နာမည်ကြီး မြန်မာ့လက်ရွေးစင်များသည့် ဇော်နိုင်၊ …

Read More »

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် နယ်သာလန် နိုင်ငံမှ IADS ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

FI

စက်တင်ဘာ ၉ (ပဲခူး) ==================================== စက်တင်ဘာလ (၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် အတွက် နယ်သာလန်နိုင်ငံ၊ IADS မှ Ms. Tanya Huizer ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ဧရာဝတီမြစ်သည် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို့ ဖြတ်သန်း စီးဆင်းလျက်ရှိကြောင်း၊ ဧရာဝတီမြစ်သည် နှစ်ကာလ ကြာရှည်လာသည်နှင့်အမျှ မြစ်ကြောင်း ပြောင်းလဲခြင်း၊ မြေနုကျွန်းများပေါ်ထွန်းလာခြင်းနှင့် ရေကြီး ရေလျှံမှုများဖြစ်လာကြောင်း၊ ဒီလိုအချက်များသည် ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေးစသည့် လူနေမှုဘဝများ ဆုံးရှုံးမှုများ ဖြစ်ပေါ်ရကြောင်း၊ နှစ်စဉ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှာနိုင်ရန်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုလို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအား ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ ဗဟာဗျူဟာများ၊ နည်းဗျူဟာများ …

Read More »