Daily Archives: September 12, 2017

မိုဘိုင်းတယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် MNTH Ltd မှ လာရောက်တွေ့ဆုံ

FI

စက်တင်ဘာ ၁၂ (ပဲခူး) ================================================ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ မိုဘိုင်းတယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Myanmar National Telecom Holdings Public Limited မှ Project Director ဦးဇော်မင်းအေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ သည်။ ရှေးဦးစွာ ဦးဇော်မင်းအေးက မိမိတို့ကုမ္ပဏီသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသည့် စတုတ္ထမြောက် Operator “Mytel” ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် ဆက်သွယ်ရေးဆိုဒ်များအား ဒိုက်ဦး မြို့နယ်တွင်(၁၀)ခု၊ ကဝမြို့နယ်တွင်(၇)ခု၊ ညောင်လေးပင်မြို့နယ်တွင်(၁၅)ခု၊ သနပ်ပင် မြို့နယ်တွင် (၈)ခု၊ ဝေါမြို့နယ်တွင် (၁၃)ခု၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ကြို့ပင်ကောက်မြို့နယ် တွင်(၈)ခု၊ လက်ပံတန်းမြို့နယ်တွင်(၁၂)ခု၊ မင်းလှမြို့နယ်တွင်(၁၁)ခု၊ မိုးညိုမြို့နယ်တွင်(၁၀)ခု၊ အုတ်ဖိုမြို့နယ်တွင်(၈)ခု၊ ပန်းတောင်းမြို့နယ်တွင်(၁၂)ခု၊ သဲကုန်းမြို့နယ်တွင်(၄)ခု၊ …

Read More »

ကျေးလက်မီးလင်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် Iconic Globle Solution မှာ လာရောက်တွေ့ဆုံ

FI

စက်တင်ဘာ ၁၂ (ပဲခူး) ==================================== စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်းသို့ ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အမေရိကန်နိုင်ငံအခြေစိုက် Iconic Globle Solution, Chief Executive Officer ဦးဇော်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ သည်။ ရှေးဦးစွာ ဦးဇော်ထွန်းက ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၊ ပြည်သူ၊ ကုမ္ပဏီတို့အတွက် အကျိုးရှိသည့် လုပ်ငန်းဆောင်ရွက်ချက်မျိုး ဖြစ်ရန်လိုအပ်ပါ ကြောင်း၊ လက်ရှိ ကျေးလက်မီးလင်းရေးစီမံကိန်းများသည် ကမ္ဘာ့ဘဏ်ချေးငွေ၊ ကုမ္ပဏီထည့်ဝင်ငွေ နှင့် ဒေသခံပြည်သူထည့်ဝင်ငွေတို့ဖြင့် လုပ်ငန်းဆောင်ရွက်နေရပါကြောင်း၊ ကျေးရွာမီးလင်းရေး ကော်မတီတွင် လျှပ်စစ်ကျွမ်းကျင်သူမရှိသဖြင့် ရေရှည်ထိန်းသိမ်းခြင်း အားနည်းချက်များကြောင့် ပြည်သူများ အခက်အခဲဖြစ်စေနိုင်ပါကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ကုမ္ပဏီဘက်မှ ဆောင်ရွက်ပေးရမည့် အချက်၊ အစိုးရဘက်မှ အာမခံပေးရမည့်အချက်၊ …

Read More »

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၂ (ပဲခူး) ========================== စက်တင်ဘာလ(၁၂)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခမ်းမ၌  ပြည်သူပူးပေါင်းပါ၀င်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ UNDP မှတာဝန်ရှိဌာနေကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ပေါက်ခေါင်းမြို့နယ် ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။ မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသည် ပြည်သူများအနေဖြင့် မိမိတို့ဒေသရှိ လိုအပ်ချက်အပေါ် စီမံကိန်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပူးပေါင်းဆောင်ရွက်တတ်စေသော ဒီမိုကရေစီ အလေ့အကျင့်အကောင်းများ ရရှိနိုင်စေရန် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

Read More »