Daily Archives: September 14, 2017

ထူးခြားမိုးလေဝသ သတင်းထုတ်ပြန်ချက်

Rain

ထူးခြားမိုးလေဝသအခြေအနေ (၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ထူးခြားမိုးလေဝသအခြေအနေအမှတ်စဉ်(၀၄/၂၀၁၇) ———————————- ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri) သည် (၁၅.၉.၂၀၁၇)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ အဆိုပါ အားကောင်းသော အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri)သည် ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ၎င်းအားကောင်းသော အပူပိုင်းမုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် (၁၆.၉.၂၀၁၇) ရက်နေ့မှ (၁၉.၉.၂၀၁၇)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်း …

Read More »

ဥပဒေအရာရှိ ကျင့်ဝတ်ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ သိနိုင်စေရန် ရှင်းလင်းပွဲကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၄ (ပဲခူး) ========================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ ကျင့်ဝတ်တရားဝင် ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ကျယ်ပြန့်စွာသိရှိစေနိုင်ရန် ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ကဏ္ဍအသီးသီးမှာ ကျင့်ဝတ်ဆိုတာရှိကြောင်း၊ တပ်မတော်မှာဆိုရင်လည်း စစ်သည်ကျင့်ဝတ်၊ ရဲမှာဆိုရင်ရဲကျင့်ဝတ်၊ ဝန်ထမ်းမှာဆိုရင် ဝန်ထမ်းကျင့်ဝတ်၊ တရားသူကြီးဆိုရင်လည်း တရားသူကြီးကျင့်ဝတ် စသည်ဖြင့် အသီးသီးရှိကြကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ် ထုတ်ပြန်နိုင်တာကို အစိုးရအဖွဲ့အနေဖြင့် ဝမ်းပန်းတသာကြိုဆိုကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ်ကို ပြည်သူများသိရှိခြင်းဖြင့် အများပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်ပါကြောင်း၊ ဥပဒေအရာရှိတွေအနေဖြင့် ကျင့်ဝတ်တွေကို လေးစားလိုက်နာမှု အားနည်းခဲ့ရင် အများပြည်သူတို့၏ တရားစီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ရေးကိုအ ထောက်အကူမပြုနိုင်တဲ့အတွက် ထိခိုက်လာနိုင်သည့်အပြင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်စေမှာဖြစ်ကြောင်း၊ ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ရရှိရေးအတွက် ဥပဒေအရာရှိများအနေဖြင့် …

Read More »