Daily Archives: September 15, 2017

နိုင်ငံတကာအဆင့်မီ အသက်မွေးဝမ်းကြောင်း ပညာသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး လာရောက်ရှင်းလင်းတင်ပြ

FI

စက်တင်ဘာ ၁၅ (ပဲခူး) =================================== စက်တင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်းသို့ သစ်လုပ်ငန်းအခြေခံပညာနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပညာရပ်များကို ခေတ်မီနည်းစနစ်ဖြင့် ပို့ချပေးသော နိုင်ငံတကာအဆင့်မီ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်း ပဲခူးမြို့တွင် ဖွင့်လှစ်နိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက်၊ Japan Overseas Technical Support Institution Co., Ltd မှ Chairman & Persident, Mr.Hiromitsu Haraguchi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr.Hiromitsu Haraguchi က မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့် အနာဂတ်အတွက် နည်းပညာရှင်များ မွေးထုတ်ပေးနိုင်ရေး သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အသက်မွေးပညာ သင်တန်းကျောင်းတွင် သစ်အခြေခံလုပ်ငန်းဆိုင်ရာ ပညာရပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ပညာရပ်များ၊ အီလက်ထရောနစ်လုပ်ငန်းဆိုင်ရာ ပညာရပ်များ၊ စက်မှုလုပ်ငန်းဆိုင်ရာ …

Read More »

ပဲခူးမြို့တွင် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော် ဖွင့်ပွဲကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၅ (ပဲခူး) ================================= ပဲခူးမြို့၊ Mingalar Cineplex-1 ရုပ်ရုံတွင် စက်တင်ဘာလ (၁၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေတို့က မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျွန်တော်တို့ နိုင်ငံသည် ဒီမိုကရေစီ ကူးပြောင်းချိန်ဖြစ်သည့်အတွက် ဒီမိုကရေစီနှင့် ပတ်သက်သည့် အများပြည်သူ သိသင့်သိထိုက်သော အကြောင်းအရာများ၊ အများပြည်သူတို့တွင် ရှိသင့်ရှိထိုက်သည့် ဒီမိုကရေစီစိတ်ဓာတ်နှင့် သဘောအထားအမြင်များကို ဖြည့်တင်းပေးနိုင်ရန်အတွက် ဒီမိုကရေစီနေ့ အထိမ်းအမှတ်ပြုပြီး ဒီမိုကရေစီပွဲတော်တွင် ရုပ်ရှင်၊ သဘင်၊ ဂီတကဏ္ဍများအလိုက် ကျင်းပနေတာဖြစ်ကြောင်း၊ ရုပ်ရှင်ဇာတ်ကားများမှာလည်း ဒီမိုကရေစီသဘောတရား၊ အနှစ်သာရနှင့် ဒီမိုကရေစီနိုင်ငံများတွင် ရှိရမည့်နိုင်ငံသားများ၏ …

Read More »

အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း

FI

စက်တင်ဘာ ၁၅ (ပဲခူး) ===================================== စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်(၈)နာရီအချိန်က ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးက ဒီမိုကရေစီစနစ်တစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့်အရာသည် ပြည်သူတိုင်း အခွန်ထမ်းဆောင်သည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေရန် လိုအပ်ကြောင်း၊ ဒါမှသာ အစိုးရမှ ပြည်သူများအတွက် ပိုမိုကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုများ၊ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု တည်ဆောက်ရာတွင် အခွန်တာဝန်ကျေပွန်စွာ ပေးဆောင်ခြင်းသည် အစိုးရအတွက် ခွန်အားတစ်ခုဖြစ်စေနိုင်ပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနား၌ အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်း(၄၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး၊ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ …

Read More »