Daily Archives: September 17, 2017

ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၇ (ကျောက်တံခါး) ============================ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့၊ မြို့နယ်စည်ပင်သာယာခန်းမ၌ စက်တင်ဘာလ(၁၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူလူထု တွေ့ဆုံပွဲကျင်းပပြု လုပ်သည်။ အခမ်းအနားတွင် ၀န်ကြီးချုပ်က မိမိဒေသဖွံ့ဖြိုးတိုးတတ်ဖို့ ကြိုးစားလုပ်ဆောင်ကြရန်၊ လိုအပ်သည်များ အခက်အခဲများအား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ တစ်ဦးတစ်ယောက်ကောင်း မဟုတ်ဘဲ အစုအဖွဲ့ဖြင့် ပူပေါင်းဆောင်ရွက်တတ်စေရန်၊ မိမိတို့၏ စိတ်ဓာတ်များ တစ်ဦးချင်းမှစ၍ ပြုပြင်ပြောင်းလဲကျရန်၊ မကြာမီအချိန်ကာလအတွင်း နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင် ရွက်တော့မည်ဖြစ်၍ မိမိဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြပါဟု အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ယခုလိုပြည်သူနှင့် တွေ့ဆုံခြင်းဖြင့် အစိုးရမှ ချက်ခြင်း ဖြေရှင်းပေးလို့ရသည်များကို ဖြေရှင်းပေးပြီး၊ မိမိဒေသရှိ လက်ရှိအခက်အခဲများကိုသာ တင်ပြပေးစေလိုကြောင်း အလုပ်အကိုင် အခွင့်အလမ်းများ၊မြေယာပြသနာများ (၆၆)မှုရှိပြီး ဖြေရှင်းရန် (၁၃)မှု ကျန်နေပါသေးကြောင်း သို့ဖြစ်ပါ၍ပြည်သူလူထု ပူးပေါင်းပါ၀င်မှုများ လိုအပ်နေသောကြောင့် ပြည်သူများပါ …

Read More »