Daily Archives: September 19, 2017

တောင်သူများအတွက် စိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်များ၊ သီးနှံသိုလှောင် ရုံများ၊ ပြည်တွင်းစျေးကွက် ခိုင်မာမှုရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်မှာကြား

FI

စက်တင်ဘာ ၁၉ (ပဲခူး) ========================== စက်တင်ဘာလ ၁၉ ရက်နေ့၊ မွန်းလွဲ(၁၃:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲရုံး တော်ဝင်ဟံသာခန်းမ၌ တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က  တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တွင် ဥပဒေ၊ ၂၀၁၅ ခုနှစ်တွင် နည်းဥပဒေများ ထွက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ တောင်သူ လယ်သမားများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ဗြိတိသျှခေတ်အခြေအနေ၌ တောင်သူ လယ်သမားများ၏ ဘဝသည် အဘက်ဘက်မှ နိမ့်ကျခဲ့ရကြောင်း၊ လွှတ်လပ်ရေးရပြီး နောက်ပိုင်း တွင် အစိုးရအဆက်ဆက်မှ တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားခဲ့သော်လည်း စီးပွားရေးတံခါးပိတ်ဆို့ခံရမှု၊ စိုက်ပျိုးရေးနည်းစနစ်များ နောက်ကျခဲ့ရမှုနှင့် သီးနှံအရည်အသွေး ကျဆင်းခဲ့ရမှုတို့ကြောင့် စျေးကွက်ပျောက်ဆုံးမှုနှင့် ကြုံခဲ့ရကြောင်း၊ ဒါတွေကို ပြန်လည်ကောင်းမွန် …

Read More »

စီးပွားရေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့၏ သဘောထားအား အလေးထား ဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

စက်တင်ဘာ ၁၉ (ပဲခူး) =================================== စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ နိုင်ငံတကာအဆင့်မီ ဆင်စခန်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်ရန် သြစတြီးယားနိုင်ငံအခြေစိုက်၊ Four Paws International မှ Director, Dr.Amir Khalil ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Dr.Amir Khalil က ပဲခူးတိုင်းဒေသကြီး၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း၊ မြောက်ဇာမနီ ဘေးမဲ့တောအတွင်း နိုင်ငံတကာအဆင့်မီ ဆင်စခန်းနှင့် သဘာဝအခြေခံ ခရီးသွား လုပ်ငန်းအား ဆောင်ရွက်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ဆင်စခန်းတွင် အမိမဲ့ ဆင်ပေါက်လေးများ၊ ဒဏ်ရာရ ဆင်များနှင့် ဆင်အိုများအား ထိန်းသိမ်းစောင့်ရှောက် သွားမည်ဖြစ် ပါကြောင်း၊ အဓိကအားဖြင့် ဆင်မုဆိုးများကြောင့် တောဆင်ရိုင်းများ မကြာခဏ ဒဏ်ရာရရှိ၍ သေကြေခဲ့ရခြင်းကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယခင် ဒေသခံ …

Read More »

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး နိုင်ငံတော်အခြေပြမိန့်ခွန်အား ပြည်သူနှင့်အတူ သွားရောက်နားထောင်

FI

စက်တင်ဘာ ၁၉ (ပဲခူး) =========================== စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားရှေ့၊ ယာဉ်ရပ်နားကွင်း၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး နိုင်ငံတော်အခြေပြမိန့်ခွန်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြည်သူများနှင့်အတူ သွားရောက်နားထောင်ခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခအား နိုင်ငံတကာအနေဖြင့် အပျက်သဘောဖြင့် မမြင်စေဘဲ၊ အပြုသဘောဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ထွက်ပြေး သွားသူများရှိသလို ထွက်မပြေးဘဲ ကျန်ရှိခဲ့သည်သူများလည်းရှိ၍ ဒါတွေကို ပြန်လည်အဖြေရှာပြီး အပြုသဘောမျိုးဖြင့် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း၊ ထွက်ပြေးသွားသူများ အား နိုင်ငံသားဖြစ်ထိုက်ပါက အဆင့်ဆင့်စစ်ဆေးပြီး ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် လူ့အခွင့်အရေးကို အထူးလေးစားလိုက်နာပြီး လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နုငယ်သေးသော ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်၍ ထိလွယ်ရှလွယ်အခြေအနေများကြောင့် အခြားပြဿနာများစွာ …

Read More »

အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်း(၅၀)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း

FI

စက်တင်ဘာ ၁၉(ပဲခူး) ===================== ၁၉.၉.၂၀၁၇ ရက်နေ့ (၀၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော  ‎၂၀၁၆  -၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေ ပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်း(၅၀) ဦး အားဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ တက်ရောက်ခဲ့သည်။ အခမ်းအနား၌ ဝန်ကြီးက နိုင်ငံတော်အတွက် ပေးဆောင်ရသော အခွန်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြည်တွင်းအခွန်ကောက်ခံမှုနှင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်အကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။ အခမ်းအနားသို့ ၀န်ကြီး  ဦးညွန့်ရွှေ  ၊ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊  လွှတ်တော်ကိုယ်စားလှယ်များ ၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် စီးပွားရေးလုပ်ငန်းရှင် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြကြောင်း …

Read More »