Daily Archives: September 20, 2017

ပဲခူးမြစ်အား အဓိက ပင်လယ်ရေထွက်ပေါက်တစ်ခုဖြစ်လာနိုင်စေရန် လာရောက်ဆွေးနွေး

FI

စက်တင်ဘာ ၂၀ (ပဲခူး) ================================ စက်တင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ပဲခူးမြစ်အား အဓိက ပင်လယ်ရေထွက်ပေါက်တစ်ခု ဖြစ်လာနိုင်စေရန် အတွက် ပြန်လည်အဆင့်မြှင့်တင် တူးဖော်ခြင်းနှင့် ရေငံတားတမံများ တည်ဆောက်နိုင်ရန် လျာထားမှုနှင့်ပတ်သက်၍ Bagan Business Group Co., Ltd မှ ဥက္ကဋ္ဌ ဦးအောင်ဇော်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ ဦးအောင်ဇော်မြင့်က ပဲခူးမြစ်သည် မင်းလှမြို့နယ် ဇာမရီချောင်းနှင့် သဲမဲချောင်း တို့မှ မြစ်ဖျားခံပြီး သာယာဝတီမြို့နယ်အတွင်းပေါင်းစုံကာ ပဲခူးမြစ်အဖြစ် စီးဆင်းလာပါကြောင်း၊ ပဲခူးမြစ်သည် ကဝအထက်ပိုင်းတွင် သဲသောင်ခုံများပေါ်ထွန်းကာ ရေကြီးရေးလျှံမှု ဖြစ်ပေါ်ရခြင်း ဖြစ်ပါကြောင်း၊ ပဲခူးမြစ်ဖျားမှ ဇောင်းတူအထိ(၁၀၉)မိုင်၊ ဇောင်းတူမှ ရန်ကုန်မြစ်ဝအထိ (၆၀)မိုင် ရှည်လျားပါကြောင်း၊ လက်ရှိ ပင်လယ်ရေထွက်ပေါက်အနေဖြင့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းနှင့် ဗိုလ်တထောင်ဆိပ်ကမ်းတို့ကို အားကိုးနေရပြီး …

Read More »

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၀ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကယား၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၂၀)ရက်၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေးမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား စာပေ နွေရာသီမွမ်းမံသင်တန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်၊ တိုင်းရင်းသား ဒေသများတွင် အခက်အခဲများများနှင့် လိုအပ်ချက်များကို သိရှိနိုင်စေရန်နှင့် ပဲခူးတိုင်းဒေသကြီးတွင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားများနေထိုင်ကြပြီး တိုင်းရင်းသားများ နှီးနှောဖလှယ်ပွဲအစီအစဉ်ကို ကျင်းပနိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော ကယား၊ မွန်၊ ရှမ်း၊ ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ ကိုယ်စားလှယ်များကမိမိတို့၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းဆောင်တာများ၊ …

Read More »

ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၀ (နေပြည်တော်) ====================================== ၂၀. ၉.၂၀၁၇  ရက်နေ့ (၀၉:ဝဝ)     နာရီအချိန်က နေပြည်တော် Hotel Amara တွင် UNDPမှ ကျင်းပပြုလုပ်သော ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးခြင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပသည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီးဦးညွန့်ရွှေက ရလဒ်ဆိုင်ရာဘုတ်အဖွဲ့ (Output Board)၏ နှစ်၀က်အစီရင်ခံစာ ၂၀၁၇ ခုနှစ်ဆောင်ရွက်မှု ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

Read More »