Daily Archives: September 21, 2017

ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်စေမည့် မွေးမြူရေး ကြက်ဥထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် Belga Myanmar Co., Ltd မှ လာရောက် ဆွေးနွေးတင်ပြ

FI

စက်တင်ဘာ ၂၁ (ပဲခူး) ================================== စက်တင်ဘာလ ၂၁ ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ကြက်မွေးမြူရေးနှင့် မွေးမြူရေးကြက်ဥ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် Belga Myanmar Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ Mr. Johan Christion ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Mr. Johan Christion က မိမိတို့ကုမ္ပဏီသည် နယ်သာလန်နိုင်ငံနှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၌ Belga Myanmar Co., Ltd အမည်ဖြင့် ကြက်သားပေါက်များ ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ နယ်သာလန်နိုင်ငံမှ ကြက်ဥများအား ဝယ်ယူ၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောင်းတကာစက်မှုဇုန်တွင် သားဖောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီး ပြည်တွင်း ကြက်မွေးမြူရေးလုပ်ငန်းများသို့ ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ တွင် အခြားကုမ္ပဏီများမှ ယိုးဒယား၊ မလေးရှားနိုင်ငံများမှ …

Read More »

၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွင်း အခွန်ကျေပွန်စာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၁ (ပဲခူး) ================================ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ရုံး ခန်းမ၌ ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွင်း အခွန်ကျေပွန်စာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။ ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက နိုင်ငံတော်အတွက် ပေးဆောင်ရသော အခွန်ဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်:ဒေသကြီးအတွင်း အခွန်ကောက်ခံမှုနှင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး အတွင်း စီမံကိန်းရေးဆွဲခြင်းအပိုင်း၊ အကောင်အထည်ဖော်မှုအပိုင်း သိကောင်းစရာများကိုလည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြည်ထောင်စု/တိုင်းဒေသကြီး ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်များ၊ ခွဲဝေသုံးစွဲမှုနှင့် ၀င်ငွေ/ထွက်ငွေ ဆိုင်ရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ဝန်ကြီး ဦးညွန့်ရွှေနှင့် တာဝန်ရှိသူများက ၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွင်း အခွန်ကျေပွန်စာထမ်းဆောင်ခဲ့သော အခွန်ထမ်း(၅၀) ဦး အားဂုဏ်ပြုမှတ်တမ်းလွှာပေး …

Read More »

ပဲခူးတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းအား အားကစားပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၁ (ပဲခူး) ================================ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲရုံး  အောက်ထပ်အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းအား ဟံသာဝတီယူနိုက်တက်ဘောလုံးကလပ်အသင်းမှ အားကစားပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ပဲခူးမြို့၌ နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းသစ်ကြီး ဖွင့်ပွဲကိုလည်း ပြုလုပ်ပေး ခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းသည် ဘောလုံးအားကစားနှင့်ပတ်သက်၍ အစဉ်အလာကြီးမားသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးသမားများ မွေးထုတ်ပေးခဲ့ကြောင်းနှင့် ပဲခူးမြို့သည် အားကစားကို ချစ်မြတ်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ပြည်မြို့နှင့် သာယာဝတီမြို့ တို့ရှိ အားကစားကွင်းများကိုလည်း ပြန်လည်အဆင့်မြှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ် ကြောင်း၊ ဘောလုံးကစားတိုးတက်မြင့်မားခြင်းသည် နိုင်ငံအတွက် ဂုဏ်ယူစရာပြယုဂ်တစ်ခုဖြစ်၍ အားကစားနည်းစနစ်များကို နိုင်ငံတကာနည်းစနစ်များအတိုင်း နည်းပြများ၊ အုပ်ချုပ်သူများမှ လေ့လာဆည်းပူးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဟံသာဝတီယူနိုက်တက်အသင်း၊ တာဝန်ရှိသူ …

Read More »